Episode-13

14.5K 1.2K 108
                                    

Zawgyi Version

"ယောင်း...! ကိုယ်ပြောတာ ခဏလောက်လေးနားထောင်ပေးပါ...၊ မနေ့ကကိုယ်လွန်သွားတဲ့အတွက်တောင်းပန်ပါတယ်...ရုတ်တရက် ယောင်းကို တခြားတစ်ယောက်နဲ့တွေ့လိုက်ရတော့ စိတ်မထိန်းနိုင်ဖြစ်သွားလို့ပါ....ကိုယ်တောင်းပန်ပါတယ်....! ယောင်း....."

မနက်စောစောစီးစီး တိတ်ဆိတ်နေသောပတ်ဝန်းကျင်ထဲ မတိတ်ဆိတ်နိုင်သည်က ဂျောင်ကုနဲ့ထယ်ယောင်းတို့ရဲ့အိမ်ပင်....။
အလုပ်သွားရန်ပြင်နေသော ထယ်ယောင်းနောက်တကောက်ကောက်လိုက်ရင်း တောင်းပန်နေသော ဂျောင်ကုရဲ့အသံတွေက အိမ်ထဲပျံ့နှံ့လို့။

အခန်းထဲသွားလည်း အခန်းထဲ၊ မီးဖိုချောင်ထဲသွားလည်း မီးဖိုချောင်ထဲ၊ ယုတ်စွအဆုံးရေချိုးခန်းထဲ ဝင်သွားတာတောင် ရေချိုးခန်းအရှေ့ထိလိုက်ပြီး တောင်းပန်နေပေမယ့် ကိုယ့်ကိုစကားပြန်ပြောဖို့နေနေသာသာ တစ်ချက်တောင်လှည့်မကြည့်သော ယောင်းကြောင့် နည်းနည်းတော့ ဝမ်းနည်းလာရသည်။
ညကလည်း ကိုယ်နဲ့အတူမအိပ်ချင်လို့ ကိုယ်ကုတင်ပေါ်တက်လာတာနဲ့ ခေါင်းအုံးကိုယူပြီး အပြင်ကဆိုဖာပေါ်သွားအိပ်တဲ့ ယောင်း။
ညဘက်ကြီးအေးနေမှာစိုးလို့ စောင်လေးသွားခြုံပေးတာကိုလည်း အခြုံမခံဘဲ ဖယ်ချသေးသည်။

ကြည့်ရတာ ဒီတစ်ခေါက်စိတ်ဆိုးတာက တော်တော်ချော့ရခက်မယ့်ပုံ။
အေးလေ....ပထမပြဿနာတောင်မပြေလည်သေးတဲ့ အခြေအနေမှာ ဒုတိယပြဿနာကိုမီးခွက်ထွန်းရှာလိုက်မိတဲ့ ကိုယ့်ရဲ့အမှားပဲဟာ...။
ယောင်း စိတ်ကျေနပ်တဲ့အထိချော့ပေဦးပေါ့ ဂျွန်ဂျောင်ကုရေ....။

"ယောင်း...! ကိုယ်နဲ့အေးအေးဆေးဆေးစကားပြောကြရအောင်နော် ယောင်း....၊ အဲ့လိုကြီးမနေပါနဲ့...! ယောင်းကိုယ့်ကိုအဲ့လိုစကားမပြောဘဲနေရင် ကိုယ်မနေတတ်တာ ယောင်းသိသားနဲ့...."

ထိုအခါမှလှည့်ကြည့်လာတဲ့ ယောင်း....။
မျက်နှာကတော့ စိတ်ဆိုးပြေသေးတဲ့ပုံမပေါ်သေးပေ....။

"ကိုယ်တောင်းပန်ပါတယ်နော် ယောင်း...! နောက်တစ်ခါ အဲ့လိုထပ်မဖြစ်‌စေရပါဘူး...၊ ကိုယ်ကတိပေးပါတယ်...."

"ကတိတွေအထပ်ထပ်ပေးပြီး ဘယ်တုန်းကကော တည်ဖူးခဲ့လို့လဲ....?"

Fallen For You [Completed]Where stories live. Discover now