Episode-24

14K 1.1K 114
                                    

Zawgyi Version

"လှတယ်မလား...?"

နှစ်ယောက်သား စွန်လွှတ်နေကျနေရာလေးမှာ စွန်လွှတ်နေကြရင်း ဂျောင်ကုဆီကထွက်လာတဲ့စကား...။
ကောင်းကင်ပေါ်ပျံဝဲနေတဲ့ စွန်လေးနှစ်စင်းကိုကြည့်၍ပြောနေခြင်းဖြစ်သည်။
ဘေးက ထယ်ယောင်းကတော့ ဘာမှပြန်မပြောဘဲ ဂျောင်ကုကိုသာနားမလည်နိုင်သောမျက်ဝန်းတွေနဲ့ကြည့်နေလေရဲ့...။
အခုထိကိုယ့်ကိုလည်းစကားတစ်လုံးမှမပြောသေး...။

"ကိုယ်က စွန်လွှတ်နေရတဲ့အချိန်အပျော်ဆုံးပဲ...။
မင်းနဲ့အတူပေါ့..."

ကိုယ်ကသာစိတ်လွတ်လက်လွတ်ပြုံးမိရင်း ပြောလိုက်ပေမယ့် ဘေးကယောင်းကတော့ လက်ထဲကရစ်ဘီးကိုမြေပြင်ပေါ်ဘုတ်ခနဲ လွှတ်ချလိုက်လေ၏....။
ထို့နောက် အေးစက်စက်လေသံဖြင့်မေးလာသည့်စကားက....

"သိနေတယ်မလား...?"

ကိုယ့်ဘက်လှည့်ကာမေးလာတဲ့ ယောင်းရဲ့စကားကြောင့် တစ်ချက်သာပြုံးလိုက်မိရင်း ကိုယ်လည်းရစ်ဘီးကို မြေပြင်ပေါ်အသာလေးချလိုက်သည်...။
အံ့ဩစရာတော့မရှိပါဘူး...၊ ဂျွန်ဂျောင်ကုနဲ့ ကင်ထယ်ယောင်းဆိုတာ ငါးနှစ်သားကတည်းက အတူတူကြီးပြင်းလာခဲ့ကြတဲ့သူတွေမို့ ဘယ်သူဘာဖြစ်နေလဲဆိုတာ ပါးစပ်ကထုတ်မပြောရင်တောင် သိနေကြတာပဲလေ...။
အခု‌...မျက်နှာချင်းဆိုင်ဖြေရှင်းရမယ့်အချိန်ရောက်လာခဲ့ပြီကိုး....။

ကိုယ့်ကိုကြည့်နေတဲ့ယောင်းမျက်နှာလေးကို တည့်တည့်ပြန်ကြည့်လိုက်တော့ ခက်ထန်နေတဲ့မျက်ဝန်းညိုညိုတွေကို ရင်ဆိုင်လိုက်ရသည်...။

"ဘယ်လိုသိတာလဲ...?"

"Company ကဝန်ထမ်းတွေနဲ့ ပျော်ပွဲရွှင်ပွဲလုပ်တဲ့ညက....၊ တကယ်တော့ ယောင်းကို အိမ်လိုက်ပို့ပေးခဲ့တာကိုယ်ပါ....၊ ယောင်းကိုစတွေ့ကတည်းက ကိုယ့်ရဲ့ယောင်းများလားဆိုပြီး သံသယဝင်ခဲ့တာ...၊ အဲ့နေ့ညက ယောင်းရဲ့ဒိုင်ယာရီဖတ်လိုက်ရတော့ ပိုသေချာသွားခဲ့တာပေါ့..."

"အဟက်...အဲ့တော့ ငါမင်းကိုတမင်တကာလက်စားချေနေတယ်ဆိုတာ သိသိကြီးနဲ့ မင်းက ဘာမှမပြောဘဲ ဟန်ဆောင်ပေးနေတယ်ပေါ့...၊ တော်လိုက်တာ...! နောက်ဆုံးတော့ငါပဲအရူးလုပ်ခံလိုက်ရတာပဲ...! မင်းကတော့မေတ္တာရှင်ကြီးဆိုတဲ့ဂုဏ်ပုဒ်ရလိုက်တာပေါ့...! ဟုတ်တယ်မလား...?"

Fallen For You [Completed]Where stories live. Discover now