Episode-2

16.3K 1.4K 148
                                    

Zawgyi Version

ပြာလဲ့ပြီး မိုးသားတိမ်တိုက်တွေနဲ့ လှပနေပါသော ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ကာ လတ်ဆတ်လှသော လေပြေကို တစ်ဝကြီး ရှူသွင်းလိုက်လိုက်တော့ စိတ်တွေလန်းဆန်းသွားသလို။

စာဖတ်ထားလို့ အနည်းငယ်ဇာတ်ကြောတက်နေသောခေါင်းကို အကြောလျှော့လိုက်ပြီးနောက် ဘေးက စာအုပ်တွေကို လွယ်အိတ်ထဲပြန်ထည့်ရင်း အတန်းထဲသွားရန်ခုံမှထလိုက်သည်။

ဒီနေ့မနက် ကျောင်း‌ကိုစောစောရောက်နေတာမို့
အတန်းထဲကိုလည်းမသွားချင်သေးတာနဲ့ ကျောင်းပန်းခြံထဲက ခုံတန်းပေါ်ထိုင်ပြီး စာထိုင်ဖတ်နေခဲ့ခြင်း။
ထုံးစံအတိုင်း ကျောင်းချိန်တစ်ချိန်ပြီးမှရောက်လာတတ်တဲ့ ဂျွန်ကတော့ အခုထိအိပ်နေတုန်းထင်ပါတယ်....။

အတန်းချိန်လည်း နီးပြီဖြစ်လို့ အတန်းထဲသွားရန်ခုံမှအထတွင် ခေါင်းကနေတစ်ဆင့်တစ်ကိုယ်လုံးပေါ် လောင်းချခံလိုက်ရတဲ့ ရေတွေ....။
ဆံပင်တွေကော၊ ဝတ်ထားသောကျောင်းဝတ်စုံပါ ရေတွေအကုန်စိုရွှဲသွားလေသည်....။

"ဟွန့်.... ဘယ်လိုလဲ...? ရေအလောင်းခံလိုက်ရတော့ အသိတရားရပြီလား...?"

စိုနေသောရေတွေကြောင့် ကြောင်နေမိတုန်း စကားသံကြား၍လှည့်ကြည့်လိုက်တော့မှ လက်ထဲကရေဗူးအလွတ်ကို ကိုင်ထားပြီး သူ့သူငယ်ချင်းနှစ်ယောက်နဲ့အတူ ကိုယ့်ကိုရပ်ကြည့်နေတဲ့ ကျောင်းသူသစ်။
ရှင်းရှင်းပြောရရင် ဂျွန့်ရဲ့ရည်းစားသစ်....။
ရင်ဘတ်မှာတပ်ထားသော နာမည်ကတ်ပြားလေးမှာတော့ ယူဂျင်းတဲ့.....။

"မင်းက ငါ့ကိုဘာလို့ဒီလိုလုပ်ရတာလဲ!? မင်းငါ့ကို ပြဿနာရှာစရာ ဘာအကြောင်းရှိလို့လဲ...!?"

"ပြဿနာရှာစရာမရှိဘူး ဟုတ်လား!? နင် ငါ့ကိုကိုနဲ့ ပက်သက်နေတာကိုက ငါ့အတွက်ပြဿနာပဲ....!"

ကိုယ့်ကိုလက်ညိုးတထိုးထိုးနဲ့ပြောနေတဲ့သူ့ကိုကြည့်ပြီး ဝင်လာတဲ့အတွေးတစ်ခု။
ကျောင်းသူသစ်ဆိုပေမယ့် ဇ ကတော့ မသေးဘူးပဲ။
တစ်ချို့ကျောင်းသူသစ်တွေဆို ဒီလိုပြဿနာရှာဖို့နေနေသာသာ ကျောင်းသူဟောင်းတွေအနိုင်ကျင့်မှာစိုးလို့ ငြိမ်ကုပ်နေကြရတာလေ....။
ဒီမိန်းကလေးကတော့ တစ်မူထူးခြားတယ်နဲ့တူပါတယ်။ ဒါကြောင့်လည်း ဂျွန်က သူ့ရဲ့လက်ရှိရည်းစား Grace ကိုပစ်ပြီး ဒီမိန်းကလေးကို တွဲတာနေမှာပေါ့....။

Fallen For You [Completed]Where stories live. Discover now