Zawgyi Version
"ယောင်း... ရေအကြာကြီးမချိုးနဲ့လေ...! အအေးပက်မယ်...!"
"ယောင်း...! လှေကားကိုဖြည်းဖြည်းဆင်းလေ...!"
"ယောင်း...! အစပ်တွေမစားနဲ့နော်...! ဗိုက်အောင့်မယ်...!"
"ယောင်း...ညနေစောင်းကြီးမအိပ်နဲ့လေ၊ နေမကောင်းဖြစ်မှာပေါ့...!"
"ယောင်း..! "
"ယောင်း...!"
ကိုယ်ဝန်ရှိပြီးကတည်းက တစ်ယောင်းတည်းယောင်းနေတဲ့ ဂျွန်...။
ဟိုဟာလုပ်ရင်လည်းလှစ်ခနဲရောက်လာလိုက်၊ဒီဟာလုပ်ရင်လည်းဘယ်ကမှန်းမသိပါလာလိုက်နဲ့တစ်နေ့ တစ်နေ့ ဂျွန့်ရဲ့ သည်းသည်းလှုပ်မှုတွေကြား ကိုယ့်မှာဘာမှမလုပ်တတ်တော့တဲ့ ကလေးတစ်ယောက်လို...။
Company ကိုလည်း သွားချင်တဲ့နေ့မှသွားသည်။
ဒါတောင် ဒေါ်ကြီးဘေးနားမှာရှိပါတယ်၊ စိတ်ချပါလို့ အတင်းပြောမှသွားတာ...။ဂျွန့်ရဲ့ သည်းပြနေမှုကို New York ကနေသတင်းကြားကြားချင်းပြန်ရောက်လာကြတဲ့ နှစ်ဖက်မိဘတွေတောင် အမြင်ကပ်လို့ ဝိုင်းပြောကြရတဲ့အထိ....။
ဒါပေမယ့် ဂျွန်တို့ကတော့ သည်းမြဲသည်းဆဲပင်...။
အဲ့လောက်ဂရုစိုက်စရာမလိုပါဘူးလို့ပြောမိပြန်ရင်လည်း ကိုယ့်ကလေးနဲ့ကိုယ့်ရဲ့ယောင်းကို ကိုယ်ဂရုစိုက်တာ ဘာဖြစ်လဲ ဆိုပြီး ရန်ပြန်တွေ့တတ်သေးတာကြောင့် ကိုယ့်မှာမပြောသာတော့...။
အခုလည်း နေ့လည်စာစားပွဲဝိုင်းမှာ ဒေါ်ကြီးကိုရစ်နေပြန်ပြီနဲ့တူပါတယ်...။"ဒေါ်ကြီး...! အစပ်မပါတာသေချာလို့လား...? ယောင်းကအစပ်စားလို့မရဘူးနော်...၊ ပြီးတော့ အရွက်ကြော်လေးကော ပါတယ်မလား...? ယောင်းက အာဟာရပြည့်အောင်စားဖို့လိုတယ်..."
"ကျွန်တော်မျိုးမကြီးက မိန်းမသားပါတော် ရှင်လေးထက် ပိုသိပါတယ်...၊ စိတ်မပူပါနဲ့... အာဟာရပြည့်တဲ့ဟင်းတွေ အကုန်စီစဉ်ပေးထားတယ်..."
"ဟီး... ကျွန်တော်က ယောင်းအတွက်အမှားမခံနိုင်လို့ပါ ဒေါ်ကြီးကလည်း..."
ထမင်းစားခန်းဆီမရောက်သေး ကြားနေရသော ဂျွန်နဲ့ ဒေါ်ကြီးရဲ့ စကားသံတို့ကြောင့် တစ်ချက်ပြုံးလိုက်မိတော့သည်...။
ထမင်းစားစားပွဲဆီရောက်တော့ ဂျွန်ကခုံလေးဆွဲပေးသည်...။
ခုံလေးမှာဝင်ထိုင်လိုက်ပြီး ဟင်းတွေကိုကြည့်လိုက်တော့ အကုန်လုံးက အဖြူထည်တွေ...။
ငရုတ်ရောင် တစ်စက်ကလေးမှကိုမပါပေ...။
ကိုယ်ဝန်ကြောင့် အစပ်မစားရဘူးဆိုတာသိပေမယ့်လည်း ဒီအဖြူထည်လျှာမထိအာမထိဟင်းတွေပဲစားရလွန်းလို့ ပါးစပ်က အရသာတောင်ပျက်ချင်လာပြီ...။

ŞİMDİ OKUDUĞUN
Fallen For You [Completed]
Hayran KurguTaekook Yaoi Jeon Jungkook × Kim Taehyung Both Zawgyi and Unicode versions are available !