Episode-15

15.1K 1.1K 92
                                    

Zawgyi Version

"ဂျောင်ကု...!!"

ထယ်ယောင်းကိုဖွင့်ပြောဖို့အစီအစဉ်လေးတွေဆွဲထားတယ်၊ ဟိုဆော့ဟျောင်းကူညီပေးပါဆိုလို့ ဂျောင်ကုဆီက ဖုန်းကိုစောင့်နေခဲ့တာ....၊ လာတော့လာပါရဲ့ ဒါပေမယ့် ဟျောင်းဆိုတဲ့ ငိုသံကြီးနဲ့...။
ကြားကြားချင်းပဲ ဘာများဖြစ်လို့လဲဆိုပြီး စားသောက်ဆိုင်ကိုထွက်လာခဲ့လိုက်သည်။

ဆိုင်တံခါးကိုဖွင့်ဖွင့်ချင်းတွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် အံ့ဩမှုက အတိုင်းသား။
ကြမ်းပြင်ထက်က နှင်းဆီပွင့်ဖတ်တွေကလည်း တစ်နေရာဆီ ပြန့်ကြဲလို့။
စာတန်းတွေကလည်း ဖျက်ဆီးခံထားရသလို စုတ်ပြတ်နေသည်။
ထို့အပြင် စားပွဲခုံပေါ်ကနေတစ်ဆင့် ကြမ်းပြင်ဆီ တစ်စက်ချင်းဆီ စီးကျနေတဲ့ အနီရောင်ဝိုင်အရည်တွေ...။
ပြောရရင် ဆိုင်တစ်ခုလုံးက ခြေချစရာနေရာမရှိတော့လောက်အောင် ရှုပ်ပွလျက်....။
ဂျောင်ကုကတော့ ထောင့်ကျတဲ့စားပွဲခုံပေါ် ခေါင်းမှောက်ထားလေသည်...။

"ဂျောင်ကု...! ဘာဖြစ်တာလဲ...? ဒါတွေကဘယ်လိုဖြစ်တာလဲ...?"

အနားသွားပြီး ပုခုံးလေးကိုအသာပုတ်ကာ မေးလိုက်တော့ မော့ကြည့်လာတဲ့ ဂျောင်ကုရဲ့မျက်လုံးတွေက နီရဲလို့။
မျက်ဝန်းတွေမှာလည်း မျက်ရည်တွေကအပြည့်။
ဒီကောင်လေး ငိုများငိုထားတာလား။
ဘာများဖြစ်လို့ပါလိမ့်...။

"မင်း ငိုထားတာလား...? ဘာလို့လဲ...?"

"ဟျောင်း...! ကျွန်တော့်ကိုကူညီပါဦး...! ကျွန်တော်ဘယ်လိုလုပ်ရမလဲ...? ကျွန်တော် ယောင်းနဲ့မခွဲချင်ဘူး...! ဒီကိစ္စကိုယောင်းသာသိသွားရင် သူကျွန်တော့်ကိုမုန်းသွားမှာ..! ကျွန်တော်ဘယ်လိုလုပ်ရမလဲ...!?"

ချော့မေးခါမှ ကလေးတစ်ယောက်လိုငိုလာပါလေသော ဂျောင်ကု...။

"အင်း...! ဟျောင်းကူညီပေးမယ်! အရင်ဆုံး မင်းရဲ့စိတ်ကိုခဏလေးလျှော့လိုက်...! စိတ်ကိုလျှော့ထား! ဘာမှမဖြစ်ဘူး စိတ်ကိုလျှော့...!"

ကျောလေးကိုပွတ်ပေးပြီး စိတ်ကိုလျှော့ခိုင်းတော့မှ အသက်မှန်မှန်ရှူရင်း အနည်းငယ်တည်ငြိမ်ပုံရသွားလေသည်....။

Fallen For You [Completed]Where stories live. Discover now