Episode-9

12.6K 1.1K 139
                                    

Zawgyi Version

အရက်အနည်းငယ်ထည့်ထားသော ဖန်ခွက်ထဲသို့ ရေခဲတုံးလေးတစ်တုံးကိုပစ်ထည့်လိုက်ပြီးနောက် အရက်ခွက်ကိုခါလိုက်ပြီး တစ်ကျိုက်တည်းမော့ချလိုက်သည်....။

"အား....! အရသာက ဒီနေ့ကျမှပိုပြီးကောင်းနေသလိုပဲ...."

အရက်ကုန်သွားပြီဖြစ်သောဖန်ခွက်ကိုစားပွဲပေါ်တင်ပြီး ဆိုဖာ၌ခြေထောက်ချိတ်ထိုင်လိုက်လေတော့ မျက်စိရှေ့က သူငယ်ချင်းက....

"ပျော်နေပုံပဲ...! ဘာပျော်စရာများရှိလို့လဲ မင်အာ...."

မေးလာတဲ့စကားကြောင့် တစ်ချက်ရယ်လိုက်ရင်း

"ဒီနေ့ ကင်ထယ်ယောင်းဆိုတဲ့သူဌေးသားလေးတစ်ယောက်နဲ့ ရှောပင်းမောလ်မှာဆုံခဲ့တယ် သိလား...? အဲဒီ့ကောင်လေးကအရမ်းချမ်းသာတာ...၊ ငါတို့အရင်တုန်းကချမ်းသာဖူးခဲ့တာထက်ကို ပိုချမ်းသာတယ်..."

"အဲဒီ့တော့.... အဲ့ကောင်လေးကိုချိုင်ဦးမလို့လား...?"

"No! No! No! အဲ့ကောင်လေးကိုမဟုတ်ဘူး...! အဲ့ကောင်လေးရဲ့သတို့သားလောင်းလေးကိုချိုင်မှာ....၊ ဂျွန်ဂျောင်ကုတဲ့...! လုံးဝ ငါ့စတိုင်ပဲ...!"

"နင်က အဲ့ကောင်လေးနဲ့တွဲမလို့လား...?"

"အင်း....၊ ပိုက်ဆံလည်းရှိ၊ ရူပါလည်းဖြောင့်တဲ့ ဂျွန်ဂျောင်ကုကို ငါအလွတ်ခံလိုက်ရင် ငါ့သမိုင်းဘယ်လိုလုပ်လှပါတော့မလဲ....?"

"ဒါပေမယ့် နင်ပြောတော့သတို့သားလောင်းဆို မင်္ဂလာဆောင်တော့မှာမဟုတ်ဘူးလား...?"

"မင်္ဂလာဆောင်လည်းဘာဖြစ်လဲဟာ...၊ ငါ့အဖေအရွယ်လောက်ရှိတဲ့ ဦးလေးကြီးတွေကိုတောင်ငါတွဲခဲ့ဖူးသေးတာပဲ...! အရေးကြီးတာက ပိုက်ဆံပဲ...။ ပြီးတော့ မင်္ဂလာဆောင်တာက ငါ့အတွက်ပိုတောင်ကောင်းသွားသေးတယ်၊ အဲ့ကောင်လေးကိုတဖြည်းဖြည်းနဲ့ငါ့ဘက်ပါလာအောင်ဆွဲဆောင်ပြီး ကင်ထယ်ယောင်းနဲ့ကွာရှင်းခိုင်းလိုက်ရင်....? ဟား....ဟား...! ငါက ကင်ထယ်ယောင်းနေရာကို အသာလေးဝင်ယူလိုက်ရုံပဲ...၊ အဲဒါဆိုရင် ငါတစ်သက်လုံး ချမ်းချမ်းသာသာနဲ့နေသွားလို့ရပြီ....! အဲ့ကောင်လေးကြည့်ရတာလည်း ငါ့ကိုစိတ်ဝင်စားနေတဲ့ပုံပဲ...!"

Fallen For You [Completed]Where stories live. Discover now