Episode-18

15.3K 1.2K 55
                                    

Zawgyi Version

*ဒေါက်....ဒေါက်*

"သား.... ဂျောင်ကု‌...! ထမင်းစားရအောင်လေ သားရယ်...၊ အချိန်တောင်ကျော်နေပြီ...! သား...!"

ထမင်းစားချိန်ရောက်နေပြီဖြစ်လို့ အခန်းတံခါးထုပြီး လာခေါ်သော်လည်း အခန်းထဲကနေ ဘာတုံ့ပြန်သံမှမကြားရ....။
ထယ်ယောင်းဈာပနပြီးကတည်းက အခန်းထဲကနေအခန်းပြင်မထွက်တဲ့ ဂျောင်ကု...။
အခုဆို တစ်ပတ်ပင်ကျော်နေပြီဖြစ်သည်....။
ထမင်းလည်း နပ်မှန်အောင်မစား၊ စကားလည်းမပြောနဲ့ အမြဲတမ်း အခန်းထဲမှာသာ နေနေတတ်သည်...။

"သား...! မေမေဝင်လာမယ်နော်..."

အသိပေးပြီးနောက် တံခါးကိုဖွင့်ပြီးဝင်လာလိုက်တော့ တွေ့ရတဲ့မြင်ကွင်းက စိတ်မချမ်းသာစရာ။
ကုတင်ခြေရင်း ကြမ်းပြင်ပေါ် ကျုံ့ကျုံ့လေးလှဲနေသော ဂျောင်ကု...။
မျက်တောင်လည်းမခတ်ဘဲ တစ်နေရာကိုသာစိုက်ကြည့်လျက် ငူငူငေါင်ငေါင်ကြီးဖြစ်နေသော သားဖြစ်သူကိုကြည့်ပြီး ဒီအမေရင်ထဲ ဘယ်လိုစိတ်ကောင်းပါ့မလဲ....။

ဖြစ်ပျက်ပြီးတဲ့ကိစ္စတွေအတွက် ဘယ်သူ့ကိုအပြစ်တင်လို့တင်ရမှန်းမသိပေ...။
မိခင်ချင်းကိုယ်ချင်းစာစိတ်ကြောင့် ထယ်လေးရဲ့အမေကိုလည်းအပြစ်မပြောနိုင်သလို တစ်ဖက်မှာ ဒီလိုပုံစံဖြစ်နေတဲ့ ကိုယ့်သားအတွက်လည်း စိတ်မောမိသည်...။

ခြေချစရာနေရာမရှိအောင် ရှုပ်ပွနေသောအခန်းထဲ ပစ္စည်းတွေတွန်းဖယ်ကာဝင်သွားလိုက်ရင်း
လှဲနေသော သားအနားအသာလေးကပ်ကာ

"သား...! ထမင်းစားရအောင်လေ၊ သားထမင်းမစားဘဲနေရင် ကျန်းမာရေးထိခိုက်လိမ့်မယ် သားရဲ့..."

လက်မောင်းလေးကိုညင်သာစွာကိုင်ရင်းချော့မော့ပြောပေမယ့် သားကတော့ တစ်စက်ကလေးမှပင်မလှုပ်...။

"သား ဘာစားချင်လဲ...? အမေ ယူလာပေးမယ်လေ...၊ ဟင်...သား...?"

"ယောင်းကိုပြန်လိုချင်တယ်...."

"ဟန်..."

"ယောင်းကိုပြန်လိုချင်တယ်...."

မေးခွန်းတခြား အဖြေတခြား ဖြေလာသော အဖြေစကားအဆုံး သားရဲ့မျက်ဝန်းဆီကနေ တစ်စက်ချင်းကျလာတဲ့မျက်ရည်တွေ....။

Fallen For You [Completed]Donde viven las historias. Descúbrelo ahora