Zawgyi Version
"ယောင်း... ဒီနေ့ ကိုယ်အစည်းအဝေးရှိလို့ အိမ်ပြန်တာနည်းနည်းနောက်ကျမယ်နော်...၊ တစ်ခုခုအရေးကြီးရင် ဖုန်းဆက်လိုက်..."
"...."
"ယောင်း...ကိုယ်ပြောတာကြားလား...?"
"...."
"ယောင်း...!"
"ဟင်...? ဟင်...?"
Company သွားခါနီး ဂျွန့်ကို ရှပ်အင်္ကျီဝတ်ပေးနေရင်း အတွေးထဲနစ်မျောနေတာ ဂျွန်ပြောတဲ့စကားတောင်မကြားလိုက်မိပေ...။
ကြောင်နေသော ကိုယ့်ကိုမှန်ထဲကနေတစ်ဆင့်လှမ်းကြည့်ပြီး ခေါ်လိုက်သော ဂျွန်ကြောင့် အတွေးတွေကို ဖြတ်ရင်း ပြန်ထူးလိုက်လေတော့"ဘာတွေအဲ့လောက်တောင်တွေးနေတာလဲ ယောင်းရဲ့...? ကိုယ်ခေါ်တာတောင်မကြားဘူး..."
"အာ...ဘာမှမဟုတ်ပါဘူး၊ ဒီအတိုင်း ပန်းချီကားတွေအကြောင်းစဉ်းစားနေတာပါ..."
"ဟုတ်ပါပြီ...၊ ပန်းချီတွေပဲဆွဲမနေနဲ့၊အနားလေးဘာလေးယူဦး၊ အခုတလော ယောင်းကိုကြည့်ရတာ ပင်ပန်းနေသလိုပဲ..."
ကိုယ့်ပါးကိုတစ်ချက်နမ်းပြီး ပြောလိုက်သော ဂျွန့်စကားမှာ ကိုယ်ပြန်ပြောစရာစကားမရှိ...။
အခုတလော ပင်ပန်းနေတာဟာ ကိုယ်ဝန်ကြောင့်ဆိုတာကို ဂျွန်သိရင် လက်ခံပါ့မလား...။
ဟုတ်တယ်...အခုကိုယ့်မှာ ဂျွန်နဲ့ရတဲ့ ကိုယ်ဝန် တစ်လကျော်ရှိနေပြီ...။ဂျွန်သဘောမတူဘူးဆိုတာသိပေမယ့်လည်း လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ဆရာဝန်နဲ့နှစ်ယောက်တည်း မရမကတိုင်ပင်ပြီး ဆေးတွေသောက်နေခဲ့တာ...။
မနေ့ကပဲ ဆေးရုံသွားပြီးစစ်ဆေးခဲ့လို့ သိခဲ့ရပြီ...၊ ကိုယ့်မှာကိုယ်ဝန်ရှိနေပြီ...။
သို့သော်ဂျွန့်ကိုဘယ်လိုပြောပြရမလဲဆိုတာ အခုထိ စဉ်းစားလို့မရသေးပေ...။
ပြောပြလိုက်ရင် သူ့ကိုမတိုင်ပင်ရကောင်းလားဆိုတဲ့ ကိစ္စရယ်၊ သူဒီလောက်တားနေတဲ့ကြားက ကိုယ်ဝန်ယူရလား ဆိုတဲ့ကိစ္စရယ်နဲ့ ပေါင်းပြီး ကိုယ့်ကို တော်တော်စိတ်ဆိုးမှာ...။"ရော့...! ကိုယ့်ကိုနက်ကတိုင်ချည်ပေး..!"
ကိုယ့်လက်ထဲ နက်ကတိုင်ထည့်ပေးလာသော ဂျွန့်ကြောင့် တစ်ချက်ပြုံးလိုက်မိရင်း နက်ကတိုင်စီးပေးလိုက်တော့ ကလေးတစ်ယောက်လို ကိုယ်လုပ်ပေးသမျှငြိမ်ခံနေလေရဲ့...။
![](https://img.wattpad.com/cover/258891940-288-k176617.jpg)
YOU ARE READING
Fallen For You [Completed]
FanfictionTaekook Yaoi Jeon Jungkook × Kim Taehyung Both Zawgyi and Unicode versions are available !