Episode-32

14.9K 1K 115
                                    

Zawgyi Version

"ကိုယ်တို့ရဲ့ အမြွှာလေးနှစ်ယောက်နဲ့အတူ ဘေးကင်းကင်းနဲ့ပြန်လာခဲ့နော်၊ ကိုယ်စောင့်နေမယ်..."

ဒီနေ့ကအမြွှာလေးနှစ်ယောက်ကိုမွေးရမယ့်နေ့မို့ ခွဲစိတ်ခန်းရှေ့ထိလိုက်ပို့ပေးရင်း ယောင်းလက်ကလေးကိုတစ်ချက်နမ်းပြီး ပြောလိုက်လေတော့ ယောင်းက ခေါင်းလေးတစ်ချက်အသာငြိမ့်ပြပြီး

"အင်း...ပြန်လာခဲ့မယ် ဂျွန်..."

ယုံတယ်...၊ ယောင်းရဲ့ပြန်လာခဲ့မယ် ဆိုတဲ့စကားကို အကြွင်းမဲ့ယုံတာမို့ ကိုယ်စောင့်နေမှာ...။
ခွဲစိတ်ခန်းထဲ ဝင်သွားလို့ တံခါးပိတ်သွားတဲ့အထိ မြင်နေရသောယောင်းမျက်နှာလေးကို လိုက်ကြည့်နေခဲ့မိသည်...။

"ထယ်လေး အန္တရာယ်ကင်းမှာပါ၊ အရမ်းကြီးစိတ်ပူ‌မနေပါနဲ့..."

ကိုယ့်ပုခုံးတစ်ဖက်ကိုဆုပ်ကိုင်လျက် အားပေးလာသော မေမေ...။
နှစ်ဖက်မိဘတွေအကုန်လုံး ကိုယ်တို့ကိုအားပေးဖို့ရောက်နေကြတာမို့ ရင်ထဲကအပူတစ်ချို့တစ်ဝက်တော့ ငြိမ်းခဲ့လေသည်...။
မနေ့ညကဆို စိတ်ပူတဲ့စိတ်နဲ့ အိပ်ပျော်နေသောယောင်းလက်ကလေးကိုတစ်ညလုံးဆုပ်ကိုင်ရင်းအချိန်ကုန်ခဲ့မိတာ...။ အိပ်လို့ကိုမရခဲ့ဘူး...။

အချိန်ကြာလာတာနဲ့အမျှခွဲစိတ်ခန်းရှေ့ ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသော ခြေလှမ်းတွေက မူမမှန်တော့...။
ငါးမိနစ်ခြားတစ်ခါလောက် တံခါးပေါက်သေးသေးလေးဆီကနေ ချောင်းချောင်းကြည့်နေမိတာလည်း အခါခါ...။
လက်နှစ်ဖက်ကို စုစည်းပြီး ယောင်းမွေးရဖွားရလွယ်ကူစေရန်သာဆုတောင်းနေမိတော့သည်...။
ကိုယ့်ဘဝရဲ့ အရေးကြီးဆုံးလူသားလေးသုံးယောက်လုံး ဘေးကင်းမှဖြစ်မည်...။

လိုတာထက်ပို၍ကြာနေတာကြောင့်လည်း စိုးရိမ်ပူပန်စိတ်က တရိပ်ရိပ်နဲ့မြင့်လို့လာတော့သည်...။
မသိရင် တစ်မိနစ်က တစ်နှစ်လောက်ကြာနေသလိုပဲ...။

"မေမေ...! ဘာလို့ဒီလောက်ကြာနေရတာလဲ...!? ကလေးမွေးတာအဲ့လောက်ကြာလို့လား...?"

ထိုင်မရထမရ ဖြစ်လာပြီး စိတ်မရှည်စွာ အမေ့ကိုမေးလိုက်မိတော့ အမေကတစ်ချက်ပြုံးပြီး

Fallen For You [Completed]Where stories live. Discover now