Zawgyi Version
"ခဏ...! ခဏနေပါဦး..."
ယောင်းကိုယ်လုံးလေးကို မလွတ်တမ်းဖက်ထားရင်း ရင်ထဲကကြည်နူးမှုကို ခံစားနေတုန်းမှာပင်
ဖက်ထားတဲ့ရင်ခွင်ထဲကနေ အတင်းရုန်းထွက်ရင်း ကိုယ့်ကိုနားမလည်နိုင်သောမျက်ဝန်းတွေနဲ့ကြည့်လာတဲ့ ယောင်း...။
အဲ့ဒီ့မျက်ဝန်းတွေကို ကိုယ်အဓိပ္ပာယ်ဖော်လို့မရပေ...။"ကျွန်တော်က ခင်ဗျားပြောတဲ့ ယောင်းမဟုတ်ပါဘူး...၊ ကျွန်တော့်ကိုခင်ဗျားသိလို့လားဟင်...?"
တစ်ဆက်တည်းပြောလာသော ယောင်းရဲ့စကားနောက်မှာတော့ ကိုယ်ဘာမှပြန်မပြောနိုင်တော့။
ရင်ထဲ ပျော်ရွှင်နေတဲ့ခံစားချက်လေးက တစ်ခဏလေးနဲ့ ပျောက်ကွယ်လို့သွားတော့သည်...။
ဒါက ဘယ်လို အခြေအနေကြီးလဲ...။"ဘာ...ဘာတွေပြောနေတာလဲ ယောင်းရဲ့...၊ ကိုယ်ကယောင်းကိုမမှတ်မိစရာအကြောင်းမှမရှိတာ..."
မယုံကြည်နိုင်စွာ မေးမိလေတော့ ပြန်ရလိုက်တာက ယောင်းရဲ့စိမ်းသက်သက်စကားတစ်ခုသာ...
"ကျွန်တော်ကတော့ ခင်ဗျားကိုမသိဘူး..."
ထိုစကားလေးအဆုံး ငြိမ်သက်သွားတဲ့ကိုယ်တို့နှစ်ယောက်ကြားကလေထု...။
မဟုတ်ဘူးလေ....၊ ကိုယ်ကြားချင်တာ ဒီစကားမှမဟုတ်တာ...။
လေးထောင့်ဆန်ဆန်အပြုံးလေးနဲ့ပြောလာမယ့် ဂျွန်ဆိုတဲ့ ခေါ်သံလေးကိုကြားချင်ခဲ့တာလေ။
ဒီလို သူစိမ်းဆန်တဲ့မျက်နှာပေးနဲ့ အေးစက်စက်စကားကိုကြားချင်ခဲ့တာ မဟုတ်ဘူးလေ...။ဘာစကားမှထပ်မပြောဖြစ်ကြတော့ဘဲ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေမိကြတုန်းမှာပင် ဟွန်းတီးသံနဲ့အတူ အနားရောက်လို့လာတဲ့ ကားတစ်စီး...။
"ကလေးပြန်မယ်လေ...! နောက်ကျနေပြီ...၊ အသိနဲ့တွေ့နေတာလား...?"
ကားပေါ်ကနေ စကားပြောလာတဲ့ ယောက်ျားတစ်ယောက်...။
"ဘာမှမဟုတ်ပါဘူး...! ဟို ပျက်ကျသွားတဲ့စွန်ကိုဘယ်လိုပြန်လုပ်ပေးရမလဲဟင်...?"
ကိုယ့်ကိုမသိသောလူတစ်ယောက်လို ဆက်ဆံလာတဲ့ သူ့ကို ကြောင်ကြည့်ရင်း ခေါင်းတစ်ချက်သာခါလိုက်မိသည်။
YOU ARE READING
Fallen For You [Completed]
FanfictionTaekook Yaoi Jeon Jungkook × Kim Taehyung Both Zawgyi and Unicode versions are available !