Zawgyi Version
ဆေးရုံကြမ်းပြင်ထက် လူနာတင်ကုတင်ရဲ့ ဘီးသွားသောအသံက ဆူညံနေလေသည်...။
ဘေးကကုတင်ကိုတွန်းနေသောသူနာပြုတွေနဲ့ ဆရာဝန်တွေရဲ့အော်သံတွေကလည်း အရေးပေါ်ခန်းဆီသွားတဲ့လမ်းတစ်လျှောက်ပြည့်နှက်လို့။
သို့သော် ထိုအသံတွေက ထယ်ယောင်းရဲ့နားထဲ တစ်စက်ကလေးတောင် ဝင်မလာခဲ့ပေ...။ဒီအချိန်မှာ လူနာတင်ကုတင်ပေါ် အောက်ဆီဂျင်အကူအညီနဲ့အသက်ရှူနေရပါသော ဂျွန်တစ်ယောက်တည်းကိုသာ မျက်တောင်မခတ်တမ်းကြည့်နေမိသည်...။
"လူနာရှင် လိုက်ဝင်လို့မရတော့ပါဘူး..."
မှန်တံခါးတွေနဲ့ကာရံထားသော အရေးပေါ်ခန်းရှေ့ရောက်သည့်အခါမှာတော့ တစ်လမ်းလုံးဆုပ်ကိုင်လာခဲ့သော ဂျွန့်လက်ကလေးကို လွှတ်ပေးလိုက်ရတော့လေသည်....။
အရေးပေါ်ခန်းထဲ အောက်ဆီဂျင်ပိုက်တွေသွယ်တန်းလျက် နှလုံးနှိုးစက်ဖြင့် ရှော့ခ်ရိုက်နေရပါသော ဂျွန်....။
ဆေးပိုက်အသွယ်သွယ်ဖြင့်အသက်လုနေရသော ဂျွန့်ကိုမကြည့်ရက်နိုင်စွာကျောခိုင်းမိလေတော့ မခိုင်တော့သောခြေထောက်တွေက အရေးပေါ်ခန်းတံခါးကိုမှီလျက် အရုပ်ကြိုးပျက်လဲကျလေတော့သည်...။မျက်လုံးထဲမြင်လာရသည်က လူနာတင်ကားမှ အရေးပေါ်ခန်းအထိ ဂျွန့်ကိုသယ်လာသောလမ်းတစ်လျှောက် ဆေးရုံကြမ်းပြင်ပေါ် တတောက်တောက်နဲ့စီးကျလာခဲ့တဲ့ ဂျွန့်ရဲ့ သွေးနီနီရဲရဲတွေ ....။
ကိုယ့်လက်ကိုယ်ပြန်ငုံ့ကြည့်မိပြန်တော့လည်း ဂျွန့်သွေးတွေနဲ့ ပြည့်နှက်နေပါသော ကိုယ့်ရဲ့လက်နှစ်ဖက်...။မျက်ဝန်းနှစ်ဖက်ဆီမှ အလုအယက်စီးကျလာသောမျက်ရည်တွေကြောင့် ဒူးနှစ်ဖက်ကြားမျက်နှာအပ်ရင်း ရှိုက်ကြီးတငင် ငိုကြွေးမိတော့သည်...။
ဒါ ကိုယ့်ကြောင့်၊ ကိုယ့်ကြောင့်ဖြစ်ရတာ....။
ကိုယ်သာ ဂျွန့်စကားကိုနားထောင်ပြီး ကားရပ်ခဲ့မယ်ဆိုရင် ဂျွန်ဒီလိုဖြစ်မှာမဟုတ်ဘူး...။
ကိုယ့်ကြောင့် ဂျွန်ဒီလိုဖြစ်ရတာ....။ကိုယ့်ကိုကိုယ်အပြစ်တင်မိလေတော့ ဂျွန့်ကိုဆုံးရှုံးရရင်ဆိုတဲ့ ကြောက်စိတ်ကပါ ထပ်ပြီးကပ်ပါလာပြန်လေသည်...။
ထိုအတွေးကိုတွေးမိလိုက်တာနဲ့ မျက်ရည်တွေက တားမရဆီးမရ တာကျိုးသလို စီးကျလာပြန်သည်...။
ဂျွန်... ကျေးဇူးပြုပြီး ဘေးကင်းရမယ်နော်....။

YOU ARE READING
Fallen For You [Completed]
FanfictionTaekook Yaoi Jeon Jungkook × Kim Taehyung Both Zawgyi and Unicode versions are available !