Episode-25

15.7K 1.1K 144
                                    

Zawgyi Version

အလင်းရောင်မရှိဘဲ မှောင်မဲနေသောအခန်းရဲ့ထောင့်လေးမှာ ကုပ်ကုပ်လေးထိုင်လျက် ငိုနေမိတာ ဘယ်လောက်ကြာသွားမှန်းတောင်မသိလိုက်တော့....။
ထားခဲ့တာကိုယ်ဆိုပေမယ့်...၊ ကျောခိုင်းခဲ့တာကိုယ်ဆိုပေမယ့်.... ဘာလို့များဆွဲထားချင်မိတာလည်း ကိုယ်ပဲဖြစ်နေရတာလဲ...။
ကိုယ့်ကိုဖက်ကာတားရင်း ငိုကြွေးနေပါသော ဂျွန့်ပုံရိပ်လေးက ခေါင်းထဲပေါ်ပေါ်လာတိုင်း ကိုယ်ပါ နှလုံးသားတွေနာကျင်ရသည်...။
ငိုနေတဲ့ ဂျွန့်မျက်နှာလေးကိုတွေးမိတိုင်း ဂျွန့်ကို ပြန်လက်ခံချင်စိတ်တွေကတဖွားဖွား...။

ကိုယ်က အနွံတာခံပြီးချစ်လာခဲ့ရတဲ့သူပဲဟာ...။
ဂျွန့်ကိုပြန်လက်မခံချင်ဘဲနေပါ့မလား...။
ဒါပေမယ့် မယုံရဲဘူး....။ ကြောက်တယ်....။
အခါခါလိမ်ညာဖူးတဲ့သူက နောက်တစ်ခါထပ်လိမ်ညာဖို့ဝန်လေးမှာမဟုတ်တဲ့အတွက် ဂျွန့်စကားတွေကိုမယုံရဲဘူး....။
ခံနိုင်ရည်ကုန်ခမ်းနေပြီဖြစ်တဲ့ကိုယ့်နှလုံးသား ထပ်ပြီးနာကျင်ရမှာကိုလည်းကြောက်နေပြီ...။
ဒီ့ထပ်ပိုပြီး အချစ်ဆိုတဲ့နွံကြီးထဲမှာ မနစ်ချင်တော့ဘူး...။

ဦးနှောက်နဲ့နှလုံးသားရဲ့လွန်ဆွဲရာ...၊ အသိစိတ်နဲ့မသိစိတ်ရဲ့ ယှဉ်ပြိုင်ခြင်းကြား ကိုယ့်ဆုံးဖြတ်ချက်မှန်မှာပါ...။
မင်းကို သိပ်ချစ်ပေမယ့်...အဲ့အချစ်ရဲ့နောက်ဆက်တွဲ နာကျင်မှုတွေကို ငါမခံစားနိုင်တော့လို့ပါ ဂျွန်...။
ငါတို့ရေစက်...ဒီမှာတင်ပဲဖြတ်ကြရအောင်...။

"ထယ်လေး...၊ ဒီမှာထိုင်နေတာကြာနေပြီလေ...၊ ထမင်းလေးဘာလေး နည်းနည်းဖြစ်ဖြစ်စားလိုက်ပါလား...?"

မှောင်မဲနေတဲ့အခန်းထဲအလင်းရောင်ရစေရန် မီးဖွင့်လိုက်တဲ့ ဆန်းမင်းဟျောင်း...။
ထို့နောက်ကိုယ့်အနားလာရင်းပုခုံးလေးကိုပုတ်ကာ ချော့မော့ပြောလာလေသည်...။
အခုအချိန်ကိုယ့်အနားမိဘဆွေမျိုးမရှိသည့်အတွက် ဆန်းမင်းဟျောင်းက ကိုယ့်အတွက် တကယ့်အစ်ကိုအရင်းတစ်ယောက်လိုပါပင်...။

"ဟျောင်း..."

"ဟင်...ဘာပြောချင်လို့လဲ ထယ်လေး...?"

"ကျွန်တော့်ဆုံးဖြတ်ချက်...မှန်မှာပါနော်..."

ငိုသံလေးနဲ့ မရဲတရဲမေးလာသောထယ်ယောင်းရဲ့စကားကြောင့် ဆန်းမင်းသက်ပြင်းတစ်ချက်ချရင်း ထယ်လေးရဲ့ခေါင်းလေးကိုအသာအယာပွတ်သပ်ပေးလိုက်သည်...။
ငယ်ငယ်လေးကတည်းက ကိုယ့်ညီလေးတစ်ယောက်လိုသဘောထားခဲ့သည်မို့ အခု ကိုယ့်ရှေ့ ဒီကလေး ငိုကြွေးနေတဲ့ပုံကိုကြည့်ရတာ တကယ်စိတ်မချမ်းသာပေ...။

Fallen For You [Completed]Where stories live. Discover now