Zawgyi Version
မျက်စိကိုမှိတ်၊ ခေါင်းကိုမော့ရင်း တိုက်ခတ်လာတဲ့ လေညှင်းလေးတွေကို တစ်ဝကြီးရှူရှိုက်လိုက်လေတော့ ပို၍လန်းဆန်းကြည်လင်လာတဲ့ စိတ်အစုံ....။
ဆေးရုံပန်းခြံထဲက အစိမ်းရောင်သစ်ရွက်လေးတွေ ဝေဆာနေသောသစ်ပင်ကြီးအောက်ရှိ ခုံတန်းလေးတွင်ထိုင်ရင်း ကိုယ်ကသာ လေကိုတစ်ဝကြီးရှူရှိုက်နေပေမယ့် ကိုယ့်ပေါင်ပေါ်ခေါင်းအုံးရင်း ဇိမ်ခံနေတဲ့ ဂျွန်ကတော့ ကိုယ့်မျက်နှာကိုသာပြုံးပြီးကြည့်နေလေရဲ့...။
တစ်ချက် တစ်ချက်လည်း မျက်နှာကို လက်နဲ့လာလာတို့သေးသည်...။"ဂျွန်...! ဘာတွေအဲ့လောက်တောင်ကြည့်နေတာလဲ...? ပြောတော့ လေကောင်းလေသန့်ရှူချင်လို့ပါဆို...၊ ရောက်ကတည်းက ငါ့ပေါင်ပေါ် ခေါင်းအုံးပြီး ငါ့မျက်နှာကိုကြည့်နေတော့တာပဲ..."
ဂျွန့်ရဲ့နှာခေါင်းလုံးလုံးလေးကို အသာဆွဲရင်း မေးလိုက်လေတော့ ဂျွန်ကကိုယ့်လက်ကိုဆုပ်ကိုင်ကာ အနမ်းပေးလာလေ၏...။
"ယောင်းနဲ့အတူ အခုလိုပျော်ရွှင်နေနိုင်တာ အိပ်မက်များဖြစ်နေမလားဆိုပြီး မယုံကြည်နိုင်သေးဘူး..."
"ဟင်...၊ ဘာလို့လဲ...?"
"ကိုယ်ကယောင်းကိုအများကြီး နာကျင်စေခဲ့မိတော့ ယောင်းဆီကခွင့်လွှတ်မှုကိုဒီတစ်သက်မရနိုင်တော့ဘူးလို့ ထင်ထားခဲ့တာလေ...၊ ယောင်းနဲ့အတူပျော်ရွှင်စရာဘဝလေး မတည်ဆောက်နိုင်တော့ဘူးလို့ထင်ထားခဲ့တာ...။
ကျေးဇူးတင်ပါတယ် ယောင်း...၊ ကိုယ့်ကိုနောက်တစ်ကြိမ်အခွင့်အရေးပေးလို့...၊ ချစ်တယ် ယောင်း..."ကိုယ့်ကိုမြတ်မြတ်နိုးနိုးကြည့်လျက် အတည်ကြီးပြောနေပါသော ဂျွန့်ကို စနောက်ချင်လာတာနဲ့...
"တကယ်တော့ ငါမင်းကိုခွင့်မလွှတ်ပါဘူးနော်..."
"ဟင်...?"
"အန်ကယ်နဲ့အန်တီက သူ့သားလေးနေပြန်ကောင်းတဲ့အထိ ဟန်ဆောင်နေပေးပါလို့တောင်းပန်ထားလို့ ငါမင်းအနားမှာနေနေတာ။
မင်းဆေးရုံဆင်းတာနဲ့ ငါကထွက်သွားမှာ...!"ရုပ်တည်ကြီးနဲ့ စလိုက်လေတော့ ကိုယ့်ပေါင်ပေါ်ခေါင်းအုံးထားရင်းကနေ ဝုန်းခနဲထထိုင်လေသော ဂျွန်...။
မျက်နှာကလည်း ချက်ချင်းပင်ပြိုတော့မယ့်မိုးလို မဲမှောင်လျက်...။
ကိုယ့်မှာရယ်ချင်စိတ်ကိုမနည်းထိန်းလိုက်ရသည်။
![](https://img.wattpad.com/cover/258891940-288-k176617.jpg)
YOU ARE READING
Fallen For You [Completed]
FanfictionTaekook Yaoi Jeon Jungkook × Kim Taehyung Both Zawgyi and Unicode versions are available !