Unicode
"သားငယ်!....မင်းကို ရန်မဖြစ်ပါနဲ့လို့ ငါဘယ်နှခါပြောရမလဲ!...."
Minအိမ်တော်ဝယ် အမျိုးသမီးတဦး၏ ခက်ထန်သည့်အော်သံက တအိမ်လုံးကို လွင့်ပျံ့သွားသည်....
"ခုချက်ခြင်း ဝမ်းလျားမှောက်....''
"မေမေ....''
"ဝင်မပြောနဲ့ min yoongi!....သူခုလို အပြစ်ပေးခံရတာကို မင်းသေချာကြည့်ထား!..."
ထို့နောက် ဝမ်းလျားမှောက်ထားသော ဆယ့်နှစ်နှစ်အရွယ် ကောင်လေး၏ကျောပေါ်သို့ ကြာပွတ်နဲ့ ရိုက်ခတ်သံက တရွှက်ရွှက်ဖြင့် မြည်ထွက်နေရဲ့....
"အီး....သားတောင်းပန်ပါတယ်မေမေရယ်....ညီ့ကို မရိုက်ပါနဲ့နော်...အီး....မရိုက်ပါနဲ့လို့....ဦးဦး ဝင်ပြောဦးလေလို့.....ဟင့်ဟင့်....''
ဆယ့်ငါးနှစ်အရွယ်ကောင်လေးကတော့ ငိိုယိုရင်း တောင်းပန်နေပေမဲ့ ဝမ်းလျားမှောက်ထားတဲ့ ကောင်လေးကတော့ အသံတချက်တောင် မထွက်ပါ...
"မှတ်ထား Min jungkook!...."
ထို့နောက် ကြာပွတ်ကို စောင့်လွှတ်ချလိုက်ပြီး Mrs.Min ထွက်လာခဲ့လိုက်တော့သည်....
"မမရယ်....ကလေးကို အဲ့လောက်ကြီး မရိုက်ပါနဲ့...''
အနောက်က လိုက်လာပြီး ပြောလာသူကြောင့် Mrs.Minပြုံးလိုက်ပြီး....
"နင်ကသာ ပြောနေ...ဟိုကဖြင့် ငါရိုက်တာက သူ့ကို အညောင်းဖြေပေးသလောက်ပဲ ရှိတယ်ထင်နေမှာ....''
"အင်း....ဟုတ်တော့လဲ ဟုတ်ပါတယ်လေ....''
"ကဲ...Company သွားရအောင်....''
"ဟုတ် မမ....''
.
.
.
.
.
.
.
.
.
.
.
.
.
.
စာသင်ခြင်းပြီးဆုံးသည့်နောက် ကျောင်းဆင်းခေါင်းလောင်းလဲ တီးပြီမို့ အခန်းဝကို လှမ်းကြည့်တော့ ထင်သည့်အတိုင်း သူ့ကိုစောင့်နေသော ညီ...."ညီ....စောင့်ရတာကြာသွားလား....''
"မကြာဘူး ကိုကို....သွားကြမယ်လေ....''
"Omm...''
ထို့နောက် ကောင်လေးနှစ်ယောက်၏ ခြေလှမ်းများက အိမ်ပြန်ရန် ကျောင်းအပေါက်သို့....
YOU ARE READING
Limited Region(Completed)
Fanfictionကန့်သတ်နယ်မြေတွေဆို ကျွန်တော်သိပ်မုန်းတယ် ကိုကို ~ OTP-YOONKOOK💙 ကန့်သတ်နယ်မြေတွေဆို ကျွန်တော်သိပ်မုန်းတယ် ကိုကို ~ OTP-YOONKOOK💙