Unicode
Necktieစည်းပေးနေရင်းက သူ့ကိုခိုးခိုးကြည့်နေသည့် ညီကြောင့် မျက်ခုံးပင့်လိုက်မိသည်...
"တခုခုပြောချင်တာ ရှိလို့လား ညီ...''
သူမေးလိုက်တော့ ညီကမျက်လုံးတွေ ဝိုင်းသွားသည်...ထို့နောက် ခပ်ရွံ့ရွံ့ပြုံး၏...
"ဟို...မနေ့က Taehyungကို ကိုကိုဘာပြောလိုက်တာလဲ...''
သူပြန်ပြုံးပြလိုက်သည်...ထင်သား...ကြည့်ရတာ ညီက Taehyungကို တော်တော်လေး ခင်ပုံရသည်....သူ့ဘက်က နစ်နစ်နာနာ ပြောလိုက်မှာကို ဒီညီတယောက် စိုရိမ်နေပုံပါပဲ...
"ဘာမှမဟုတ်ပါဘူး ညီရယ်...ဒီလိုပါပဲ...''
သူ့အဖြေကို သဘောတွေ့ပုံ မရသည့်ညီက မျက်ခုံးအစုံအား တွန့်ချိုးပစ်သည်...ဘာလဲ...Taehyungအတွက်နဲ့ သူ့ကိုစိတ်တိုတယ်ပေါ့....
"ညီက သူ့ကိုအရမ်းခင်တာပဲလား...''
ကိုကြီးလာခေါ်မှာမို့ နှစ်ယောက်သား ဧည့်ခန်းမှာ ထိုင်စောင့်နေကြတုန်း သူမေးလိုက်သည်...ညီကတော့ နားမလည်သလို ကြည့်နေ၏...
"ကိုကိုက ညီသူငယ်ချင်းထားလို့ သဝန်တိုပြီး ညီ့သူငယ်ချင်းကို ပြောပစ်မှာစိုးလို့မို့လား...ကိုကိုက သဝန်မတိုပါဘူး....ညီ့ဘာသာ ညီ့သဘောနဲ့ သူငယ်ချင်းထားတဲ့ဟာကို...''
"ဟာ...မဟုတ်ပါဘူး...ကိုကိုက ညီတို့မသိစေချင်လောက်အောင်ထိ သူ့ကိုဘာသွားပြောလဲ စိတ်ဝင်စားလို့ပါ...ကိုကိုနော်...ရှုပ်ရှုပ်ယှက်ယှက်တော့ မလုပ်နဲ့....ကိုကို့အတွက်ရော သူ့အတွက်ရော မကောင်းဖြစ်သွားမယ်...''
"အင်...''
သူကရစ်မည်ကြံပါသည်...အခုတော့ ပြန်ရစ်ခံနေရသည်တဲ့...ညီစိတ်ဆိုးနေတဲ့ အကြောင်းအရင်းက သူTaehyungကို ကြိုက်နေတယ်ထင်၍လား....
"ညီကလဲ...ကိုကိုက သူ့ကိုမကြိုက်ပါဘူးနော်...''
ဟုတ်တာပေါ့...Taehyungကို ဘယ်ကြိုက်မလဲ...သူကြိုက်တာက Taehyungအကိုဟာ....
"ဟိဟိ...''
"ဟောကြည့်...ဘာတွေတွေးပြီး ရယ်နေပြန်တာလဲ...''
ညီ့ရဲ့သံသယမျက်ဝန်းကြီးတွေအား ခေါက်ထားရန်အလို့ငှါ ရင်ခွင်ထဲတိုးဝင်လိုက်တော့ ချက်ခြင်းပဲ ပြန်ထွေးဖက်လာသည်....
YOU ARE READING
Limited Region(Completed)
Fanfictionကန့်သတ်နယ်မြေတွေဆို ကျွန်တော်သိပ်မုန်းတယ် ကိုကို ~ OTP-YOONKOOK💙 ကန့်သတ်နယ်မြေတွေဆို ကျွန်တော်သိပ်မုန်းတယ် ကိုကို ~ OTP-YOONKOOK💙