Unicode
"Yoongi...''
"အော်...Eunjung...''
"ကျေးဇူးပါပဲနော်...နင်တို့သာ မကူညီရင် ငါ့ဘဝက မတွေးရဲစရာပဲ....''
"ရပါတယ် Eunjungရယ်...ခုရော...အဆင်ပြေတယ်မို့လား...''
"Omm...ပြေတယ်...ငါ့ကိုဘယ်သူမှ လာမစကြတော့ဘူး....''
"အေးပါ...နင်အဆင်ပြေရင် ပြီးတာပါပဲ...''
"ကိုကို!!!"
အခန်းဝကနေ အော်ခေါ်လိုက်သည့်jungkookကြောင့် yoongiခန္ဓာကိုယ်လေး ဆက်ခနဲ တုန်သွားရသည်....
ထို့နောက် yoongiလက်ကိုဆောင့်ဆွဲသွားသူ jungkookတယောက် ကားဆီသို့ ဦးတည်ကာ အိမ်ပြန်လမ်းကို တရကြမ်း မောင်းနှင်ခဲ့တော့သည်....
******************************
Jungkook Uni Bellတီးပြီမို့ Yoongiကိုသွားကြိုဖို့ လုပ်လိုက်စဉ် သူ့ရှေ့ကို ပိတ်ရပ်လာသော မိန်းကလေးအုပ်စုကြောင့် မျက်မှောင်ကြုတ်လိုက်သည်.....
"Jungkook...ရှင့်ကိုကိုက ခုမိန်းကလေးတယောက်နဲ့ တွဲနေတာသိလား....''
"ဘာ!...hk...မင်းတို့ မဟုတ်တာတွေ လာမပြောစမ်းပါနဲ့...''
"အဟင်း...ထင်သားပဲ...ရှင်ယုံမှာ မဟုတ်မှန်းသိလို့ ဒီမှာ...သက်သေယူလာတယ်....''
လက်ထဲကို ထိုးပေးလာသော ဖုန်းကြောင့် သူအမြန်ယူကြည့်လိုက်သည်...
Screenပေါ်မှာ ပြေးလွှားနေတဲ့ ပုံရိပ်တို့က သူ့နှလုံးသွေးတွေကို ဒိန်းခနဲ ဆောင့်တက်သွားစေသည်...
သူ့ရဲ့ကိုကိုက....သူသိပ်ချစ်ရတဲ့ ကိုကိုက....သူသိပ်မြတ်နိုးရတဲ့ ကိုကိုကလေ....သူမဟုတ်တဲ့ တခြားတယောက်ရဲ့ ထွေးဖတ်မှုကို ဒီတိုင်းငြိမ်ခံနေတယ်တဲ့လား....
ရင်ဘတ်ထဲက နာကျင်မှုကို ဒေါသအဖြစ်ပြောင်းစေရင်း ကိုကို့ဆီ အမြန်သွားမိတော့ ဟိုမိန်းကလေးနဲ့ ရယ်ရယ်မောမော စကားပြောနေတဲ့သူ...
"ကိုကို!!!"
သူ့ရဲ့အော်သံကြောင့် အံ့သြတကြီး ကြည့်လာတဲ့ ကိုကို့မျက်ဝန်းတွေ...
ဟင့်အင်း...မကြည့်နဲ့ကိုကို...အဲ့လိုအကြည့်တွေနဲ့ မကြည့်နဲ့...အခုမှ မသိချင်ယောင် ဆောင်မပြနဲ့...အဲ့ဒါက ကျွန်တော်အမုန်းဆုံး လုပ်ရပ်ပဲ....
YOU ARE READING
Limited Region(Completed)
Fanfictionကန့်သတ်နယ်မြေတွေဆို ကျွန်တော်သိပ်မုန်းတယ် ကိုကို ~ OTP-YOONKOOK💙 ကန့်သတ်နယ်မြေတွေဆို ကျွန်တော်သိပ်မုန်းတယ် ကိုကို ~ OTP-YOONKOOK💙