Unicode
Jungkookစာရင်းစာအုပ်ပေါ် ဘောပင်ကို ထောက်ချလိုက်ပြီး ထိုင်နေရာမှ ထလိုက်သည်...
"အတွင်းရေးမှူးKim...ကားအသင့်ပြင်ထားပါ...''
ဖုန်းနဲ့လှမ်းသတိပေးပြီးတာနဲ့ သူကုတ်ကို သေချာဝတ်ရင်း အပြင်သို့ ထွက်လာလိုက်သည်....
သူဂွမ်ချောကို ရောက်နေတာ တပတ်ပြည့်ပြီ....အမှန်ဆို သုံးရက်လောက်နဲ့ ပြန်လို့ရပေမဲ့ အတွင်းရေးမှူးKimပြောတဲ့ စက်ရုံခေါင်းဆောင်က မယုံရဘူးဆိုသော သတိပေးစကားကြောင့် အကဲခတ်ဖို့ရာ ဆက်နေဖြစ်ခြင်း...
ခုတော့ သိချင်တဲ့အကြောင်းအရာတွေလဲ သိပြီဖြစ်သလို ကိုကိုလဲ နေကောင်းနေပြီမို့ သူသဘက်ခါ ပြန်ဖြစ်အောင်ပြန်မည်...
"အတွင်းရေးမှူးKim....''
"ဟုတ်ကဲ့ ဒုCEO...''
"အတွင်းရေးမှူးKimပြောတဲ့ စက်ရုံခေါင်းဆောင်...အဲ့တယောက်ကို အလုပ်ထုတ်လိုက်...''
"ကောင်းပါပြီ ဒုCEO...''
သူကားပြတင်းပေါက်ကို မျက်နှာမူလိုက်သည်...တရွေ့ရွေ့နဲ့ မောင်းနှင်လာရာ ကားလေးက ဆေးရုံဆိုသည်ကို ရောက်လာခဲ့ပြီ....
သူကားပေါ်က ခပ်သွက်သွက် ဆင်းခဲ့ရင်း ကိုကိုရှိရာ အခန်းသို့ အမြန်ပြေးသွားမိသည်...ဘေးလူတွေကတော့ တကြည့်ကြည့်နဲ့...ဒါတွေကို သူဂရုမထားအားပါ...အရေးကြီးတာက ကိုကို့ဆီရောက်ဖို့သာ....
"ကိုကို...''
"ညီလာပြီ...''
သူအခန်းထဲ ဝင်လိုက်တာနဲ့ မျက်နှာလေး ဝင်းလက်သွားသော ကိုကို...သို့ရာတွင် အကြည့်ကတော့ သူ့ဆီမှာထက် သူ့အနောက်ကို ရောက်နေသည်....
"ကျွန်တော်က ဒီမှာလေ ကိုကို...''
ကုတင်ပေါ်သို့ တင်ပါးလွှဲထိုင်ရင်း ကိုကိုနဲ့မျက်နှာချင်းဆိုင်ကာ ခပ်တင်းတင်းပြောလိုက်မှ သူ့ကိုကြည့်ပြီး ရယ်ပြလာသည့်သူ...
''ဟီး...ညီ့ကိုလွမ်းနေတာ...''
ရင်ခွင်ထဲဝင်ပြီး ခပ်ချွဲချွဲပြုလာတော့လည်း သူဟာမနေနိုင်ပြန်ပါ....
ESTÁS LEYENDO
Limited Region(Completed)
Fanficကန့်သတ်နယ်မြေတွေဆို ကျွန်တော်သိပ်မုန်းတယ် ကိုကို ~ OTP-YOONKOOK💙 ကန့်သတ်နယ်မြေတွေဆို ကျွန်တော်သိပ်မုန်းတယ် ကိုကို ~ OTP-YOONKOOK💙