Limited Region-10

690 104 34
                                    

Unicode

"ပြောပါဦး...ကိုကို့ပုံစံကို ဘယ်သူပြောင်းပေးလိုက်တာလဲ...''

အိမ်ပြန်ရောက်တာနဲ့ သိချင်တာကို တန်းမေးလိုက်တော့ ကိုကိုကပြုံးသည်...

"အတွင်းရေးမှူးKimလေ...''

"အတွင်းရေးမှူးKim?...''

"Omm...သူက ကိုကို့ကို လုပ်သင့်လုပ်ထိုက်တဲ့အရာတွေ သေချာပြောပြပေးတယ်...ပြီး​တော့ မှားတာရှိရင်လည်း ဆုံးမသွန်သင်​ပေးတယ်​လေ...အဲ့ဒါကြောင့် သူ့ကိုယုံကြည်လိုက်တာပါ ညီရဲ့...''

တခြားသူကြောင့် ဖြစ်တည်လာတဲ့ ကိုကို့အပြုံးတွေကို မနှစ်သက်ပေမဲ့ ရင်ခွင်ထဲတိုးဝင်ပြီး ချွဲနေသေးတာမို့ စိတ်ဆိုးချင်လဲ စိတ်မဆိုးရက်ပါ...

"အလုပ်တွေကရော...အဆင်ပြေရဲ့လား...''

ဆံနွယ်နုနုတို့ကို ပွတ်သပ်ပေးရင်း မေးလိုက်တော့ ခေါင်းတဆက်ဆက် ငြိမ့်ပြလာသည့်ကိုကိုဟာ ပုံစံသာကွဲပြောင်းသွားသည်...စိတ်နဲ့အပြုအမူတို့ကတော့ အရင်အတိုင်းပင်...

"Companyကိစ္စ တခုခုဆိုရင် ကျွန်တော့်ကိုပြောနော်...''

"အွန်း...ညီ့ကိုအရင်ပြောမှာပေါ့...''

ရင်ခွင်ထဲက မော့ကြည့်လာတဲ့ ကိုကို့ကိုကြည့်ပြီး အသည်းယားစွာ ပါးဖောင်းဖောင်းလေးတွေအား သူလက်နဲ့အုပ်ကိုင်လိုက်သည်....

နှာခေါင်းလုံးလုံးလေးက ချစ်ဖို့ကောင်းအောင် ရဲနေတာမို့ သူခပ်ဖွဖွ ကိုက်လိုက်မိ၏...

"အ့...ဘာလို့ကိုက်တာလဲ ညီရ...''

"ချစ်လို့လေ...''

ချက်ခြင်းပဲ ဖြေလိုက်ပြီးမှ သူ့ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားရသည်...ကိုကို့ရဲ့ ဝိုင်းစက်သွားတဲ့ မျက်ဝန်းလေးတွေကြောင့်လဲ ပါလိမ့်မည်....

"အာ..ထားပါ...ကိုယ့်အကိုကို ချစ်လို့ကိုက်တာပဲ...''

သူ့လက်တွေကြားကရုန်းပြီး ပြောလာသော ကိုကိုကြောင့် သိပ်တော့သဘောမကျချင်....

အကို...အကို...သူပြောလိုက်တဲ့ ထိုစကားက အကိုတယောက်အနေနဲ့ မဟုတ်တာကြောင့် သူ့ရင်ထဲမှာ ထိုသို့ဖြေသိမ့်၍မရနိုင်ပါ....

Limited Region(Completed)Opowieści tętniące życiem. Odkryj je teraz