Limited Region-Final

1.7K 125 81
                                    

Unicode

ခွမ်း

တခုခုပြုတ်ကျသံ ကြားတာကြောင့် Jungkook အိပ်ယာက လန့်နိုးလာသည်...ထိုစဉ် အခန်းထဲ အပြေးဝင်လာကြသည့်သူများ...

''Jeon...ဘာဖြစ်တာလဲ...''

"မသိဘူး...တခုခုကျသွားတာ ထင်တယ်...''

ခေါင်းတကုတ်ကုတ်နဲ့ ပြောရင်း ဘေးဘီကို အကဲခတ်ကြည့်တော့ သူ့ကုတင်ဘေးမှာ ပြုတ်ကျနေတဲ့ ကိုကို့ရဲ့ဓာတ်ပုံ...

"ကိုကို?...''

"ဒီတိုင်းနေ Jungkook...ဆေးရှိန်မပြယ်သေးဘူး...ဒါငါတို့ရှင်းလိုက်မယ်....''

Jin Hyungက အနားတိုးကပ်ပြီး ပြောလာတာကြောင့် သူခေါင်းခါလိုက်မိသည်...စိတ်ထဲမှာ တမျိုးတော့တမျိုးပါပင်...

"သားငယ်လေး...ဘာဖြစ်လို့လဲ...''

ချွေးသီးချွေးပေါက်တွေ ကျလာတဲ့သူ့အား နဖူးထက် အဝတ်နဲ့ ဖိသုတ်ပေးရင်း မေးလာသူ ဦးလေးကို လက်အားဖမ်းဆွဲလိုက်သည်...

"ကိုကိုများ တခုခုဖြစ်နေမလားဟင်...ကိုကို...''

တီတီတီတီ တီတီတီတီ

>>ညီ!!!!!!!!!>>

လက်မှာအမြဲပတ်ထားတဲ့ လက်ပတ်လေးက နှိုးဆော်မှုအပြင် နားထဲကြားလိုက်ရသည့် အော်သံယဲ့ယဲ့ကြောင့် လူကထိတ်ခနဲ ဖြစ်သွားရ၏...လက်ပတ်လေးကို ငုံ့ကြည့်လိုက်တော့ တည်နေရာပြ အစက်လေးက....

"ဖြောင်းဒုံရက်ကွက်...ကုန်လှောင်ရုံဟောင်း?...ကိုကို!!!!.....''

"သားငယ်!....''

"Jeon!...."

"Jungkook!!...."

ကုတင်ပေါ်ကနေ ဝုန်းခနဲထပြီး အပြင်သို့ ပြေးထွက်သွားသူကြောင့် ကျန်ခဲ့သူလေးယောက်မှာလဲ စိုးရိမ်တကြီး အနောက်က ပြေးလိုက်ရလေသည်...

သို့သော်လည်း ကားနဲ့ထွက်သွားပြီဖြစ်သော Jungkookကြောင့် သူတို့လဲ နောက်ကနေ ကားနဲ့ထပ်ဆင့် လိုက်ကြရတော့၏...

"ကိုကို..ဟင့်အင်း...ကိုကိုဘာမှမဖြစ်ရဘူး...''

ဂိတ်မှန်သမျှကို မရရအောင်ကျော်ကာ Jungkookကုန်လှောင်ရုံဟောင်းကို အပြေးမောင်းနေမိသည်....

Limited Region(Completed)Where stories live. Discover now