Limited Region-11

683 106 47
                                    

Unicode

Jungkookရဲ့ မေးကြောတွေဟာဆိုရင် ယခုဆို ပြတ်ထွက်မတတ် ထောင်မတ်နေလျက်ရှိသည်...

ဤသည်က ဘေးမှတရစပ် ပေါက်ပေါက်ဖောက်နေတဲ့ သူငယ်ချင်းဖြစ်သူကြောင့် ဆိုလျှင်တော့ အတန်ငယ် အူကြောင်ကြောင် နိုင်နိုင်သည်ပေါ့....

"Kim Taehyung!...ကျေးဇူးပြုပြီး ပါးစပ်လေးပိတ်ပေးလို့ရမလား...တမနက်ခင်းလုံး စကားများနေတာ ငါ့နားကွဲတော့မယ်....''

ဒီကောင်ကို ဒီလောက်ထိ စကားများနိုင်မယ်မထင်တာ အမှန်ပါ...

မခင်ချင်ပါဘူးပြောလဲ တောက်တဲ့ကို ကော်နဲ့ကပ်ပေးထားသလို အနားပဲလာလာကပ်နေတဲ့သူကြောင့် ရှောင်နေတာပင်မရ....

"Jungkook...ငါလည်ပင်းနာတယ်...''

"ခံလေ...စကားတွေ အဲ့လောက်များနေမှတော့ နာမှာပေါ့...''

ချစ်ဖို့ကောင်းအောင် ချွဲနေတဲ့ ထိုအကောင်အား ခပ်ရွဲ့ရွဲ့ပြောရင်း မျက်နှာကိုရှုံ့လိုက်သည်...

ပြောတဲ့ဒင်းမပြောနဲ့...နားထောင်နေရတဲ့ သူတောင်မှ ခေါင်းတွေကို ပူထူနေတာပဲ....

"Jungkookနော်...ငါကမင်းမပျင်းအောင် အကောင်းနဲ့ပြောပေးရသေးတယ်...ဒါနဲ့လေ....မနေ့က ငါကြည့်ခဲ့တဲ့ ဇာတ်ကားထဲမှာ မင်းသားက မင်းသမီးကို ချစ်ခွင့်တောင်းတာ...အဲ့ဒါချစ်တယ်ပြောဖို့အရေး သေးထွက်ကျလို့တဲ့....ငါ့မှာရယ်လိုက်ရတာ...''

ပြောလဲပြော နေကြာစေ့ကို တောက်ခနဲ ဝါးနေတဲ့သူအား တချက်သာကြည့်ကာ မျက်နှာလွှဲလိုက်မိသည်...

ဘာရယ်မဟုတ်...သူ့နှုတ်ခမ်းသားကတော့ ကွေးညွတ်လို့နေရဲ့...မဆိုးလှပါ....

ကိုကို့ကိုသာ တချိန်လုံး မျက်စိဒေါက်ထောက် ကြည့်လာခဲ့တဲ့သူ့မှာ သူငယ်ချင်းတယောက်လောက် ရှိလာသည်က တမျိုးကောင်းတာပင်...

"Jungkook....''

"ဘာလဲ...ဘာလဲကွာ...မပြီးသေးဘူးလား...ဒီတသက်ရော ပြောလို့ပြီးဦးမှာလား...''

သူခပ်ဆတ်ဆတ် အော်လိုက်တော့ ကောင်စုတ်လေးက နှုတ်ခမ်းဆူပြီး မှုန်ကုပ်ကုပ် ကြည့်နေသည်...ကျစ်...

Limited Region(Completed)Место, где живут истории. Откройте их для себя