Unicode
လက်ပတ်နာရီကို တချက်ကြည့်လိုက်တော့ မနက်ကိုးနာရီ....လေယာဉ်ချိန်က ဆယ်နာရီ...အခုကြိုသွားထားရမှာပဲ...
"CEO...အားလုံးအဆင်သင့်ဖြစ်ပါပြီ...''
အရိုအသေပေးရင်း ပြောလာသည့် Stallyအား ခေါင်းငြိမ့်အသိအမှတ်ပြုကာ သူအပြင်သို့ ထွက်ခဲ့လိုက်သည်...
နောက်ကထပ်ကြပ်မကွာ လိုက်လာတဲ့ Stallyက မသိရင် သူ့ဘော်ဒီဂတ်ကျလို့...
"CEO...Black Coffee...''
ကားထဲရောက်တာနဲ့ ထုံးစံအတိုင်း ပေးလာသည့် ကော်ဖီခွက်ကိုယူရင်း သူအပြင်ကို ငေးမိလေသည်...ညီ့ကိုဖုန်းဆက်လိုက်ရင် ကောင်းမလား...
"အားရှ်...Min Yoongi....မင်းဟာလေ...''
ကိုယ့်ခေါင်းကိုထုရင်း သူသတိပေးလိုက်သည်...ခွဲရမှာက တနှစ်...အခုရက်ပဲ ခြားသေးသည်...ထလွမ်းနေပြီတဲ့လား....
"ခေါင်းကိုက်လို့လား CEO....''
"ဟမ်...မဟုတ်ပါဘူး....ဒီတိုင်း...''
"ကော်ဖီသောက်လိုက်ဦးလေ...အဲ့ဒါဆို ခေါင်းကြည်သွားလောက်မှာပါ...''
ပြုံးပြုံးလေး ပြောနေသည့် Stallyက တမျိုးပါပင်...ခက်တာက Stallyရဲ့ သရုပ်မှန်ကို သူမခန့်မှန်းနိုင်တာပင်...
လက်ထဲက ကော်ဖီအား အကုန်မော့သောက်ပြီးတာနဲ့ ရှေ့ကBoxထဲ လှမ်းထည့်လိုက်သည်...ဟိုတွေးဒီတွေး လုပ်နေရင်းက အိပ်ချင်သလို ဖြစ်လာတာမို့...
"Stally...ကျွန်တော်ခနအိပ်ဦးမယ်...လေဆိပ်ရောက်ရင် နှိုးပါ..."
"ကောင်းပါပြီ CEO...''
မှာစရာရှိတာ မှာပြီးသည်နှင့် သူကူရှင်နောက်ကိုမှီရင်း အိပ်ဖို့ရာ ပြင်လိုက်သည်...
အိပ်မက်ထဲထိတော့ ရောက်မလာနဲ့ ညီ~
Limited Region___________________________
"တလှမ်း...နှစ်လှမ်း...''
တန်းလေးကိုကိုင်ပြီး သေချာလေ့ကျင့် လျှောက်လှမ်းနေသည့် Jungkookကိုကြည့်ကာ Taehyungရော Min Hyunရော ပီတီဖြစ်နေလို့ မဆုံးပါ...
"သားငယ်လေးက သားကြီးဆို အရမ်းချစ်ရှာတာပါ...ဟိုးငယ်ငယ်လေးကတည်းက အရိပ်တကြည့်ကြည့်နဲ့....''
YOU ARE READING
Limited Region(Completed)
Fanfictionကန့်သတ်နယ်မြေတွေဆို ကျွန်တော်သိပ်မုန်းတယ် ကိုကို ~ OTP-YOONKOOK💙 ကန့်သတ်နယ်မြေတွေဆို ကျွန်တော်သိပ်မုန်းတယ် ကိုကို ~ OTP-YOONKOOK💙