tLimited Region-5

892 130 102
                                    

Unicode

ခြေလှမ်းတို့ကို တစထက်တစ သွက်စေလို့ သူတနေရာကို ဦးတည်မိသည်....ယနေ့....စာမေးပွဲနောက်ဆုံးနေ့ဖြစ်ပြီး ဒီအချိန်ဆို ကိုကိုလဲ ဖြေပြီးလောက်ပြီမို့ ကိုကိုစောင့်မနေရဖို့အရေး အမြန်ပြေးနေခြင်း...

မပင်ပန်းဘူးလားမေးရင် သူပြုံးမိမည်ထင်သည်....မပင်ပန်းပါဘူး...ဟိုငယ်ငယ်လေးကတည်းက သူစောင့်ရှောက်လာခဲ့တဲ့ သူ့ကိုကို....

သူ့ရဲ့စာမေးပွဲကိုတောင် ဂရုမစိုက်အားပဲ ကိုကို့အတွက်သာ အချိန်ပေးခဲ့တဲ့သူ့ကို အရူးတယောက်လို ကြည့်နေသူတွေရှိပေမဲ့ ဘာလုပ်ရမှာလဲလေ....သူ့အတွက် အရေးကြီးတာ ကိုကိုသည်သာ မဟုတ်ပါလား....

''ကိုကို....''

သူရောက်တာနဲ့ ကိုကိုထွက်လာတာက ကွက်တိဖြစ်နေခဲ့သည်...ချွေးဗရပွစီးကျနေတဲ့သူ့ကို ကိုကိုက စိုးရိမ်သလိုကြည့်ပြီး ချက်ခြင်းပဲ အကြည့်လွှဲသွားပြန်လေရဲ့....

"ကိုကို...စာမေးပွဲ ဖြေနိုင်ရဲ့လား...''

ကိုကို့လက်ထဲက စာအုပ်လေးတချို့ကို လက်လွှဲယူမေးတော့ ခေါင်းသာငြိမ့်ပြသည်....

တဆိတ်!...သိပ်လွန်နေပြီမထင်ဘူးလား....တလနီးပါးရှိပြီ...သူ့အပေါ် ကိုကိုဒီလောက်ထိ အေးစက်စက် ဆက်ဆံနိုင်လွန်းတယ်ပေါ့လေ....

"ကိုကို!...."

ခပ်စောင့်စောင့်ခေါ်ပြီး ပခုံးကနေ ဆွဲလှည့်လိုက်တော့ အင့်ဆိုပြီး ထွက်လာတဲ့အသံ....

ဘုတ်ခနဲ ပြုတ်ကျသွားတဲ့ စာအုပ်များနဲ့အတူ သူ့ကိုမော့ကြည့်လာတဲ့ ကိုကို့မျက်ဝန်းတွေမှာ ကြောက်ရွံ့မှုတို့ တွဲခိုနေသည်...

"ကိုကိုဘာအချိုးတွေ ချိုးနေတာလဲ...ကျွန်တော့်ကို မခေါ်နိုင်မပြောနိုင် ဖြစ်နေရအောင် ကျွန်တော်ဘာများ လုပ်မိလိုက်လို့လဲ....''

ကျောင်းမှာဖြစ်နေတာကြောင့် သူစိတ်ကိုအတတ်နိုင်ဆုံး လျှော့ချရင်း နှစ်ယောက်ကြားရုံသာ အံကြိတ်ပြီး ပြောလိုက်သည်....

"ဖြေလေ...''

မဖြေပဲ စူးစိုက်သာကြည့်နေတာမို့ လည်ပင်းတလျှောက် တင်းခနဲ ဖြစ်သွားရခြင်းနဲ့အတူ အထက်သို့ဆန်တက်လာသော ဒေါသများ...

Limited Region(Completed)Where stories live. Discover now