Unicode
ကားစတီယာပေါ်က လက်တွေဟာ တုန်ယင်လို့နေသည်...ဂရုစိုက်ပြီး မောင်းနေတာမှန်ပေမဲ့ အမြင်အာရုံမှာ ဝေဝါးလာတာကြောင့် ကားကိုလမ်းဘေးသို့ ထိုးရပ်လိုက်ရလေ၏...
နားထဲမှာ အထပ်ထပ်ကြားနေသည်က အစောက ဒေါက်တာယန် ပြောခဲ့တဲ့စကားတွေ....
"မင်းက Minအိမ်တော်ရဲ့ သားအရင်းမဟုတ်ဘူး...အမကြီးMinက သူ့သူငယ်ချင်းတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားခဲ့လို့ ကျန်ခဲ့တဲ့သားလေး မင်းကို မွေးစားထားတာ...''
ကိုကိုနဲ့သူက...ကိုကိုနဲ့သူက ညီအကိုအရင်းတွေ မဟုတ်ခဲ့ဖူးတဲ့...ထိုစကားကို ကြားကြားချင်း သူဘယ်လောက်ပျော်ခဲ့ရလဲ...
သို့ပေမဲ့...သို့ပေမဲ့လည်း....စိတ်မကောင်းစရာ အကြောင်းအရာတချို့က သူ့အသိစိတ်ကို နာကျင်အောင် ထိုးနှက်နေလေရဲ့....
"ဒီအကြောင်းတွေကို သိသွားပြီဆိုတော့ တလက်စတည်း ဆရာတခါတည်း ပြောပါရစေ...Mr.Jeonတို့ ဇနီးမောင်နှံက ရိုးရိုးသေခဲ့တာမဟုတ်ဘူး...လုပ်ကြံခံခဲ့ရတာ...''
"ဗျာ...လုပ်ကြံခံရတာ?....''
သူမယုံကြည်နိုင်စွာ ရေရွတ်လိုက်မိသည်...သူ့မိဘတွေက ဘာလို့များလဲ....
"မင်းမိဘတွေရဲ့ ပိုင်ဆိုင်မှုတွေကို မက်မောလို့ပေါ့ သားရယ်....ဒါပေမဲ့ အမကြီးMinက အပါမခံခဲ့ဘူး...မင်းရော မင်းအမွေတွေကိုရော ရအောင်ယူပြီး သူ့စီးပွားရေးနဲ့ ပေါင်းစပ်ခဲ့တာ...သူ့သေတမ်းစာမှာလည်း မင်းတု့ိနှစ်ယောက် အရွယ်ရောက်လာရင် ရထိုက်တဲ့အမွေတွေ အသီးသီးခွဲပေးဖို့ ရေးသွားတယ်....''
ဒေါက်တာယန်စကားကြောင့် သူခေါင်းကိုငုံ့ချလိုက်သည်...မေမေ...မိန်းမသားတန်မဲ့ ရုန်းကန်နေခဲ့ရတာ...ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ...
"ဆရာ့အထင်ပြောရရင် အမကြီးMinရဲ့ သေဆုံးမှုကလည်း ရိုးရိုးတန်းတန်းတော့ မဖြစ်နိုင်ဘူး...''
''ဗျာ...ဆရာပြောချင်တာက...''
''အမကြီးMinလုပ်ကြံခံရတာထင်တယ်...ပထမတခါတုန်းကလဲ အဲ့လိုဖြစ်ဖူးတယ်....ဒါပေမဲ့ အမကြီးMinအစား လူယုံKimက အသက်ပေးသွားခဲ့တာ...''
YOU ARE READING
Limited Region(Completed)
Fanfictionကန့်သတ်နယ်မြေတွေဆို ကျွန်တော်သိပ်မုန်းတယ် ကိုကို ~ OTP-YOONKOOK💙 ကန့်သတ်နယ်မြေတွေဆို ကျွန်တော်သိပ်မုန်းတယ် ကိုကို ~ OTP-YOONKOOK💙