Unicode
တငြိမ့်ငြိမ့်နဲ့ စီးနင်းလာရာကားလေးက လမ်းမကျယ်ကျယ်ထက်မှာ လျှောလျူစွာဖြင့် သွားနေ၏....
မောင်းသူနေရာ၌ နေရာယူထားသော Namjoonတယောက် နောက်ခန်းမှာ အတူထိုင်နေကြသည့် Yoongiနဲ့Jungkookကို ကားအပေါ်မှန်ကတဆင့် လှမ်းကြည့်ရင်း ပြုံးလိုက်မိလေသည်....
ဒုCEOက အကိုကိုသိပ်ချစ်တဲ့ ညီဖြစ်ပုံရသည်...တလမ်းလုံး ကိုကိုဆိုတာကို ပါးစပ်ဖျားမှမချ...
အဲ့လိုညီအကိုတွေ မြင်လိုက်ရတော့လည်း အိမ်ကမျောက်လောင်း Kim Tae Taeကိုသွားသတိရမိသေးသည်...
Kim Taehyungဆိုတာကတော့ သူ့ရဲ့တဦးတည်းသော ညီအရင်းလေးပေါ့...အိပ်မယ်စားမယ် ဂျစ်တိုက်မယ်ပဲသိတဲ့ အဆိုးလေး...
ဘယ်လိုပဲဖြစ်ဖြစ်ပါလေ...မိဘမရှိ...ဆွေမျိုးသားချင်းမရှိတဲ့ သူ့အတွက်တော့ ဒီညီလေးကသာ အရေးကြီးဆုံးသော အဖိုးတန်ရတနာလေး မဟုတ်လား....ချစ်တော့လည်း အလိုလိုက်ရမှာပေါ့...
"ကိုကို!...အဲ့ဒီဂျယ်လီတွေကို အရမ်းကြီးမစားနဲ့လို့....''
"ညီကလည်း...''
"ပြောလိုက်ရင် ညီကလည်းပဲ...ဒါပဲတတ်တာလား....''
"ညီနော်!"
အတွေးတွေလွန်နေတုန်း နောက်ခန်းကထွက်လာတဲ့ အသံလေးတွေကြောင့် သူပြုံးမိပြန်သည်...
ဒီညီအကိုနှစ်ယောက်က တော်တော်လေး အားကျဖို့ကောင်းသား...နည်းနည်းပြောင်းပြန်ဆန်နေတာလေးက လွဲလို့ပေါ့....
"အတွင်းရေးမှူးKim...''
"အာ..ဟုတ်ကဲ့ ဒုCEO...''
"ဗိုက်ဆာနေပြီလား...ကျွန်တော်တို့နားပြီး ထမင်းစားရအောင်လေ...''
"ဒုCEOသဘောပါပဲ...''
သစ်ပင်တွေနဲ့ အရိပ်ရတဲ့ လမ်းရှင်းရှင်းကြီးမှာ ဖြစ်တာကြောင့် သူလဲလမ်းဘေးနားသို့ဝင်ပြီး ကားထိုးရပ်လိုက်သည်...
CEOကတော့ ကားရပ်တာနဲ့ ဘေးနားက မြေကွက်လပ်လေးမှာ ပဝါစလေးကို အပြေးသွားခင်းလေပြီ...
"ညီ...မြန်မြန်လာ...ကို...အဲ...အတွင်းရေးမှူးKimရော....''
ကိုကြီးလို့ခေါ်တော့မည်ကို အမြန်ထိန်းပြီး အတွင်းရေးမှူးKimလို့ ပြောင်းလဲခေါ်လာသည့် CEOကြောင့် သူခေါင်းကိုငုံ့ပြီး ရယ်လိုက်သည်....
YOU ARE READING
Limited Region(Completed)
Fanfictionကန့်သတ်နယ်မြေတွေဆို ကျွန်တော်သိပ်မုန်းတယ် ကိုကို ~ OTP-YOONKOOK💙 ကန့်သတ်နယ်မြေတွေဆို ကျွန်တော်သိပ်မုန်းတယ် ကိုကို ~ OTP-YOONKOOK💙