Unicode
Jungkook စာတွက်နေရင်းက ပြုံးလိုက်မိသည်...ဒီနေ့...ဒီနေ့က သူ့ရဲ့မွေးနေ့...စက်တင်ဘာ တစ်ရက်နေ့ပေါ့....
မွေ့နေ့တိုင်းလိုလို ပါတီလဲမလုပ်....ကိတ်လဲမခွဲဖြစ်ပေမဲ့ ကိုကိုနဲ့အတူ လျှောက်လည်ရင်း မုန့်တွေဝယ်စားဖြစ်ကြသည်...
ဒီနေ့လဲ ခါတိုင်းလိုပဲ လုပ်ဖို့ရာ စဉ်းစားထားသည်မို့ အတန်းချိန်စောဆင်းပြီး ကိုကို့Company လိုက်သွားရမည်....
တဆိတ်!...Taehyung မတွေ့မိသလိုပဲ...
"Jung...Jungkook!...."
အနားထိအပြေးလာပြီးမှ ချက်ခြင်းစုံရပ်သွားကာ မဝံ့မရဲ ခေါ်လာသည့် ကောင်လေးတယောက်ကြောင့် သူမျက်မှောင်ကြုတ်ပြီး မေးဆတ်ပြလိုက်သည်....
"ဟို...Tae..Teahyung...Taehyung ကျောင်းနောက်ဘက်မှာ မြွေကိုက်ခံရလို့တဲ့....''
"ဟမ်???''
သူအလန့်တကြား ထပြီး ကျောင်းအနောက်ဘက်သို့ ပြေးသွားလိုက်သည်...ဘယ်လိုဖြစ်လို့ Taehyungက မြွေပေါက်ခံရတာလဲ....
သူ့ဘဝမှာ ကိုကိုပြီးရင် တခြားတယောက်ကို စိတ်ပူတာ ဒါပထမဆုံးပင်...ဤသည်မှာလဲ Taehyungဆိုတာ သူ့အပေါ် နားလည်အပေးနိုင်ဆုံး သူငယ်ချင်းကောင်းတယောက် ဖြစ်နေ၍...
"Taehyung!...Kim Taehyung!!!''
ကျောင်းအနောက်ဘက်ရောက်တာနဲ့ ဘယ်သူ့မှမတွေ့တာမို့ သူTaehyungကို အော်ခေါ်လိုက်သည်....ပတ်ပတ်လည် လိုက်ကြည့်ပြီး ရှာနေတုန်း...
"Happy Birthday To You....
Happy Birthday To You....
Happy Birthday Dear My Friend Jungkook....
Happy Birthday To You....''
အနောက်ကနေ ကိတ်မုန့်ကိုကိုင်လို့ ထွက်လာသည့် Taehyung....နေပါဦး...ပြောတော့ မြွေကိုက်ခံရတာဆို....
"ဟီး..Supriseတိုက်ချင်လို့ ငါလိမ်ခေါ်ခိုင်းလိုက်တာ...''
"ဘာ?...''
စပ်ဖြီးဖြီး လုပ်ပြနေသော Taehyungအား ဘုကြည့်ကြည့်ကာ ခေါင်းကိုလက်သီးဆုပ်နဲ့ တချက်ထုလိုက်သည်...
"မင်းကတော့လေ...''
"အဟီး...သူငယ်ချင်းလေးကလဲ...''
KAMU SEDANG MEMBACA
Limited Region(Completed)
Fiksi Penggemarကန့်သတ်နယ်မြေတွေဆို ကျွန်တော်သိပ်မုန်းတယ် ကိုကို ~ OTP-YOONKOOK💙 ကန့်သတ်နယ်မြေတွေဆို ကျွန်တော်သိပ်မုန်းတယ် ကိုကို ~ OTP-YOONKOOK💙