Unicode
ရက်တွေကနေ လတွေကို ကူးပြောင်းလာလိုက်တာ...ဘာလိုလိုနဲ့ Jungkookရဲ့ ကျောင်းတက်ချိန်ကိုတောင် တဖန်ပြန်ရောက်ချေပြီ...
"ကိုကို ကျွန်တော်မှာတာတွေကို မမေ့နဲ့နော်...အတွင်းရေးမှူးKimလဲ ကိုကို့ကို ဘေးကကူပေးလိုက်ပါဦး...''
"မစိုးရိမ်ပါနဲ့ ညီရ...ကိုကိုလူကြီးဖြစ်နေပါပြီ...''
အမှာစာတွေ တဖွဖွ ရေရွတ်နေသော ညီ့အား စိတ်ပူတာ ပျောက်လို့ပျောက်ငြား ပြောမိတော့ ပြန်ရသည်မှာ စူးရှရှအကြည့်တခု....
"လူကြီးဖြစ်နေပြီလို့ လွယ်လွယ်မပြောနဲ့လေ...ကိုကို့ပုံစံက ခုမှကလေးသာသာပဲ ရှိသေးတာ...''
ညီ့စကားကြောင့် သူနှုတ်ခမ်းဆူပြီး တကိုယ်လုံးကို ငုံ့ကြည့်လိုက်သည်...ဟုတ်တော့လဲဟုတ်သား...ဘောင်းဘီတိုဝတ်ပြီး ဆွယ်တာနဲ့ သေးညက်ညက်ခန္ဓာကိုယ်က မူကြိုကျောင်းသားကျလို့...
"စိတ်ချပါ...ညီ့ကိုကို...ဒီတလအတွင်း လူကြိးဖြစ်လာစေရမယ်...''
ကွန်ဖီးဒန့်အပြည့်နဲ့ ခေါင်းမော့ကာ ပြောလိုက်တော့ ညီကပြုံးရင်း ခေါင်းခါသည်....
"ညီ...အတန်းချိန်နီးနေပြီ...''
"အွန်း...ကျွန်တော်သွားတော့မယ်...အစစအရာရာ ဂရုစိုက်နော်...''
"အွန်းပါဆို...''
ထိုအခါမှ ကားပေါ်ကဆင်းသွားသည့် ညီဟာ စိတ်မချသလို အနောက်ကို လှည့်ကြည့်လှည့်ကြည့် လုပ်နေသေးတာမို့ အဆင်ပြေကြောင်း ခေါင်းတဆက်ဆက် ငြိမ့်ပြရသေးသည်...
"ဟူးးး''
ညီကျောင်းထဲရောက်သွားပြီဆိုမှ သူသက်ပြင်းမောကိုချရင်း ကားကူရှင်ကို ခေါင်းမှီလိုက်မိသည်....
"ကိုကြီး...''
စတင်မောင်းနှင်တဲ့ ကားနဲ့အတူ သူရဲ့တိုးညှင်းသော ခေါ်သံအဆုံး ကားမောင်းနေသည့် ကိုကြီးက အပေါ်မှန်မှတဆင့် သူရှိရာ နောက်ခန်းကို လှမ်းကြည့်ရင်း ပြန်ထူးသည်...
"ပြောပါ CEO...''
CEO?...သူ့ဘက်က ဒီလောက်ရင်းရင်းနှီးနှီး ဆက်ဆံနေတာတောင် ကိုကြီးက ခုထိ အလုပ်ရှင် အလုပ်သမားပုံစံသာ ပြောဆိုနေတုန်းပင်...
BẠN ĐANG ĐỌC
Limited Region(Completed)
Fanfictionကန့်သတ်နယ်မြေတွေဆို ကျွန်တော်သိပ်မုန်းတယ် ကိုကို ~ OTP-YOONKOOK💙 ကန့်သတ်နယ်မြေတွေဆို ကျွန်တော်သိပ်မုန်းတယ် ကိုကို ~ OTP-YOONKOOK💙