Limited Region-2

1.2K 131 54
                                    

Unicode

"ကိုကို....''

"ညီ....လာလေ....''

အခန်းတံခါးလေးကို ဆွဲဖွင့်ရင်း ကိုက့ိုနားသွားလိုက်ပြီး နွားနို့ခွက်လေးအား ချပေးလိုက်သည်....

"ဘယ်လိုလဲ....''

"အင်း....ဒီလိုပါပဲ....''

သူ့အမေးကို စိတ်မပါသလို ပြန်ဖြေလာသည့် ကိုက့ိုအား သူ့ဘက်သိ့ု ဆွဲလှည့်လိုက်ကာ....

"စိတ်ညစ်နေပြန်ပြီလား ကိုကို...''

ထိုအခါ မျက်နှာကို အောက်ငုံ့လိုက်သူကြောင့် သူသက်ပြင်းချလိုက်သည်.....

ကိုကိုက မွေးရာပါ Timorousပါလာသူ လူသားလေးမို့ တခုခုဆို အရမ်းအတွေးများတတ်သည်....

အထူးသဖြင့် စာမေးပွဲနီးရင် ပိုဆိုး၏....ထို့ကြောင့် သူ့မှာအရိပ်တကြည့်ကြည့် နေနေရခြင်း....

"ဘာတွေစိုးရိမ်နေတာလဲ....ကျွန်တော်ရှိတယ်လေ....ကျွန်တော့်ကိုကြည့်....''

သူ့ပြောတော့ လှန်ကြည့်လာသည့် မျက်ဝန်းအိမ်ငယ်လေး....

"ကျွန်တော်က ကိုကိုနဲ့အတူ အမြဲအတူရှိနေပေးမှာမို့ ဘာမှ စိုးရိမ်နေစရာမလိုဘူး....နော်....''

ပြုံးရင်းပြောတော့ ကိုကို့နှုတ်ခမ်းလေးတွေ ကွေးညွတ်လာသည်....

ထိုင်ခုံမှာ ထိုင်နေတဲ့ ကိုကို့ကို သူကမတ်တပ်ရပ်အနေထားနဲ့ ကြည့်နေတာမို့ ကိုကိုက သူ့ခါးကိုဖတ်ရင်း ဝမ်းဗိုက်မှာ ပါးလေးကပ်လာသည်...

"အင်း....ညီ့ဆီက အားတွေကူးရမယ်...''

ကိုကို့ရဲ့ ကလေးဆန်တဲ့ အပြောလေးကြောင့် သူပြုံးလိုက်ရင်း ခရမ်းနုရောင် ဆံနွယ်လေးကို ဖွပေးလိုက်သည်...

သူ့အပြုအမူကြောင့် ကိုကိုက ပါးလေးကို သူ့ဝမ်းဗိုက်နဲ့ ပွတ်သပ်နေပြန်သည်....

"အဟားဟား....''

သူသဘောတကျ ရယ်လိုက်သည်....ကိုကိုက သူ့ဆံပင်လေးတွေကို ဖွပေးရင် သိပ်ကြိုက်ပြီး အလိုလိုနေရင်း ကြောင်ချွဲလေးဖြစ်သွားတတ်သည်....

"ဘယ်လိုလဲ...အားတွေပြည့်သွားပြီလား....''

သူ့စကားကြောင့် ကိုကိုက ခေါင်းလေးကို တဆတ်ဆတ်ငြိမ့်ပြသည်...

Limited Region(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ