Limited Region-3

969 123 40
                                    

Unicode

"ကိုကို...''

"Omm...''

"ကျောင်းပြီးတော့မယ်နော်...''

"Omm...''

"..............''

"Omm...''

မနက်စာအနေနဲ့ သူကိုယ်တိုင် ယိုသုတ်ပေးထားတဲ့ ပေါင်မုန့်လေးကိုစားကာ ခေါင်းတငြိမ့်ငြိမ့် လုပ်နေသော ကိုကို....ပြီးမှ သူ့ကို သူခိုးလူမိသလို ကြည့်လာပြီး ဟီးခနဲ ရယ်ပြပြန်သည်....

"ပြောပါဦး...ကျွန်တော်က ဘာပြောရသေးလို့ အွန်းပဲဖြေနေတာလဲ....''

"ဟို...ညီ့ရဲ့နောက်စကားအတွက် တခါတည်းအွန်းလိုက်တာ....''

မျက်နှာကို မချိုမချဉ်လုပ်ပြီး ပြောလာသည့်ကိုကို့အား မျက်ခုံးပင့်ကြည့်လိုက်ကာ....

"ကိုကိုက ကျွန်တော့်စကားကို အရေးမလုပ်ချင်တာလား....''

"မ...မဟုတ်....အဲ့လိုမဟုတ်ပါဘူး ညီရယ်....''

မျက်မှောင်ကြုတ်ပြီး ကြည့်နေ၍ထင်....ချက်ခြင်းမျက်နှာငယ်ကျသွားပြီး  သူ့နဲ့နီးအောင် ထိုင်ခုံလေးတရွတ်တိုက်ဆွဲကာ ရင်ခွင်ထဲတိုးလာပြန်သည်...

"အဲ့မျက်ခုံးကြီးကို မတွန့်ထားပါနဲ့လို့...ဒီကိုကိုက ဒီညီ့စကားကို နားထောင်နေတာမို့ ဆက်ပြောပါ...နော်....''

ချွဲပြန်ပြီ....ပြီရင် ပုံံစံကအရင်အတိုင်း....ပြောင်းလဲသွားတာဖြင့် တခုမှမရှိ....

"ကျွန်တော်ခုပြောမှာက အရမ်းအရေးကြီးတယ်ကိုကို...''

"Omm...ပြောပြော...''

ရင်ခွင်ထဲက မထွက်ဘဲ ရင်ဘတ်ကိုပါးအပ်ပြီး ခေါင်းတငြိမ့်ငြိမ့် လုပ်နေပြန်သည့် ကိုကို....

"ကိုကိုက ဒီလိုကြီးနေနေတော့ ကျွန်တော်က ဘယ်လိုလုပ်ပြောလို့ရမှာလဲ....ဖတ်ထားတာ ခနလွှတ်ဦး...''

ပြောရင်း ရင်ခွင်ထဲက ဆွဲထုတ်လိုက်ကာ သူ့ကို မျက်လုံးဝိုင်းလေးနဲ့ ကြည့်နေသည့်ကိုကိုအား....

"ကျောင်းကပြီးဖို့ တလပဲလိုတော့တယ်....တကယ်လို့ ကျောင်းပြီးဘွဲ့ရပြီဆိုရင် ကိုကို မေမေ့Companyမှာ အလုပ်ဝင်ရမယ်....''

Limited Region(Completed)Место, где живут истории. Откройте их для себя