Unicode
ကော်ဖီခွက်ကိုကိုင်ရင်း အဝေးတနေရာကို သူငေးကြည့်နေမိသည်...ရှည်လျားတဲ့ ဆံနွယ်တွေက မျက်လုံးကို ဖုံးအုပ်နေရင်းပေါ့...
သုံးနှစ်...သုံးနှစ်တောင်ကြာသွားခဲ့ပြီ...ဒီသုံးနှစ်အတွင်းမှာ သူ့နှလုံးသားကလွဲပြီး အားလုံးဟာ ပြောင်းလဲသွားခဲ့သည်....
Kim Namjoon....Kim Taehyung....သူယုံကြည်အားထားရတဲ့ လူယုံတယောက်...သူခင်မင်တွယ်တာခဲ့တဲ့ လူတစ်ယောက်...အဲ့ဒီနှစ်ယောက်လုံး ဘယ်ရောက်နေလဲ...သူမသိ...
လိုက်ရှာဖို့လည်း သူမကြိုးစားမိ...ကိုယ်တိုင်ကိုယ်ကျ နှင်ထုတ်ခဲ့ပြီးမှ ပြန်ရှာနေလည်း သူ့ကိုဘယ်သူက ကြည်ဖြူမှာလဲ...
ဒါဆို...ကိုကိုရော...ကိုကို...အဟက်...
"သားငယ်...အအေးပတ်မယ်လေ...အထဲဝင်ရအောင်...''
အနားရောက်လာသည့် ဦးလေးအား သူခေါင်းခါပြလိုက်သည်...
"မအေးပါဘူး ဦးလေးရယ်...ဒီအအေးဒဏ်လောက်ကတော့ ကျွန်တော်ခံနိုင်ရည် ရှိရမှာပေါ့...''
သူ့စကားအဆုံး ဦးလေးဆီမှ သက်ပြင်းချသံယဲ့ယဲ့အား ကြားရသည်...သနားသလို အဲ့ဒီသက်ပြင်းချသံတွေနဲ့လည်း သူတော်တော်လေး ရင်းနှီးနေပြီမို့ ဒေါသမထွက်ဖြစ်တော့...
"ကိုကိုရော...အဆင်ပြေတယ်မို့လား...''
"အင်း...သားကြီးက အဆင်ပြေနေပြီးသားပါ...''
ထိုသို့ကြားရပြန်တော့ မှိုင်းညို့နေတဲ့ မျက်ဝန်းတွေကြားက ပျော်ရွှင်မှုကို သူမရရအောင် ခေါ်ဆောင်မိသည်....
အဆင်ပြေမှာပါ~သူနဲ့ဝေးရာအရပ်မှာ ကိုကိုအဆင်ပြေနေမှာပေါ့....
Limited Region___________________________
"CEOခင်ဗျ...သူက အတွင်းရေးမှူးအသစ်ပါ..အရည်အချင်းကတော့ ကျွန်တော်အပြည့်အဝ စစ်ထားပြီးသား...CEOထပ်ပြီး စစ်ဆေးမယ်ဆိုလည်း...''
မန်နေဂျာစကားအား CEOဆိုသူက လက်တဖက်ကာပြသည်...သွေးစိမ်းကြောတို့ ဖောင်းပွယှက်ဖြာနေသည့် လက်အသွယ်သွယ်နဲ့အတူ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပါးက အာဏာဆန်ဆန် စကားတချို့အားဆို၏....
VOUS LISEZ
Limited Region(Completed)
Fanfictionကန့်သတ်နယ်မြေတွေဆို ကျွန်တော်သိပ်မုန်းတယ် ကိုကို ~ OTP-YOONKOOK💙 ကန့်သတ်နယ်မြေတွေဆို ကျွန်တော်သိပ်မုန်းတယ် ကိုကို ~ OTP-YOONKOOK💙