Unicode
စကားပြောမယ်ဆိုပြီး ခုထိဘာစကားမှ ဆိုမလာသူကြောင့် သူနာရီကို တချက်ကြည့်ကာ...
"ဆယ့်ငါးမိနစ်ကျော်နေပါပြီ Min Yoongishi...ပြောစရာမရှိဘူးဆိုရင်...''
"မင်းကဘယ်လိုဖြစ်ပြီး ဒီကိုပြန်ရောက်လာတာလဲ...''
သူ့စကားအား ဖြတ်မေးလိုက်တော့ Min Yoongiကြောင့် ဟက်ခနဲရယ်ပြီး လက်ပိုက်ကာ နောက်ကိုမှီလိုက်သည်...
"ကျွန်တော်ဘယ်လိုပြန်ရောက်ရောက် Min Yoongiကိစ္စမဟုတ်ဖူးထင်တယ်...''
"ကျစ်...ငါ့ကိုလာရွဲ့မနေနဲ့ Taehyung...ငါအကောင်းမေးနေတာ...''
ပြောင်းလဲသွားသည်...Min Yoongiပြောင်းလဲသွားတာ အရမ်းကိုပဲ....
"ကျွန်တော့်ကို ပါမောက္ခက ဒီကိုတာဝန်လွှဲလိုက်လို့ပါ...''
သူကောင်းကောင်းမွန်မွန်ပဲ ပြန်ဖြေလိုက်တော့သည်...မကြာခင် အပြီးထွက်သွားတော့မယ် ဆိုတဲ့လူကို ကောင်းမွန်စွာပဲ ဆက်ဆံပေးလိုက်တာ ကောင်းသည်လေ...
"ကိုကြီးရော...အခုပါခဲ့လား...''
''Hyungက Switzerlandမှာ သူ့ခင်ပွန်း Kim Seokjinနဲ့ နေခဲ့တယ်...Koreaပြည်ကို ယောင်လို့တောင် ခြေမချချင်ဘူးတဲ့လေ...''
ကောင်းကောင်းပြောချင်ပေမဲ့ Hyungအကြောင်းက ပါလာတာမို့ ခပ်ရွဲ့ရွဲ့ပြန်ဖြစ်သွား၏...
"ကိုကြီးက အိမ်ထောင်ကျသွားပြီကိုး...ကောင်းပါတယ်လေ...ငါမင်းကို တောင်းပန်ပါတယ်...ငါသာ ကိုကြီးပြောစကား နားထောင်ခဲ့ရင် ခုလိုတွေ ဖြစ်မှာမဟုတ်ဘူး...''
မျက်နှာငယ်လေးနဲ့ တောင်းပန်လာသူကြောင့် သူ့ကိုယ်က ဆက်ခနဲ မတ်သွားရသည်...
"ငါမရှိတဲ့ တစ်နှစ်အတွင်းမှာ ညီ့ကိုဂရုစိုက်ပေးပါ...ငါမင်းကိုယုံတယ်...''
သူမျက်မှောင်ကြုတ်ရင်း ခေါင်းကိုအတန်ငယ် စောင်းလိုက်သည်....
"တစ်နှစ်?...ခင်ဗျားပြောတော့...''
စကားကိုဆက်မပြောပဲ ဒီတိုင်းထောက်လိုက်တော့ Min Yoongiကပြုံးလေ၏...
"ငါညီ့ကို တမင်သက်သက် ရွဲ့ပြောခဲ့တာပါ...တကယ်တော့ ငါသွွားမှာ တနှစ်လောက်ပါပဲ.....''
YOU ARE READING
Limited Region(Completed)
Fanfictionကန့်သတ်နယ်မြေတွေဆို ကျွန်တော်သိပ်မုန်းတယ် ကိုကို ~ OTP-YOONKOOK💙 ကန့်သတ်နယ်မြေတွေဆို ကျွန်တော်သိပ်မုန်းတယ် ကိုကို ~ OTP-YOONKOOK💙