~ ချစ်သူလို့အမည်မသတ်မှတ်ဘဲ
ချစ်နေမိသူပါ
အချစ်ကိုလိုချင်မိလို့
အမုန်းကြောင့်ငိုရမယ်ဆိုရင်လည်း
သံသရာအဆက်ဆက်
မကျွတ်မလွတ်စတမ်း
ငိုပြရမယ့်သူဟာ
ငါပါပဲ~
Park Chanyeol..
______________If For You....____________
Chanyeol အိပ်ရာမှ နိုးနိုးချင်း ဘေးဘက်ကုတင်သို့ ခေါင်းငဲ့ကြည့်လိုက်တယ်.. ဒါပေမယ့် သူမျှော်လင့်ထားတဲ့ မြင်ကွင်းလေးကို မမြင်ရတော့ စိတ်ထဲ မတင်မကျလေးဖြစ်သွားတယ်..
^^ ဒီကောင်လေး ဘယ်သွားနေပြန်တာပါလိမ့်.. ^^
ခါတိုင်းဆို သူကပဲ ဒီအိပ်ပုပ်ပိစိလေးကို အမြဲနိုးနေကျ.. Yeol နှိုးလိုက်တိုင်းလည်း Baek က ထမယ်ပြောပြောပြီး ပြန်အိပ်ပျော်သွားတတ်လို့ Baek ကို အိပ်ရာနှိုးဖို့အရေး Yeol မှာ နာရီဝက်လောက်တော့ အသာလေး အချိန်ကုန်ရစမြဲပါ..
ကိစ္စမရှိ.. ဒါသူ့ရဲ့ နေ့စဉ်တာဝန်တစ်ခုလိုကို ဖြစ်နေပြီ.. စိတ်ရှည်တတ်တဲ့ Suho hyung တောင် Baek ကို အိပ်ရာနှိုးဖို့ ဖလက်ပြသွားသည်.. သူ့မှာသာ ဒီသေးသေးပိစိလေးကို ဘာ့ကြောင့်ရယ်မှန်းမသိ.. စိတ်မြန်လက်မြန်ရှိတဲ့ သူက Baek အတွက်ဆို ရှည်သွားတဲ့ ကိုယ့်စိတ်ကိုလည်း နားမလည်နိုင်..
^^ လူကောင်သေးသလောက် ကြီးလိုက်တဲ့ အိပ်ပုပ်လေးနော်.. ^^ လို့ သူမထိတထိလေး စလိုက်ရင် Baek က ငေါက်ခနဲ ထပြီး dorm တစ်ခုလုံး ပွက်လောရိုက်အောင် အော်ရင်း သူ့ကိုလိုက်ရိုက်လိုက် Yeol က မီးဖိုခန်းထဲဝင်ပြီး ဟင်းအိုးတန်းလန်းနဲ့ D.O ကို ပတ်ပြေးလိုက် နောက်ဆုံးတော့ D.O က နှစ်ယောက်လုံးကို ယောက်မနဲ့ ခေါက်ရော.. ဒီလိုနဲ့ Par Chanyeol ဆိုတဲ့ သူ့ရဲ့ တစ်နေ့တာ နံနက်ခင်းကို စတင်နေကျပါ..
^^ ဒီနေ့မှ ထူးထူးဆန်းဆန်း အစောကြီးထပြီး ဘယ်သွားတာပါလိမ့်.. ? ^^ လို့တွေးရင်း Yeol ကိုယ်လက်သန့်စင် ရေမိုးချိုးပြီး ph ကို ကောက်ဖွင့်တော့ သူ့ noona ဆီမှ miss call တွေက 14 ခု.. အင်တာနက်ဖွင့်တော့လည်း twitter မှာရော weibo, ig မှာတောင်မကျန် fan တွေဆီမှ msg တွေ တစ်ပုံကြီးတက်လာသည်..
YOU ARE READING
If For You....
FanfictionWe are just friends... Can't you more than that? CB (Yaoi) *Baek နဲ့ Teyeon * caseဖြစ်တုန်းကရေးထားတဲ့ficလေးပါ အားလုံးက သာသာ့စိတ်ကူးသက်သက်ပါနော် ❤️