Baek တစ်ယောက် စိတ်တိုတိုနဲ့ dorm ကို ပြန်အလာ လမ်းမှာ Chanyeol ကို တွေ့လေတယ်.. တွေ့တာတောင်ရိုးရိုးတွေ့တာမဟုတ် A Pink က ကောင်မလေးတွေနဲ့ တွဲတွေ့တာ.. သွားတိုက်ဆေးကြော်ငြာနေသလား မှတ်ရတယ်..
* ဟွန်း.. ငါ့မှာတော့ သူစိတ်ဆင်းရဲပြီး ဟိုတစ်ခါကလို ငိုနေပြန်ပြီလားဆိုပြီး စိတ်ပူလိုက်ရတာ.. သူကတော့ ဟိုဟာမလေးတွေနဲ့ ဘာညာသရကာတွေကို ဖြစ်လို့ ရုပ်ကလည်းကြည့်ဦး ဖြီးနေတာပဲ.. သွားတွေတောင် အအေးပတ်မှာ စိုးရတယ်.. ဟိုမိန်းမတွေကလည်း ငါ့ရည်းစားနား အတင်းကို ကပ်နေတာပဲ ယောကျာ်းတော်တော်ရှားနေလား မသိဘူး.. အယ် နေပါဦး.. ရည်းစား? O.o ငါ Yeol ကို သဝန်တိုနေတာလား.. အာ မဖြစ်နိုင်တာ ယောကျာ်းအချင်းချင်း.. Baekhyun Baekhyun သတိထားစမ်း *
အမှန်မှာ Chanyeol က စိတ်ညစ်နေ၍ လမ်းထွက်လျှောက်ရာ A Pink အဖွဲ့နှင့်တိုးပြီး သူ့မှာပြေးလို့လည်းမရ ဟန်ဆောင်ပြုံးလေးနှင့် sign ထိုးပေးရတာကော စကားရောဖောလုပ်နေရတာပါ.. ဒီအဖွဲ့က Chanyeol oppa Chanyeol oppa နဲ့ သူ့ကိုဆို အသေရရ အရှင်ရရ အမဲဖျက်ချင်နေကြတာလေ သူ့မှာ အားနာပါးနာနဲ့ စကားသာပြန်ပြောနေရတာ စိတ်ထဲမှာတော့ အနီးဆုံးတိုင်နဲ့ ခေါင်းနဲ့သာ ဝင်ဆောင့်ပြီး သေချင်စိတ်ပေါက်နေလေရဲ့..
Baek တစ်ယောက်ကတော့ ကိုယ့်ကိုကိုယ် Jelly နင်နေမှန်းမသိဘဲ သုတ်သုတ်သုတ်သုတ်နဲ့ တခြားလမ်းကလှည့်ပြန်လာခဲ့တယ်.. dorm ထဲရောက်တော့ ဘယ်သူမှသိပ်မရှိကြ.. ဒီနေ့ SM CEO က U.S က Share case နဲ့ တစ်လလောက်ထွက်သွားမှာဆိုတော့ idol တိုင်းလိုလို အမေရိကန်လွပ်လပ်ရေးနေ့ထက်တောင် ပိုပျော်နေကြကာ ဟိုသွား ဒီသွား လုပ်ကြလေတယ်.. အခုလည်း dorm ထဲမှာ Suho ရယ် အာပြဲစိန် Chen ရယ် မီးဖိုချောင်ထဲက Kyungsoo ရယ်ပဲ ရှိတယ်..
Baek sofa ပေါ်ထိုင်လိုက်ရင်း ခပ်ပျင်းပျင်းရှိတာနဲ့ TV ဖွင့်ကြည့်နေလိုက်တယ်.. လာနေတာက Traveling progrem.. but သူ့စိတ်ထဲမှာတော့ Yeol ကို စိတ်တွေလှိမ့်တိုကာ Yeol Yeol Yeol Yeol နဲ့ တYeol တည်း Yeol နေသည်.. TV ကို အာရုံစိုက်ကြည့်လိုက်တော့ Baek မျက်လုံးတွေ ကားဘီးလောက်ကိုရှိသွားတယ်..
Chanyeol က စကတ်တိုလေးနဲ့ မိန်းကလေးတွေ ဝတ်တဲ့ T.Shirt လက်ပြတ်လေးနဲ့ ခရီးအကြောင်းရှင်းပြနေလေသည်..
YOU ARE READING
If For You....
FanfictionWe are just friends... Can't you more than that? CB (Yaoi) *Baek နဲ့ Teyeon * caseဖြစ်တုန်းကရေးထားတဲ့ficလေးပါ အားလုံးက သာသာ့စိတ်ကူးသက်သက်ပါနော် ❤️