Our First Kiss

7.4K 461 3
                                    

*ကျွီ..ချောက်..*

တံခါးပွင့်သံ....Baek စိတ်ထဲ ချက်ချင်းလက်ခနဲဖြစ်သွားပြီး ဝရံတာဘက်တွင်ရပ်နေရာမှ အိပ်ခန်းကိုကျော်၍ တံခါးဆီ အပြေးလေးသွားမိတယ်..

ဟော..တွေ့ပါပြီ..သူစိတ်အပူကြီးပူနေခဲ့ရ တဲ့ Yeol ပါပဲ..Yeol မျက်လုံးလေးတွေ မှေးစင်း လေးလံနေသလို လျှောက်လာပုံကလည်း ယိုင်ထိုးယိုင်ထိုးနဲ့ဆိုတော့ Yeol သောက်လာမှန်း Baekသိလိုက်တယ်..ပုံမှန်ဆို Yeolကလွယ်လွယ် နဲ့မူးတတ်တဲ့သူမဟုတ်...အခု ဘယ်လောက်ထိများသောက်လာလို့ ကိုယ့်ကိုကိုယ်တောင်မနိုင်တော့သလို လူမသိသူမသိမူးလာတာလဲ...

ဒါပေမယ့်..လောလောဆယ်တော့ ဒါတွေမတွေးအားသေး.. Baekတစ်ယောက် လဲကျတော့မလို ယိုင်သွားတဲ့Yeolကိုအပြေးသွားထူရ တယ်.. သန်မာသော Yeolရဲ့လက်မောင်းကြီးတစ်ဖက်ကို သူ့ပခုံးသေးသေးလေးပေါ် တင်ကာ Yeolသွားရာ နောက် လိုက်တွဲနေရတယ်.. Yeolက ဝရံတာဘက်လည်းရောက်ရော သူ့ကိုလာတွဲတဲ့ Baekကို ငုံ့ကြည့်တယ်.. Baekကလည်း ဘယ်လောက်ထိသောက်လာလဲလို့ မေးမလို့ မော့အကြည့်နဲ့ နှစ်ယောက်စလုံးရဲ့အကြည့် တွေ စုဆုံသွားလေတယ်..

Yeol...Yeolမျက်ဝန်းတွေက ငိုထားသလိုမျိုး မျက်ရည်တစ်စွန်းတစ်စတွေနဲ့... ပြီးတော့ သူ့ကိုကြည့်တဲ့အကြည့်တွေထဲမှာ..ဝမ်းနည်းနေ သလိုလို.. တစ်ခုခုကိုလက်လွှတ်လိုက်ရတဲ့ပုံစံမျိုး အရိပ်အယောင်တွေနဲ့.. ပြောရမယ်ဆိုရင်တော့.. နာကျင်မှုတွေ ပြည့်နေတဲ့ ရီဝေရစ်သိုင်းသော အကြည့်မျိုး...ထူးဆန်းတယ် Yeolသူ့ကို တစ်ခါမှဒီလိုမကြည့်ဖူးဘူး...Baek Yeolရဲ့မျက်ဝန်းတွေကို အဖြေရှာလို့မရသေးခင်မှာပဲ...

Baek ရဲ့ ကိုယ်လေးဆတ်ခနဲ လည်ထွက်သွားပြီး ခါးသေးသေးလေးကို သန်မာနွေးထွေးတဲ့ လက်တစ်စုံက ခပ်တင်းတင်းဖက်ကာ နှုတ်ခမ်းလေးတွေပေါ်ကို နူးညံ့နွေးထွေးတဲ့ နှုတ်ခမ်းတစ်စုံက ချက်ချင်းကျ ရောက်လာတယ်..Baekကိုယ်လုံးလေးက Yeolရင်ခွင်ထဲ နစ်နေပြီး Yeolလက်တွေကလည်း လွတ်ထွက်သွားမှာစိုးသည့်အလား အတင်းကြပ်ဆုံး အနေအထားနဲ့ ဆွဲဖက်ထားတော့ အသက်ရှူတောင်ကျပ်လာရတယ်.. Baek မျက်လုံးလေးတွေပြူးကျယ်သွားပြီး ဘာမှပြန်မလုပ်မိဘဲ မှင်သက်နေမိတယ်.. Yeolကတော့ မျက်လုံးတွေကိုမှိတ်လိုက်ကာ နှုတ်ခမ်းနှစ်စုံရဲ့ထိတွေ့မှုကိုပဲ အာရုံတွေ လွှတ်ထားလိုက်တော့တယ်...

If For You....Where stories live. Discover now