အခန်းတံခါးကို ကျောမှီထိုင်ချလိုက်ရင်း သူငိုနေမိတယ်.. ခုဖြစ်ခဲ့တဲ့ကိစ္စက သူ့အတွက် အရမ်းကို စိတ်ရှုပ်ဖို့ကောင်းလွန်းနေတယ်လေ..
ရုတ်တရက် အခန်းထဲက ဂစ်တာသံသဲ့သဲ့ ကို ကြားလိုက်မိလို့ ဘာရယ်မဟုတ်..နားစွင့်မိတယ်.. ဂီတသံစဉ်တွေရဲ့နောက်မှာတော့ ဆို့နင့်တိုးညှင်းသော သီချင်းဆိုသံတစ်ခု ထွက်လာလေရဲ့..
My heart beat is so fast..
When You Smile at me..
My Mind is so blank..
When you look at me..
Sometime, I .. think why I love you.. so much.. Oh...
Sometime, I hope .. You'll be my sweat heart.. My Boyfriend..
But I... Never become your heart..
You are my butterfly..You're my everthing.. Tonight, the sky is clear and the.. stars gossip about..
You and me..
But I'm happy.. Just A little friend..
Oh oh.. Even I could'nt hold your soft fingers , Just A little friend..
Yeol အသံ.. Baek သိတာပေါ့.. သူ့ကို မနက်တိုင်း စိတ်ရှည်လက်ရှည် နှိုးပေးတတ်တဲ့သူ... စိတ်ကောက်ရင် မပြေမချင်း လိုက်ချော့တတ်တဲ့သူ... သူ့ကို ကလေးလေးတစ်ယောက်လို သဘောထားပြီး အသေးအဖွဲကအစ ဂရုစိုက်ပေးခဲ့သူ.. Yeol ..
သူမှားသွားခဲ့ပြီလား...
မစသင့်တဲ့ ခရီးတစ်ခုကို လျှောက်လှမ်းခဲ့မိပြီလား...
မရေရာတဲ့ အတွေးတွေက ခေါင်းထဲမှာ တန်းစီနေရင်း မျက်ရည်တို့ကလည်း ပါးပြင်မှာ မြစ်တစ်စင်းစီ ဖြစ်ထွန်းခဲ့ပြီ...
Noona.. ??
No..ပါ..
Noona နဲ့ ပတ်သက်လို့ သူ့ခံစားချက်တွေက ခုချိန်ထိ ရေခဲမှတ်ပဲ ရှိနေပါသေးတယ်.. ဒါဆိုသူ ဘာ့ကြောင့် တွဲခဲ့တာလဲ.. သေချာမသိသော မေးခွန်းတစ်ခုပါပဲ..
Yeol ကိုရော...
ဒီမေးခွန်းအတွက်တော့ သူ့မှာ အဖြေမရှိသေးဘူးလို့ပဲ Baek ယူဆတယ်.. အတွေးစတို့က အခန်းထဲက ထွက်လာတဲ့ ဩရှရှအသံတစ်ခုကြောင့် ပြတ်တောက်သွားခဲ့တယ်..
YOU ARE READING
If For You....
FanfictionWe are just friends... Can't you more than that? CB (Yaoi) *Baek နဲ့ Teyeon * caseဖြစ်တုန်းကရေးထားတဲ့ficလေးပါ အားလုံးက သာသာ့စိတ်ကူးသက်သက်ပါနော် ❤️