" ပေးပါ.. ကိုယ်ဝတ်ပါ့မယ်.."
ပြောလည်းပြော Baek လက်ထဲက shirt လက်ရှည် အပြာနု ကွက်ကြားလေးကို Yeol က ဆွဲယူလိုက်သည်.. အင်္ကျီလေးက သူ့လက်ထဲပါလာပေမယ့် လက်မောင်းရင်း နှစ်ဖက်လုံးဆီမှ နာကျင်မှုက စိမ့်တက်လာတာမို့..
" အား!! ကျွတ်စ်!! "
အင်္ကျီလေးက သူတို့နှစ်ယောက်ကြား ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်.. အင်္ကျီတစ်ထည်ကိုတောင် စွဲစွဲမြဲမြဲ ကိုင်မထားသေးနိုင်တဲ့ ကိုယ့်လက်တွေ ကိုယ် စိတ်ပျက်တဲ့ ပုံစံနဲ့ သူညည်းညူမိတော့ Baek က ပူပန်သည့်မျက်နှာလေးနှင့် ကြမ်းပြင်ပေါ်က shirt လေးကို ဒူးညွှတ်ကာ ပြန်ကောက်လိုက်ရင်း..
" တွေ့လား.. အာ့ကြောင့်ပြောတာ!.. ငြိမ်ငြိမ်နေပါဆို!!.. ငါဝတ်ပေးပါ့မယ်.. "
Baek က ကရုဏာဒေါသလေးနဲ့ ပြောလိုက်သဖြင့် Yeol တစ်ယောက် ဘာမှထပ်မပြောတော့ဘဲ ငြိမ်သွားကာ Baek ကို ငေးငေးလေးကြည့်နေလေသည်..
လွန်ခဲ့တဲ့နှစ်ရက်.. Yeol နိုးလာတဲ့နေ့မှာပေါ့.. Dr. က မှာသွားခဲ့တယ်.. accident ကြောင့် လှုပ်ရှားမှု များများလုပ်လို့မရဘူး ဟု မှာသွားသည်.. dead cell တွေက Yeol ခန္ဓာအတွင်းတွင် ပြန်လည်တည်ဆောက်နေချိန်မို့ ဘာမှမလှုပ်ရှားတာ အကောင်းဆုံးတဲ့.. လမ်းလျှောက်တာကတော့ လုပ်ပေးရမည်တဲ့.. Dr. မှာသွားတဲ့ အချက်တွေအကုန်လုံး Baek ခေါင်းထဲမှာ အစီအရီပေါ်လာခဲ့သည်..
Baekhyun's pov:
Accident တုန်းက တိုက်တဲ့အရှိန်ပြင်းတာရော.. တောင်ပေါ်က လိမ့်ကျတာရောနဲ့ ပေါင်းပြီး Yeol တစ်ကိုယ်လုံး ကိုင်ရိုက်ထားအောင် နာကျင်နေမှာ သူသိပါသည်.. Yeol ကို ထပ်မနာစေချင်.. အထူးသဖြင့် သူ့ကြောင့်... သူ့ကြောင့်..။
Baek သက်ပြင်းငွေ့ငွေ့လေးကို မသိမသာ ချလိုက်ရင်း.. Yeol ကို မော့ကြည့်လိုက်သည်.. Oh.. သူ့ကို စိုက်ကြည့်နေပါလား..
ရင်ထဲမှာ နွေးနွေးလေးဖြစ်သွားသလို ရှက်ရွံ့စိတ်ကြောင့် မျက်လွှာလေးပြန်ချလိုက်သည်.. တကယ်တမ်း Yeol အင်္ကျီချွတ်ပေးရမည်ဆိုတော့ လူကရင်တုန်လာသလို.. ဒူးတွေတောင် ညွှတ်ချင်ချင်.. Baek ပါးလေးဖောင်းကာ လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီးနောက်တော့... တဒိန်းဒိန်းခုန်နေတဲ့ နှလုံးသားလေးနဲ့အတူ Baek လက်တွေက Yeol ဝတ်ထားတဲ့ shirt ရဲ့ ကြယ်သီးတွေဆီ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ရောက်သွားလေပြီ..
YOU ARE READING
If For You....
FanfictionWe are just friends... Can't you more than that? CB (Yaoi) *Baek နဲ့ Teyeon * caseဖြစ်တုန်းကရေးထားတဲ့ficလေးပါ အားလုံးက သာသာ့စိတ်ကူးသက်သက်ပါနော် ❤️