My Yoda

5K 402 0
                                    

" Chanyeol "

ခေါ်သံကြောင့် ခုံတန်းလေးပေါ်ထိုင်ရင်း လမင်းကြီးကို ငေးနေမိရာက သူလှည့်ကြည့်မိတယ်..

" ဩော် Hyung "


" ဘာလို့ အပြင်ဘက်ထွက်ထိုင်နေတာလဲ အပြင်မှာ အေးတယ်ကွ.. အချိန်ကိုလည်းကြည့်ဦး.. ည 10 နာရီကျော်နေပြီ.. နေလည်းကောင်းသေးတာ မဟုတ်ဘဲနဲ့ကွာ.. "

အမြဲတစေ member တွေကို ဂရုစိုက်တတ်တဲ့ သူတို့ EXO ရဲ့ leader ကြီး Suho hyung ကိုကြည့်ရင်း သူနုံးချိစွာ ပြုံးပြမိတယ်..

" အထဲမှာနေရတာ မွန်းလို့ပါ hyungရာ.. "

" အေးပါကွာ.. လောလောဆယ်တော့ မင်း အိပ်ရတော့မယ်.. Doctor ကမှာသွားတယ် မင်းအားပြည့်ဖို့ အိပ်ချိန်များများလိုတယ်တဲ့.."

သူ လမင်းကြီးကို တစ်ချက်ပြန်မော့ကြည့်ရင်း သက်ပြင်းသဲ့သဲ့ချလိုက်တယ်..

" Nae hyung "

Yeol ထိုင်နေရာကနေ ထရပ်လိုက်တော့ ခေါင်းထဲမှာ မိုက်ခနဲ.. နာကျင်မှုနဲ့အတူ လူက ယိုင်သွားတာကြောင့် Suho hyungက အပြေးအလွှားလာတွဲတယ်.. သူခေါင်းကို လက်နဲ့ဖိထားရင်း ခဏငြိမ်နေလိုက်တယ်..

" ငါမပြောဘူးလား.. မင်းအားနည်းနေပါတယ်ဆို..preasure တွေကျနေတာ.. "

ဟုတ်ပါတယ်.. ပင်မသွေးလွှတ်ကြောတွေဆုံတဲ့ နေရာ.. သူ့လက်ကောက်ဝတ်က သွေးတွေအများကြီး သွန်ထားရတဲ့အတွက် သူကိုယ်တိုင်လည်း အရမ်းအားနည်းနေပါပြီ.. သူအိပ်ရာထဲ ဝင်ပြီးလှဲလိုက်တော့ Suho hyungက ဝရံတာတံခါးကိုပိတ်ကာ သူ့ကို စောင်ခြုံပေးပြီးနောက် မီးပိတ်ပြီးထွက်သွားပါတော့တယ်..

Yeol အိပ်လို့မရသေးဘဲ မှန်တံခါးကိုဖြတ်ပြီး ဝရံတာအပြင်ဘက်မှာ စီးဆင်းနေတဲ့ စမ်းချောင်းလေးရယ်.. ငွေလရောင်ရဲ့ ဖြန့်ကျက်မှုအောက်မှာ တလက်လက်ဖြစ်နေတဲ့ ကျောက်စရစ်ခဲလေးတွေကို ငေးကြည့်ရင်း သူမြတ်နိုးရတဲ့ ကောင်လေးကို လွမ်းနေမိတယ်...

ဝင်းပနေတဲ့ လမင်းကြီးထက် Baek မျက်နှာလေးက ပိုပြီးဖြူစင်ပါတယ်... လရောင်အောက်မှာ လင်းလက်နေတဲ့ ကျောက်စရစ်ခဲလေးတွေထက် Baek မျက်လုံးလေးတွေက ပိုလို့တောင်တောက်ပနေပါတယ်.. တသွင်သွင်စီးနေတဲ့ စမ်းချောင်းလေးထက် Baek အပြုံးက ပိုအေးချမ်းတယ်လေ...

If For You....Where stories live. Discover now