Suho အိပ်ဖို့ အခန်းထဲ ဝင်လာတော့ Yaxingက အိပ်နှင့်နေပြီ.. ထုံးစံအတိုင်း အသံစုံ မြည်ဟိန်းရင်းနဲ့ အိပ်ပျော်နေတာပေါ့.. တော်သေးတယ် Layက Baekhyunလောက် မဆိုးလို့.. Baekhyunဆို အိပ်ရင်ဆူညံပွက်လောကို ရိုက်လို့.. သူလည်း တစ်ညတည်း တစ်ခန်းထဲ တူတူအိပ်ဖူးတာ.. Chanyeol က Mတွေနဲ့ Chinaကိုပါသွားတော့ Baekhyunက သရဲကြောက်လို့ဆိုပြီး သွားအိပ်ပေးရတာလေ အဲ့မှာပဲ Suho lessonကောင်းကောင်း ရိုက်ခံ လိုက်ရတယ် တစ်ညလုံး သူ့မှာ Baekhyun အသံတွေကြောင့် အိပ်မရ.. ဟိုလူး သည်လှိမ့်နဲ့.. နားဒုက္ခရောက်နေရတယ်လေ..
ဒီကြားထဲ တစ်ခါတစ်လေဆို Baekhuun က အိပ်ရင်း ထထယောင်ပြီး လမ်းလျှောက်တတ် တယ်.. အကြောင်းမသိတဲ့ သူသာ ခံလိုက်ရတာ.. ဒီလို ဟာလေးမျိုးနဲ့ Chanyeol ဘယ်လိုလုပ် တစ်ခန်းထဲ အတူတူ အိပ်သလဲမသိ..
Suho ကိုယ့်ခုတင်ဆီရောက်မှ မျက်လုံးပြူးသွားတယ်.. ကုတင်ပေါ်မှာ မွေ့ရာ ကလွဲလို့ ဘာမှရှိမနေဘူးလေ..
"ဟ..ငါ့ ခေါင်းအုံးနဲ့စောင် ဘယ်ဘုံပြောင်း သွားတာလဲ.. ??"
Suho ခေါင်းတစ်ချက် ကုတ်လိုက်ရင်း...Layကိုကြည့်လိုက်တယ် ဟင်း.. ဒင်းကတော့ ခေါင်းကို ဆင်နင်းသွားတောင် နိုးမယ့်ပုံမပေါ်ဘူး..
" Yaxing.. Yaxing.. YAHHHH..
ZHANG YAXING !! "
" Hyungရာ ဘာလို့စွတ်အော်နေတာလဲ ဒီမှာ နားကွဲတော့မယ် အိပ်နေတဲ့လူကို လာနှိုးနေ တယ် ဝှား~~ "
" ငါ့ခေါင်းအုံးနဲ့စောင် မင်းယူသေးလား ?? "
" ကြံကြီးစည်ရာ.. Hyungဟာတွေ ဘာကိစ္စ ယူရမှာလဲဗျ.. ပြန်ရောင်းစားလို့လည်းရတာ မဟုတ်ဘဲနဲ့..."
" ဒါဖြင့် ဘယ်ပျောက်သွားတာပါလိမ့် "
" လုပ်ပီ ကိုယ့်ဟာကိုယ်အမြဲမေ့နေတယ်.. နေ့လည်ကပဲ အေးအေးဆေးဆေး စာဖတ်ချင်လို့ဆိုပြီး Vocal roomထဲ သွား အိပ်တာ မဟုတ်ဘူးလား အဲ့မှာရှိမှာပေါ့ "
" ဩော် ဟုတ်သားဟ Sorryကွာ ပြန်အိပ် ပြန်အိပ်.. "
Suho အခန်းထဲကထွက်သွားတော့ Layတစ်ယောက် သမ်းဝေပြီး ပြန်အိပ်လိုက်တယ်
YOU ARE READING
If For You....
FanfictionWe are just friends... Can't you more than that? CB (Yaoi) *Baek နဲ့ Teyeon * caseဖြစ်တုန်းကရေးထားတဲ့ficလေးပါ အားလုံးက သာသာ့စိတ်ကူးသက်သက်ပါနော် ❤️