Just A Friend

5K 391 4
                                    

ခပ်ဖျော့ဖျော့ နေရောင်ခြည်လေးက မှန်တံခါးကနေတစ်ဆင့် ဆိတ်ငြိမ်လျက်ရှိတဲ့ အခန်းလေးထဲကို ဖြာကျနေတယ်.. အိပ်ရေးဝနေပြီ ဖြစ်တဲ့မျက်လုံးတွေက အလိုလိုပွင့်လာကာ သူ နိုးလာခဲ့ပါပြီ.. နာရီကိုကြည့်တော့ 6:00 AM.. အင်း ညကစောစော အိပ်ပျော်သွားခဲ့တယ်ထင်ပါတယ်..


ရုတ်တရက် သူ့နှာဝမှာ ရင်းနှီးပြီးသား ဖြစ်တဲ့ ကိုယ်သင်းနံ့ဖျော့ဖျော့လေးကို ရတာနဲ့ သူချက်ချင်းခေါင်းကိုငဲ့စောင်းကြည့်တော့... Baek.. Baek က သူ့ဘေးမှာ....အိပ်ယာခင်းစပေါ် ခေါင်းလေးစောင်းပြီး ကုတင်ဘေးမှာ ထိုင်ရက်ကြီးခွေခေါက်အိပ်နေလေရဲ့.. Yeol အနည်းငယ် အံ့ဩသွားမိတယ်.. Baek ကဘာလို့ သူ့အိပ်ယာဘေးရောက်နေတာလဲ... မနေ့ညက.. မနေ့ညက သူအိပ်ပျော်သွားပြီးနောက်ပိုင်း Baek ရောက်လာခဲ့တာလား... ဒါဆို.. ဒါဆို. Baek ကသူ့ကို စိတ်ပူလို့လာခဲ့တာပေါ့.. ဟုတ်မဟုတ်မသိပေမယ့် Baek က သူ့ကို ဂရုစိုက်သေးသားပဲ ဆိုတဲ့ အတွေးကြောင့် သူ့နှလုံးသားတစ်ခုလုံး နွေးထွေးသွားရပြီး ကြည်နူးမှုလေးဖြစ်လာခဲ့တယ်...

သူ့ဘေးမှာ ခေါင်းလေးစောင်းပြီး အိပ်ပျော်နေရှာတဲ့ ကောင်လေးကို Yeol မြတ်နိုးစွာနဲ့ ငေးကြည့်နေမိတယ်... အိပျော့ပျော့ အညိုရောင်ဆံနွယ်လေးတွေက ကပိုကရိုလေးကျနေသလို.. အိပ်ပျော်နေတာကြောင့် မှိတ်ထားတဲ့ မျက်လုံးလေးဆီက မျက်တောင်ရှည်ရှည်စင်းစင်းလေးတွေ.. ဖြောင့်စင်းနေတဲ့ နှာတံလေးနဲ့...ပါးမို့လေးတွေက ရွှေဝါရောင်နေခြည်လေးအောက်မှာ သွေးကြောစိမ်းလေးတွေပေါ်အောင်ထိကို ဖြူနုဝင်းမွတ်နေပြီး.. နောက်ဆုံးကတော့ သူ့ကို အဆွဲဆောင်ဆုံးသော ပန်းနုရောင် စိုအိနေတဲ့ နှုတ်ခမ်းပါးလေးတွေ... ကြည့်နေရင်းနဲ့မှ ရင်တွေက တဒိန်းဒိန်းဆောင့်ခုန်လာပြန်တယ်... Aish.. ရူးတော့မှာပဲ... Chanyeol တစ်ယောက် အဲ့ဒီနှုတ်ခမ်းပါးလေးတွေဆီမှ အကြည့်မလွှဲနိုင်ဖြစ်နေလေရဲ့.. Baek ဟာ သူ့အတွက်တော့ နံနက်ခင်းရဲ့ နေရောင်ခြည်နုနုလေးအောက်မှာ လှချင်တိုင်းလှနေတဲ့ အနူးညံ့ဆုံးသော ပန်းလေးတစ်ပွင့်ပါပဲ... ဒီကောင်လေးကို သူက မထိရက် မခူးဆွတ်ရက်သည်အထိ တန်ဖိုးထားမြတ်နိုးရပါသည်ဆိုလျှင်တော့ လွန်မယ်မထင်...

If For You....Where stories live. Discover now