Please Don't Go.

4.7K 400 16
                                    


11:47 pm ..

     အိပ်စက်နေသဖြင့် ပကတိငြိမ်းချမ်းနေသော Yeol မျက်နှာလေးက လောကကြီးကို လျစ်လျူရှုထားသယောင်..

     

     အခန်းထဲတွင် တိတ်ဆိတ်စွာရပ်နေကြသော Suho တို့ 10 ယောက်အပြင် ဂျူတီကျ ဆရာဝန်လေး Joung Ki  ပါ ရင်တမမနှင့် ရှိနေကြသည်.. သူတို့ရှေ့တွင်တော့ ရှိုက်သံတွေကို ဖုံးဖိကာ ကုတင်အနားတွင် နှစ်ရက်လုံးလုံး တစ်ဖဝါးမခွာ ထိုင်နေသော Baekhyun .. Baek ရှေ့တွင်တော့ ငြိမ်သက်စွာ လဲလျောင်းနေသော Chanyeol ...

11:50 pm..

    ကားနေသော နားရွက်ချွန်ချွန်လေးတွေရဲ့ အဖျားတွေက နီရဲနေသဖြင့် အေးနေတာဖြစ်ပေလိမ့်မည်.. Baek တွေးလိုက်ရင်း Yeol ဝမ်းဗိုက်ထက်က ထူအိသော စောင်ကို ရင်ဘတ်ပေါ်သို့ တိုးခြုံပေးလိုက်၏..

11:56 pm..

    ရွေ့လျားနေသော စက္ကန့်တို့နှင့်အပြိုင် Baek ရင်ထဲက စိုးရိမ်မှုကလည်း တစ်စတစ်စ ကြီးထွားလာလေသည်..

" Yeol-ah .. Jelpal ... "

11:59 pm..

    အချိန်တွေက ရပ်တန့်ထားချင်မိသည်.. နောက်တစ်နေ့ကူးရန် အချိန် 1 min ပင်မရှိတော့.. စက္ကန့်ပိုင်းလေးလောက်သာ လိုတော့သည်.. ဒီစက္ကန့်ပိုင်းလေးကိုပဲ ရသလောက်ဆွဲထားချင်မိပါ၏.. ကျွန်တော့်အတွက် တကယ့်ကို အရေးကြီးတဲ့ စက္ကန့်လေးတွေရယ်ပါ..

   အေးစက်နေသော Yeol လက်ကလေးကို ကျွန်တော့်လက်ဖဝါးလေးတွေကြားထားကာ တတ်နိုင်သရွေ့ မငိုမိအောင် ထိန်းထားရသည်.. ငိုချင်လျက်နှင့် အောင့်ထားတာကြာပြီဖြစ်သောကြောင့် ရင်ဘတ်ထဲက နာကျင်ဆို့နင့်မှုဝေဒနာက စူးခနဲ စိမ့်တက်လာခဲ့ပြီ..

4..3sec. 2sec ..1sec..

12:00 am

       နာရီလက်တံ နှစ်ခုက 12 တိတိကို ဒင်ခနဲ ရောက်သွားတာနဲ့ တစ်ပြိုင်နက် ကုတင်ဘေးရှိ နှလုံးခုန်နှုန်းကို ပြသည့်စက်က အသံမြည်လာသည်.. မျဉ်းတွန့်လေးများကိုပြနေရာမှ တဖြည်းဖြည်း ကျဲပါးလာကာ နောက်ဆုံးတွင် မျဉ်းဖြောင့် တစ်ကြောင်းအဖြစ်သို့ ရောက်ရှိသွားလေ၏..

If For You....Where stories live. Discover now