Patent Groom

5.3K 260 5
                                    

Wedding...

မင်္ဂလာယူကြတဲ့အချိန်ပေါ့...

အပြုံးတွေ.. အပျော်တွေ... ထိုအပြုံးတွေကြားမှာ ရင်နှင့်ပြုံးတာလည်းရှိမည်.. ကြွက်သား လှုပ်ရှားမှုနှင့် ပြုံးတာလည်း ရှိမည်.. ဘယ်လိုပဲပြုံးပါစေ.. နှုတ်ခမ်းဖျားတွေ ကွေးသွားရစမြဲပဲ မို့လား..

အချစ်မှာလည်း ထိုကဲ့သို့ပင်..
နှလုံးသားနှင့် ချစ်တာလည်း ရှိမည်.. မသိစိတ်ကို ယုံစားပြီး ချစ်တာလည်း ရှိမည်.. ဘယ်လိုပဲ ချစ်ပါစေ.. ချစ်တဲ့လူရော အချစ်ခံရတဲ့လူရော.. သက်ရောက်မှုအနည်းနဲ့ အများတော့ရှိတာချည်းပင်..

ထိုမင်္ဂလာခန်းမထဲတွင် နှလုံးသားနှင့် ချစ်ပြီး ကြွက်သားနှင့်ပြုံးနေရသော လူတစ်ယောက် ရှိလေသည်..

သူ့မျက်လုံးများက ပရိသတ်ဆီသို့သာ.. ထိုသူက မင်္ဂလာသတို့သား..

သတို့သမီးကတော့ သူ့ဘေးမှာ.. အားလုံးက လိုက်ဖက်လှသည်ဆိုပြီး ကောင်းချီးပေးနေပေမယ့် သတို့သားကတော့ ထိုစကားများက နားဝဆီသို့တောင်မရောက်.. ကြားခံ လေဟာနယ်ထဲမှာပင်ပျောက်ကွယ်သွားသယောင်..

Baek ... သူဘယ်မှာလဲ?
အရာအားလုံး ရှင်းလင်းတော့မည့် နေ့တွင်မှ သူဘာလို့ ရောက်မလာသေးတာလဲ? Yeol နှစ်ပတ်လုံးလုံး ကြိုးစားခဲ့ရသမျှ ရည်ရွယ်ချက်တစ်ခုတည်းက Baek စိတ်ထဲမှာ ရှင်းလင်းသွားစေဖို့...

အခုတော့ဖြင့် သက်ဆိုင်သူက ဘယ်ဆီဘယ်ဝယ်မှန်းမသိ.. မနက်အစောကတည်းက staff တွေ ဆွဲခေါ်လာတာကြောင့် အိပ်ပျော်နေသော puppy လေးကို မနှိုးတော့ပဲ ထွက်လာခဲ့တာ သူမှားပြီထင်သည်.. Note လေးတစ်စောင်တောင်မရေးခဲ့ရပေ.. ဒါ့အပြင် Baek ကို ဒီwedding အကြောင်းမပြောရသေးပါ.. ပြောမထွက်တာဆို ပိုမှန်မည်.. စိတ်မညစ်စေချင်ပါ.. မျက်နှာတော်လေး ညှိုးရင်ကို သူခက်ရချည်ရဲ့ မဟုတ်လား..

ဒါပေမယ့်လည်း မပြောခဲ့မိတာကိုပဲ အခုမှ Yeol နောင်တရပါသည်.. ဒီအချိန်မှ သိရခြင်းက သူ့သက်ဆိုင်သူလေးကို ပိုနာကျင်စေမယ်မှန်း သူသတိထားမိခဲ့သင့်သည်..

ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲမှာ Baek ကို သူရှိစေချင်သည်.. သူ့နှလုံးသားနှင့် သက်ဆိုင်သူဟာ ဘယ်သူပါဆိုတာကို ကြေညာခြင်းအတွက် Baek ကို ဒီမှာရှိစေ့ချင်သည်..

If For You....Where stories live. Discover now