မိုးစက်တွေဟာ အငြိုးအတေးကြီးစွာ သည်းသည်းမည်းမည်း ရွာချလို့နေသည်.. အေးစိမ့်စိုစွတ်နေသော ပတ်ဝန်းကျင်လေဟာ သူ့မျက်နှာကို အရှိန်ပြင်းစွာ တိုက်ခတ်နေတာမို့ Baek ကိုယ်လေး ချမ်းလွန်း၍ တုန်ယင်လာပြီ..
နေရောင်လုံးဝကွယ်ပျောက်နေသော ကောင်းကင်က ညို့မှိုင်းနေသလို အရာအားလုံးသည် သည်းထန်သော မိုးစက်များအောက်တွင် ခြောက်ခြားဖွယ်ရာ အတိ..
သူပြေးနေသည်.. ဒီအဝေးပြေးလမ်းမကြီးပေါ်မှာ မိုးစက်ရေပေါက်တွေကြားမှာ မရပ်မနားဘဲ ပြေးနေမိသည်.. လျှပ်စီးလက်သံ.. မိုးချိန်းသံတွေရဲ့ မာန်ထန်မှုအကြား သူ့ပါးပြင်ပေါ်က မျက်ရည်တွေက ပို၍တောက်လောင်အားကောင်းနေပေသည်.. စွတ်စို အေးစိမ့်လာပေမယ့် ငိုရလွန်းသော ဒီရင်ထဲက နှလုံးသားက သူကိုယ်တိုင်တောင် သေချာမသိသော အရာတစ်ခုကြောင့် ပူလောင်ကာ နာကျင်နေရပြီ..
" Baek!!!! မိုးတွေရွာနေတယ်.. မင်းဖျားလိမ့်မယ်!! ငါ့ကို ရှင်းပြခွင့်လေးတော့ ပေးပါကွာ.. "
Yeol.. Yeol လိုက်လာသည်ပဲ.. ဒါပေမယ့် ခုနက သူ.. noona နဲ့..
" ဟင့်အင်း!!! သွား!! ထွက်သွား!! ငါ့နောက်လိုက်မလာနဲ့!! "
ရှိုက်သံစွက်၍ ဆို့နင့်နေသော အသံကို အားကုန်ခြစ်ကာ အော်လိုက်မိသည်.. Baek ပါးပြင်ပေါ်က မျက်ရည်တွေကို ခပ်ကြမ်းကြမ်းပွတ်သုတ်ကာ ခြေလှမ်းတွေကို အရှိန်မြှင့်လိုက်သည်.. မျက်ရည်စက်တွေက တားမရဆီးမရ ကျလာနေတာ ပါးပေါ်က မိုးရေစက်တွေနှင့် ရောထွေးကုန်သည်..
" Baek!!! ကား!!!!! "
လမ်းချိုးတစ်ခုကို ပြေးဝင်လိုက်ချိန်.. နောက်က Yeol အသံ.. သူရပ်ပြီး လှည့်ကြည့်လိုက်ချိန်.. အကြမ်းပတမ်းမောင်းလာသော ကုန်အပြည့်တင်ထားတဲ့ ကားကြီးတစ်စင်း..
Baek ကြောင်၍ လမ်းမအလယ်မှာ ရပ်နေမိကာ သူ့ဆီ အရှိန်ပြင်းစွာ ရွေ့လျားလာသော အရာကို မျက်ရည်တွေကြားမှ မှုန်ပြပြသာ မြင်ရသည်.. ထိုအရာကြီးက တဖြည်းဖြည်းနီးကပ်လာပြီ.. Baek တစ်ယောက် ထိတ်လန့်သွားသည်.. ကား-ကားကြီးတစ်စင်းပဲ..
YOU ARE READING
If For You....
FanfictionWe are just friends... Can't you more than that? CB (Yaoi) *Baek နဲ့ Teyeon * caseဖြစ်တုန်းကရေးထားတဲ့ficလေးပါ အားလုံးက သာသာ့စိတ်ကူးသက်သက်ပါနော် ❤️