အရာအားလုံးသည် ရှုပ်ထွေးစပြုနေသည်မို့ Chanyeol သက်ပြင်းသဲ့သဲ့သာ ချမိသည်။ ဘာတွေဘယ်လိုဖြစ်သွားမှန်းမသိပေမယ့် သူ့ဘက်က အရှက်ရစရာဖြစ်လောက်အောင် ဘာမှမလွန်ကျူးခဲ့ပေ။သို့သော် Taeyeon noona သည် naked ပုံစံဖြင့် သူ့အိပ်ယာထဲ ရောက်နေသည်မှာ နက်နဲသော sum တစ်ပုဒ် ဖြစ်နေခဲ့သလို Taeyeon noona အတွက် အထိရောက်ဆုံး လက်နက်တစ်ခု ဖြစ်လို့နေသည်။
ဒါတွေက ထားပါတော့။ အခုက ကိုယ့်ကို သစ္စာဟူသော ဝေါဟာရအောက်မှာ ခါးသက်စွာမုန်းတီးသွားသော ချစ်သူ။ ချစ်ရသူအတွက် သူဟာ အင်မတန်ပဲ ရွံ့မုန်းဖို့ အကောင်းဆုံးလူ ဖြစ်သွားခဲ့သည်။ ကိုယ်တိုင်ဖြေရှင်းချက်မပေးနိုင်သေးပေမယ့်ခဏလေးပါပဲ ချစ်သူရယ်။ ခဏလေးပဲစောင့်ပေးပါ။ ကိုယ်တို့ကြားက ပန်းနုရောင်နှောင်ကြိုးကို အခိုင်အမာ ယုံကြည်ပြီးသားမို့ အဖြစ်မှန်ကို ကိုယ်ရအောင် ဖော်ထုတ်မှာပာ။
" Chanyeol !! "
ခပ်ဆတ်ဆတ်ခေါ်လိုက်တဲ့ noona အသံကြောင့် သူဟာ စိတ်ပျက်စွာနဲ့ပဲ present ကို ပြန်လာခဲ့ရလေသည်။ တစ်ယောက်တစ်ပေါက် မေးမြန်းသံတွေ.. ရှေ့မှာ တဖျတ်ဖျတ်လက်နေတဲ့ camera မီးရောင်တွေကြား သူသည် အရမ်းကို မွန်းကြပ်နေရပါသည်။
မေးလာသမျှတွေကို pass လုပ်လိုက်၊ တစ်ချို့အရာတွေကို noona က ဒိုင်ခံဖြေပေးနေတာမို့ သူနှုတ်ဆိတ်နေတာ အချိန်တစ်ခုထိ ရှိသွားပါပြီ။
" Chanyeol-shi က Taeyeon ကို ချစ်လို့ လက်ထပ်မှာလားဆိုတာ မေးပါရစေ "
ဒီမေးခွန်းအတွက် Chanyeol မှာ အဖြေမရှိတာမဟုတ်ပါ။ အဖြေကရှိပြီးသားပေမယ့် မိန်းမသိက္ခာဆိုတဲ့ စကားနဲ့ ချုပ်ကိုင်နေသော noona ကြောင့် သူဟာ လောလောဆယ် မဖြေသေးတာပဲ ဖြစ်လေသည်။
" Hak!! "
ခပ်တိုးတိုးလှောင်ရယ်သံက ဆူညံသံတွေကြားမှာ ထိုးဖောက်လျက် Chanyeol နှလုံးသားထဲအထိ ထိုးဖောက်လို့လာသည်။ အလွတ်ရနေပြီးသားဖြစ်တဲ့ နှလုံးသားရဲ့ စေ့ဆော်မှုနှင့် အတူ ပထမဆုံးအကြိမ် သူ့ရှေ့က media တွေကြား မျက်လုံးဝေ့ကြည့်မိသည်။
Baekkie?
လူပေါင်းများစွာထဲမှာမှ ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းပီး mask တပ်ထားပေမယ့် နာကျည်းရိပ်သန်းသော ဒီမျက်ဝန်းတွေက သူ့ရင်ကို ခပ်ပြင်းပြင်းလာရိုက်ခတ်သည်။
YOU ARE READING
If For You....
FanfictionWe are just friends... Can't you more than that? CB (Yaoi) *Baek နဲ့ Teyeon * caseဖြစ်တုန်းကရေးထားတဲ့ficလေးပါ အားလုံးက သာသာ့စိတ်ကူးသက်သက်ပါနော် ❤️