Am I Wrong?

3.2K 229 5
                                    



အာရုံတစ်ခုနဲ့ အတူ ဖျတ်ခနဲ ပွင့်လာသည့် မျက်ဝန်းတို့က အဖြူရောင် မျက်နှာကျက်ဆီမှာသာ...

တရိပ်ရိပ်မူးဝေနေသော ခေါင်းကို လက်နဲ့ ဖိထားရင်း ထထိုင်ဖို့ ကြိုးစားမိသည်... စိတ်အစဉ်ကို အလုပ်ပေးမိတော့ မနေ့ညက အဖြစ်ကို ပြန်သတိရကာ ကုတင်ဘေးကို ကြည့်မိတော့ သူကမရှိ.. ဘယ်သွားနေပါသလဲ.. တကယ်ဆို သူချစ်လှပါချည်ရဲ့ဆိုတဲ့ လူက မေ့လဲသွားတာတောင် သူသွေးအေးနိုင်သေးသလား...

အလိုမကျမှုတို့နှင့် လိုက်ဖက်စွာ နှုတ်ခမ်းပါးတို့က တွန့်ခနဲ..

သို့သော်...

တံခါးဖွင့်သံနှင့်အတူ အလွတ်ရနေသည့် ပုံရိပ်တစ်ခု တိုးဝင်လာတော့ အမြင်အာရုံရဲ့ ငတ်မွတ်မှုနဲ့အတူ လှည့်ကြည့်မိသည်...

သူပါလား... ခပ်ဖျော့ဖျော့ ပြုံးပြနေသည့် သူ...

မသိစိတ်က လှိုက်ခနဲ ဝမ်းသာသွားမှုနှင့်တူ ဖော်မပြတတ်သော အပျော်တွေက ရင်ထဲတွင် အလုံးအရင်းနှင့် တွန်းထိုးဝင်ရောက်လာကာ နှုတ်ခမ်းပါးတို့ပြုံးချင်ချင်...

သြော်.. ကိုယ့်အနား သူရှိပါလား., ဆိုတဲ့ အတွေးတစ်စနဲ့အတူ ရောင့်ရဲတတ်ကြတဲ့ နှလုံးသားပိုင်ရှင် ချစ်တတ်သူများကို ပထမဆုံးအကြိမ် ကိုယ်ချင်းစာမိသည်..

အနားရောက်လာသော သူက ကုတင်ဘေးကို တစောင်းဝင်ထိုင်ကာ နဖူးပေါ် လက်တစ်ဖက်လာတင်သည်..

" တော်သေးရဲ့.. ခပ်နွေးနွေးပဲရှိတော့တယ်.. "
အရင်လိုပင်.. ကြင်နာသော အမြတ်တနိုး ဂရုစိုက်မှုတွေကို ကျေနပ်စွာ ခံယူမိရင်း မျက်လွှာပင့်ကြည့်မိတော့ ကျွန်တော့်ပါးပြင်နှစ်ဖက်ကို လက်နှစ်ဖက်နှင့် အုပ်မိုးကာ သူက ခပ်ဖွဖွ စကားဆိုသည်..

" အရူးလေး... မိုးရေထဲ အကြာကြီးထိုင်နေရလား... ဖျားရုံပဲဖျားလို့တော်သေးတာပေါ့... တစ်ခုခုဖြစ်သွားရင် ဒီက ရင်ကျိုးမှာဗျ.. သိရဲ့လား "

ဒီလို ချစ်စကားတွေအောက်မှာ ကျွန်တော်၏ ဆိုခဲ့ပြီးသော အမုန်းနှင့် ဝန်တိုစိတ်များသည် ကျွန်တော့်ကို နှုတ်ဆက်တာ့တာပြသွားကြသည့်နောက်..

If For You....Where stories live. Discover now