" ရော့!.. ဒီမှာ.. မင်းတို့အိတ်.. ဒါဆို ငါသွားပြီနော်.. Chanyeol နေကောင်းအောင်အားမွေး.. Baekhyun ကောပဲ.. "
" Nae.. hyung.. "
Manager hyung က သူတို့ရဲ့ အဝတ်အစားအိတ်တွေကို ချပေးပြီး ကျန်တဲ့ member တွေနဲ့ အတူတူ airport ကို ထွက်သွားလေရဲ့.. Suho hyung ရဲ့ စီမံမှုနဲ့ Kai ကောင်းမှုကြောင့် အခုတော့ သူတို့နှစ်ယောက်တည်း Yeol ကွန်ဒိုခန်းထဲမှာ ငုတ်တုတ်ထိုင်နေကြရပြီ.. ဘာကို ဘယ်လို ဘယ်ကစပြောရမှန်းမသိတာကြောင့် Yeol က Baek ကို ကြည့်ရင်း ငြိမ်နေသလို Baek ကျတော့လည်း အိုးတို့အမ်းတမ်း ရှိုးတို့ရှန့်တန့်နဲ့..
Baekhyun's pov:
Baek ကိုယ့်ဟာကိုယ်တစ်ယောင်တည်း တွေးနေမိသည်..* Aish.. အရင်တုန်းကလည်း 2 ယောက် 1 ခန်းနေဖူးတာပဲ.. ဘာမှမထူးဆန်းဘူး.. Baekhyun မင်းလျှောက်တွေးမနေနဲ့တော့.. ahh.. ဒါပေမယ့် အခုဟာက တကယ့်ကို နှစ်ယောက်တည်းကြီးနေရမှာ.. ဘယ်သူမှလဲ မရှိဘူး..* Baek က အမှန်တော့ ဘာဘာညာညာကိစ္စတွေ စိုးရိမ်နေတာမဟုတ်ပါ.. Yeol ကို သူအကြွင်းမဲ့ ယုံကြည်တယ်လေ.. အားလည်းကိုးတယ်.. နှစ်ယောက်တည်းမို့ ရင်ခုန်နေတာလေးတစ်ခုပဲ..
တအောင့်နေတော့ Yeol က လက်က နာရီကို ငုံ့ကြည့်ရင်း Baekကို စကားစပြောလိုက်တော့သည်..
" အာ.. Baek.. "
ကိုယ့်အတွေးနဲ့ ကိုယ်ချာချာလည်နေတုန်းမို့ Yeol က သူ့ကို ခေါ်လိုက်တဲ့အခါ Baek ကိုယ်လေး လန့်ပြီးတုန်တက်သွားသည်..
" အင်..! ဘာ-ဘာလဲ.. "
" ဪ.. အခု 5နာရီတောင်ထိုးတော့မယ်... Baek.. ကိုယ်dinnerအတွက် စီစဉ်ဖို့ kitchen ထဲ ခဏဝင်လိုက်ဦးမယ်.. ဒီမှာ TV ကြည့်ရင်းစောင့်နေပေါ့.. ok?.."
သူ အဲ့လိုကြီးကျတော့ ဘဝင်မကျ.. ဘယ့်နှယ် နေမကောင်းတဲ့ Yeol ကို လုပ်ခိုင်းရမှာလဲ.. Yeol က အခုမှ အဖျားရှိန်သေခါစရှိသေးတာ.. မဖြစ်ပါဘူး..
" ဟင့်အင်း.. မင်းပဲ ထိုင်နေ.. ငါသွားလုပ်လိုက်ပါ့မယ်.. Dr. ပြောထားတယ်.. ပင်ပန်း လို့မဖြစ်ဘူး.. မင်းတစ်ခုခုဖြစ်သွားရင် ငါ-ငါ-"
Chanyeol's pov:
ပြောရင်း ရင်ထဲဆို့နင့်နာကျင်လာတာကြောင့် Baek မျက်ဝန်းလေးတွေမှာ ပုလဲဥလေးတွေ ခိုတွယ်လာသည်.. Yeol က Baekတစ်ယောက်ငိုတော့မယ်ဆိုတာ သိတာကြောင့် ဖျောင်းဖျရလေသည်.. ဘာပဲဖြစ်ဖြစ် Baek ရင်ထဲမှာ သူ့အတွက် စိတ်ပူပေးတယ်ဆိုရင်ပဲ Yeol အတွက် လုံလောက်ခဲ့ပါပြီ.. တခြားဘာကိုမှ သူထပ်မမျှော်လင့်ပါဘူး.. ဒီအတိုင်း သူ့ဘက်က ချစ်နေရရုံလေးတင်ကို ကျေနပ်ပါသည်..
YOU ARE READING
If For You....
FanfictionWe are just friends... Can't you more than that? CB (Yaoi) *Baek နဲ့ Teyeon * caseဖြစ်တုန်းကရေးထားတဲ့ficလေးပါ အားလုံးက သာသာ့စိတ်ကူးသက်သက်ပါနော် ❤️