Baek တစ်ယောက် အိပ်ချင်မူးတူးနဲ့နိုးလာပြီး ဘေးဘက်က Yeol ရှိမယ့် အိပ်ယာပေါ်ကို လက်ချောင်းလေးတွေနဲ့ လိုက်စမ်းမိသည်.. လဟာပြင်တစ်ခုသာ .. Yeol ရှိမနေ.. အိပ်ချင်စိတ်ကြောင့် မှေးစင်းနေတဲ့ မျက်ဝန်းလေးတွေ စိုးရိမ်မှုကြောင့်ပွင့်ဟသွားပြီး ငေါက်ခနဲထထိုင်ကာ ဟိုဟိုဒီဒီ လှည့်ရှာနေမိစဉ်..
" Morning.. Baek ဘာရှာနေတာလဲ? "
Baekလှည့်ကြည့်လိုက်တော့ အိပ်ခန်းထဲကို breakfast ဗန်းလေးမရင်း အပြုံးတစ်ခုနဲ့ နှုတ်ဆက်သော Yeol.. ခုမှပဲသက်ပြင်း ငွေ့ငွေ့လေးချနိုင်တော့သည်.. *အမှန်တော့ ကျွန်တော်ထင်နေတာ "Yeolသူ့ကို တစ်ယောက်တည်းများထားခဲ့ပြီလားလို့ပေါ့"..* စူးစမ်းသလိုကြည့်နေတဲ့ သူ့မျက်ဝန်းတွေကို အပြုံးလေးတစ်ခုနဲ့ ကလေးလေးလို ခေါင်းယမ်းပြလိုက်ရင်း..
" arrni.. morning ပါ.. Yeol.. အစောကြီးထသွားတာလား.. "
" အင်း.. မင်းစားဖို့ breakfast သွားပြင်တာလေ.. ခြေထောက် ဘယ်လိုနေသေးလဲ? "
" ရပီ.. လျှောက်လို့ရသွားပါပြီ.. "
" တော်သေးတာပေါ့.. "
Yeolက ဗန်းကို စားပွဲပေါ်ချရင်း ကုတင်ဘေးဝင်ထိုင်တော့ Baek က သူ့ကို မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ ကြည့်နေလေသည်..
အိပ်ယာထကာစမို့ Baek ဆံပင်လေးတွေက ဟိုထောင် ဒီထောင်နဲ့ ရှုပ်ပွနေပြီး မျက်ခွံလေးတွေက ပါးပြင်လေးတွေအတိုင်းပဲ ခပ်မို့မို့လေးဖြစ်နေတာ အိပ်ရေးဝထားကြောင်းထင်ရှားသည်.. နှုတ်ခမ်းပါးလေးကလည်း ထုံးစံအတိုင်း ပန်းသွေးရောင်နုနုလေး ကြွနေတော့ Yeolတစ်ယောက်ကြည့်နေရင်း နှလုံးသားက ဗွေထဖောက်ပြန်ပြီပေါ့.. ချက်ချင်းဆိုသလို Yeol လက်ဖဝါးတစ်ဖက် Baek နဖူးပြင်လေးပေါ်ရောက်လာကာ..
" မှန်း.. အာ.. အဖျားကျသွားပြီပဲ.. ဆေးတော့သောက်ရဦးမယ်.. "
" ဟင် ငါဖျားလို့လား.. "
" အင်း.. မင်းမနေ့ညက ဖျားနေတယ်.. အာ့ကြောင့် ကိုယ်ရေပတ်တိုက်ပေးပြီး ဆေးတိုက်ထားတာ.."
** ရေပတ်တိုက်ပေးတာ.. ဗုဒ္ဓေါ!! ** Baek ကိုယ့်ကိုကိုယ်ပြန်ငုံ့ကြည့်တော့ မနေ့ညက ဝတ်အိပ်တဲ့ အဝတ်အစားမဟုတ်.. အာ့ အာ့ဆို.. Yeol.. Yeol က သူ့ကို အဝတ်အစားတွေ အကုန်ချွတ်ပြီး.. andwe!!
YOU ARE READING
If For You....
FanfictionWe are just friends... Can't you more than that? CB (Yaoi) *Baek နဲ့ Teyeon * caseဖြစ်တုန်းကရေးထားတဲ့ficလေးပါ အားလုံးက သာသာ့စိတ်ကူးသက်သက်ပါနော် ❤️