" Baekhyuniee အခွံနွှာပေးကွာ.."
Baek သက်ပြင်းချရင်း ဘေးနားမှာ အတင်းတိုးကပ်ထိုင်နေတဲ့ noona ကို ငဲ့ကြည့် လိုက်တယ်.. noona က သူ့ပခုံးတစ်ဖက်ပေါ်ကို လက်တစ်ဖက်တင်ထားရင်း တစ်ဖက်ကလည်း တစ်ထွာလောက်ရှိတဲ့ ငှက်ပျောသီးကို သူ့ကို ထိုးပေးနေတယ်..
" noona ရယ်.. ကလေးလည်းမဟုတ်ဘဲနဲ့.. "
" အဟင်း ကလေးမဟုတ်လို့ပဲ မင်းကို နွှာခိုင်းနေတာပေါ့ကွာ.. ဘယ်မိန်းကလေးမဆို ကိုယ့်ရည်းစားချောချောလေးက အသေးအဖွဲလေးကအစ ဂရုစိုက်တာခံချင်တာပဲဟာကို နော်.. Chanyeol ရယ် "
Member တွေ အများကြီးစုထိုင်နေတဲ့ ကြားက Yeol ကိုပဲ ရွေးမေးတာ ဘာသဘောပါလိမ့်..Baek မျက်နှာပျက်သွားတယ်.. member တွေကို အားနာတာလည်းပါတာပေါ့.. နောက်ပြီး Yeol... Yeol မျက်နှာလေးက ခုထိကိုလန်းလန်းဆန်းဆန်း မရှိဘဲ ညှိုးရော်နေကာ သူကိုကြည့်နေတာကြောင့် သူ့ရင်ထဲမှာ တင်းကြပ်သွားတယ်.. ဘာလဲကွာ.. လာပြန်ပြီ.. ဒီfeelingကြီး...
ဒါပေမယ့်.. ကားပါကင်တုန်းက မြင်ကွင်းက မျက်ဝန်းထဲ ပြန်မြင်လာတော့ Yeol ကို နည်းနည်းတော့တင်းသွားတယ်.. အဲဒါကြောင့်.. မဲ့ပြုံးလေးတစ်ခုကို မသိမသာပြုံးလိုက်ရင်း noona လက်ထဲက ငှက်ပျောသီးကိုယူပြီး ကျကျနနအခွံနွှာပေးလိုက်တော့ noona က ကျေနပ်သွားတဲ့ပုံနဲ့..
" Aigoo.. noona Baekyunie လေး ချစ်ဖို့ကောင်းချက်.. "
ကလေးလေးတစ်ယောက်ကို စသလိုပုံမျိုးနဲ့ သူ့ပါးကို လက်တစ်ဖက်နဲ့ ဆွဲလိုက်တော့ Baek တွန့်ခနဲဖြစ်သွားပြီး တစ်စုံတစ်ခုကို ပြန်တမ်းတမိတယ်.. ဒီအပြုအမူမျိုးဟာ အရင်တုန်းက Yeol နဲ့ စကားပြိုင်ပြောတဲ့အခါ Yeol နိုင်သွားလို့ သူဆူပုပ်ပြီး စိတ်ကောက်နေရင် Yeol က အမြဲတမ်း သူ့ပါးလေူတစ်ဖက်ကို ဒီလိုပဲ ဖွဖွလေး ဆွဲလိမ်နေကျ.. noona လုပ်တာလည်း နာတော့မနာ.. ဒါပေမယ့် သိမ်မွေ့ညင်သာပုံချင်းကျ မတူသလိုမျိုးရင်ထဲမှာ ခံစားနေရတာ ဘာ့ကြောင့်ပါလိမ့်..
Chanyeol မျက်နှာလွှဲလိုက်တယ်.. မဟုတ်ရင် မျက်ဝန်းတွေထဲက ပုလဲတွေ စပြီး ရစ်သိုင်းနေတာကို မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ Baek တို့စုံတွဲ မြင်သွားရင် မကောင်းဘူးလေ.. သူများအတွဲကြည်နူးနေတဲ့ အချိန်မှာ တစ်ယောက် ယောက်က လာငိုနေရင် ဘယ်ကြည်ပါ့မလဲနော်..သူ့အဖြစ်က ဘေးကနေ မြင်သာမြင်ရပြီး တားပိုင်ခွင့်မရှိတဲ့သူ...
YOU ARE READING
If For You....
FanfictionWe are just friends... Can't you more than that? CB (Yaoi) *Baek နဲ့ Teyeon * caseဖြစ်တုန်းကရေးထားတဲ့ficလေးပါ အားလုံးက သာသာ့စိတ်ကူးသက်သက်ပါနော် ❤️