Chapter (40)_တထန္ျပည္ကို ခ်ီတက္ တိုက္ခိုက္ျခင္း (Z+U)
နယ္စား ၂ ဦးက တပ္မဟာ (6) နဲ႕ (7) ကို ဦးေဆာင္ျပီး တထန္ျပည္ကို တိုက္ခိုက္သိမ္းပိုက္ရန္ ထြက္လာသည္။ တစ္ခါမွ ေျမာက္ပုိင္းက ဒီေလာက္မ်ားသည့္ အင္အားအလံုးအရင္းျဖင့္ ေတာင္ပို္င္းကို ခ်ီတက္ တိုက္ခိုက္သည္ကို မႀကံဳဖူးေသာေႀကာင့္ ျပည္သူေတြက တုန္လႈပ္ေခ်ာက္ခ်ားေနႀကေပမယ့္ တထန္ျပည္၏ ေလ့က်င့္သားဝေနသည့္ စစ္သည္ေတာ္မ်ားက စစ္သူႀကီးဝတ္စံုကို ဝတ္ဆင္ထားသည့္ နာမည္ေက်ာ္ လ်ံတုိင္းျပည္၏ အိမ္ေရွ႕မင္းသမီး ဟီဒယ္ကို ျမင္လိုက္ရစဥ္ စိတ္တက္ႀကြလာခဲ့သည္။
ေလာေလာဆည္ တထန္ျပည္၏ စစ္ေသနာပတိခ်ဳပ္ျဖစ္သည့္ အိမ္ေရွ႕စံ ထန္လိုခိ မရွိေပမယ့္ ဟီဒယ္ မင္းသမိိီးကို စစ္ဝတ္စံုျဖင့္ ေတြ႕လိုက္ရစဥ္ စိတ္အားတက္ႀကြကာ တည္ျငိမ္လာႀကသည္။
ဟီဒယ္က နန္းရင္ျပင္ေရွ႕က စစ္တပ္ႀကီးကို ႀကည့္ကာ မိ္န္႕ခြန္းေျပာႀကားခဲ့သည္။
"တထန္ျပည္က စစ္သည္ေတာ္ ေမာင္နွမအေပါင္းတို႕.... အခု ေျမာက္ပိုင္းက အာဏာရူး နန္ေက်ာင္တပ္ေတြက ေတာင္ပိုင္းကို တိုက္ခိုက္သိမ္းပိုက္ျပီး ကြ်န္ျပဳဖို႕ လာေနပါျပီ။ ကြ်န္မတို႕ ေတာင္ပိုင္းသားေတြက လြတ္လပ္တဲ့ ဘဝမွာ ေအးေအးခ်မ္းခ်မ္းေနခဲ့ႀကတယ္။ အာဏာရူးေနတဲ့ စစ္တပ္က အင္အားႀကီးတယ္ဆိုေပမယ့္ ကြ်န္မတို႕က ကိုယ့္တုိင္းျပည္၊ ကိုယ့္လြတ္လပ္မႈကို ကာကြယ္ႀကသူေတြျဖစ္လို႕ နတ္ေကာင္းနတ္ျမတ္ေတြက ကြ်န္မတို႕နဲ႕အတူ အျမဲလိုက္ပါ ေစာင့္ေရွာက္ေနပါတယ္။ တရားမွ်တမႈအတြက္ တိုက္ပြဲဝင္ေနတဲ့ စစ္သည္ေတာ္တိုင္းကို စစ္နတ္ဘုရားရဲ႕ဝိဥာဥ္က ပူးကပ္ျပီး ေစာင့္ေရွာက္ေပးေနတယ္။ ကြ်န္မတို႕က ကိုယ့္လြတ္လပ္မႈ၊ ကိုယ့္တုိင္းျပည္ကို ကာကြယ္ရင္း ေသသြားရမယ္ဆိုရင္ေတာင္ ရဲရင့္သူေတြက တစ္ခါပဲ ေသႀကမယ္။ ေႀကာက္စိတ္ဝင္လို႕ အရံႈးေပးလိုက္ရင္ သားစဥ္ေျမးဆက္ ကြ်န္ျဖစ္ျပီး အႀကိမ္ႀကိမ္ ေသရလိ္မ့္မယ္။ ဒါေႀကာင့္ တထန္ရဲ႕စစ္သည္ေတာ္ေတြအားလံုး ကြ်န္မတို႕ မိဘ၊ ကြ်န္မတို႕ ခ်စ္ခင္သူ၊ ကြ်န္မတို႕ ေနာက္မ်ိဳးဆက္ကေလးေတြကို ကာကြယ္ဖုိ႕ က်ဴးေက်ာ္လာသူ အာဏာရူးေတြကို တိုက္ထုတ္ႀကပါစုိ႕.... "
"က်ဴးေက်ာ္လာသူ အာဏာရူးေတြကို တိုက္ထုတ္ႀက "
"က်ဴးေက်ာ္လာသူ အာဏာရူးေတြကို တိုက္ထုတ္ႀက "
" က်ဴးေက်ာ္လာသူ အာဏာရူးေတြကို တိုက္ထုတ္ႀက "
တထန္ျပည္၏ ဘုရင္မင္းျမတ္နွင့္ မိဖုရားေခါင္ႀကီးက စစ္သည္ေတာ္ေတြကို လႈံ႕ေဆာ္နုိင္သည့္ ေခြ်းမေတာ္၊ တူမေတာ္ကို ႀကည့္ကာ ဂုဏ္ယူျခင္းျဖင့္ ျပံဳးေနႀကသည္။ လ်န္မိဖုရာေခါင္ႀကီးလည္း သမီးေတာ္အတြက္ ဂုဏ္ယူလ်က္ရွိသည္။
"မယ္ေတာ္။ ဦးရီးေတာ္၊ အရီးေတာ္... သမီးေတာ္ စစ္ခ်ီထြက္ပါေတာ့မယ္...အားလံုး စိတ္ေအးခ်မ္းစြာနဲ႕ ေကာင္းသတင္းကို ေစာင့္ေပးေတာ္မူပါ... "
" ေကာင္းပါျပီ... တူမေတာ္ကို ဦးရီးေတာ္ ယံုႀကည္ေတာ္မူတယ္... တိုက္ပြဲနုိင္ျပီးျပန္လာမယ့္ တူမေတာ္ကို ဦးရီးေတာ္တုိ႕ အားလံုး ေစာင့္ေနပ့ါမယ္ "
ဟီဒယ္က ဦးညြတ္ အရိုေသေပးကာ စစ္ျမင္းႀကီးေပၚတက္ျပီး ေရွ႕ဆံုးက ခ်ီတက္လာခဲ့သည္။ စစ္ဗံုသံမ်ား တီးခတ္ကာ စစ္သည္အေပါင္းတို႕က ဟီဒယ္ေနာက္ကို တက္ႀကြစြာ လိုက္ပါလာႀကသည္။ တထန္ျပည္တစ္ခုလံုးက ျပည္သူေတြက မင္းသမိီးနွင့္ တိုက္ပြဲကို ထြက္သည့္ စစ္သည္ေတာ္မ်ားကို ေအာ္ဟစ္ကာ အားေပးလ်က္လိုက္ပို႕ႀကသည္။
ျမိဳ႕ျပင္ကိုေရာက္သည္နွင့္ ဟိီဒယ္သည္ ပထဝီအေနထားအရ တပ္ေတြကို ခြဲကာ ေနရာခ်ျပီး တိုက္ရမည့္ ဗ်ဴဟာကို ခင္းက်င္းေပးခဲ့သည္။ နန္ေက်ာင္တပ္မဟာ ၂ ခုက သူတို႕ထက္ အင္အား ၂ ဆ မ်ားသည္ဆိုေပမယ့္ သူတို႕ဆီမွာ နယ္ေျမကြ်မ္းက်င္ျခင္းဆိုသည့္ အားသာခ်က္အျပင္ ကိုယ့္တိုင္းျပည္နွင့္ ကိုယ့္ခ်စ္သူေတြအတြက္ တိုက္ခိုက္သည္ ဆိုသည့္ တိုက္ပြဲဝိဥာဥ္က အားေကာင္းေနသည္။
စစ္ေျမျပင္မွာ ရင္ဆုိင္တိုက္ခိုက္ႀကသည့္အခ်ိန္တြင္ စစ္လက္နက္၊ လူအင္အားထက္ ကိုယ့္အသက္ကိုပင္ မဓါန မထားသည့္ တိုက္ခိုက္ေရးဝိဥာဥ္ပူးကပ္နုိ္င္ဖို႕က အေရးႀကီးဆံုးျဖစ္သည္။
နယ္စား စူးဘိုထုိင္ နွင့္ နယ္စား ပိုင္ဒါးက တထန္ျပည္ရဲ႕ နယ္နိမိတ္ထဲကို ဝင္ေရာက္လာသည့္တိုင္ ဆိီးႀကိဳတိုက္ခိုက္မည့္ တထန္တပ္မ်ားကို မေတြ႕သျဖင့္ အထင္ျမင္ေသးစိတ္ဝင္လာသည္။
" ေတာင္ပိုင္းက အရိုင္းအစိုင္းေတြက က်ဳပ္တို႕ တပ္မႀကီးေတြ ခ်ီလာတာကို သိလို႕ ေႀကာက္ဒူးတုန္ကုန္ျပီ ထင္ပါရဲ႕.... "
စူးဘိုထိုင္က ေျပာလိုက္သည္။ ပိုင္ဒါးက ေျခာက္ေသြ႕သည့္ ပတ္ဝန္းက်င္ကို ေသခ်ာစြာ လွည့္ပတ္ႀကည့္ကာ မ်က္ေမွာင္ႀကုတ္ေနသည္။
" က်ဳပ္ႀကားဖူးတာကေတာ့ ေတာင္ပိုင္းတုိင္းျပည္ေတြထဲမွာ တထန္ျပည္က တိုက္ရည္ခိုက္ရည္ေကာင္းတယ္တဲ့။ သူတို႕သတင္းနဲ႕ အခု သူတို႕လုပ္ရပ္က ကြဲေနသလိုပဲ.... "
" ႀကည့္ရတာ ထန္လိခိက ဝူျပည္ကို တိုက္ခိုက္ဖို႕သြားေတာ့ တိုက္ရည္ခုိက္ရည္ေကာင္းတဲ့လူအားလံုးကို ေခၚသြားျပီး ဂ်ိဳက်ိဳးနားရြက္ပဲ့ေတြပဲ နန္းေစာင့္က်န္ရစ္ခဲ့တာ ထင္ပါရဲ႕...ဟား...ဟား...ဟား.... တထန္ျပည္ရဲ႕ ဘုရင္ႀကီးက ေႀကာက္ဒူးတုန္ျပီး ေျပးေနေလာက္ျပီ။ "
စူးဘိုထုိင္က မ်က္ျမင္အေျခေနကိုပဲ ႀကည့္ကာ အူျမဴးေနေပမယ့္ သတိႀကီးသည့္ ပိုင္ဒါးက အေျခေနကို သံသယဝင္ကာ အေထာက္ေတာ္တစ္ခ်ဳိ႕ကို ေရွ႕ဘက္နားသို႕ သတင္းေထာက္လွမ္းေစျပီးတပ္ကို ခဏရပ္နားလိုက္သည္။
" ခင္ဗ်ားက ဘာကို စိုး၇ိမ္ေနတာလဲ။ က်ဳပ္တို႕ဆီမွာ သခင္ငယ္ေပးလိုက္တဲ့ အထူးလက္နက္ေတြပါေနတာပဲ။ သူတို႕က က်ဳပ္တို႕ကို အလစ္တိုက္ခိုက္ရင္ေတာင္မွာ အင္အား ဘယ္ေလာက္မွ က်န္မေနနိုင္လို႕ က်ဳပ္တို႕လူေတြနဲ႕ တထန္ျပည္ကို စိစိညက္ညက္ေႀကေအာင္ ေခ်ပစ္ဖို႕ မခက္ပါဘူး။ အထူးလက္နက္ေတာင္ သံုးဖို႕လိုရဲ႕လားေတာင္ မသိေတာ့့ဘူး....ဟား...ဟား..ဟား..."
" ထန္လိုခိက ဝူျပည္ကို ထြက္သြားတာ အေျခေန ဘယ္လိုလဲ... ဝူျပည္က တပ္မဟာေတြကို သတင္းလွမ္းေမး လိုက္စမ္း.... "
ပိုင္ဒါးက ေပါ့ေပါ့ဆဆ လုပ္တတ္ကာ ဘဝင္ျမင့္သည့္ စူးဘိုထို္င္နွင့္ တုပကာ မေျပာေတာ့ပဲ ဝူျပည္ဘက္က တပ္မဟာ နွစ္ခုကို အေျခေနလွမ္းေမးခိုင္းလိုက္သည္။ စာပို႕သိမ္းဌက္ေတြကိုသံုးလို႕ သတင္းေစာင့္ရတာ အရမ္းမႀကာေလာက္ေပ။
စူးဘိုထိုင္က ပိုင္ဒါး၏ ပံုစံေႀကာင့္ နွာမႈတ္လိုက္သည္။ ပိုင္ဒါးကို အႀကိီးအျဖစ္ အရွင္ငယ္က အမိန္႕မေပးလိုက္ရင္ မိမိက သူ႕လုပ္ရပ္ကို ေသခ်ာေပါက္ ျပသနာရွာပစ္မွာျဖစ္သည္။
" ခင္ဗ်ားက ဘာကို စိုးရိမ္ေနတာလဲ "
စူးဘိုထိုင္က မေအာင့္နုိ္င္သည့္အဆံုးေမးလိုက္သည္။ မိမိနွင့္ ပိုင္ဒါး၏သမီးေတြက အရွင္ငယ္ရဲ႕မိဖုရားေတြျဖစ္ေနတာခ်င္း အတူတူ အရွင္ငယ္က ပိုင္ဒါးကို ပိုယံုတာက ခံျပင္းစရာေကာင္းလွသည္။
ေအးေလ..သူ႕သမီးက သားေတာ္ေလး ေမြးထားျပီး မိိမိသမီးက ကေလးမွ မေမြးရေသးတာကိုး...ဒီေလာက္ေတာ့ ကြာေနမွာေပါ့.... မိမိသမီးက သားေတာ္ေလးေမြးလာမွ ဒင္းကို ျပန္တုန္႕ျပန္ရမည္။ မိမိသမီးက ပိုေခ်ာတာျဖစ္လုိ႕ ေမြးလာသည့္ ကေလးက ပိုေခ်ာပိုလွကာ အရွင္ငယ္ရဲ႕ အခ်စ္ကို ခံရမွာေသခ်ာသည္။
" က်ဳပ္ႀကားဖူးတဲ့ သတင္းေတြအရ တထန္ျပည္က ေသြးမေႀကာင္ဖူးဘူး။ တထန္အိမ္ေရွ႕စံမရွိရင္ေတာင္ တထန္ဘုရင္က ေတာင္ပိုင္းက နာမည္ေက်ာ္ စစ္ဘုရင္တစ္ပါးပဲ။ သူက ထန္ျပည္ေသးေသးေလးကို ခုလို က်ယ္ျပန္႕တဲ့ တထန္ျပည္အျဖစ္ ေရာက္ေအာင္ ပတ္ဝန္းက်င္ ျမိဳ႕ငယ္မ်ားစြာကို တိုက္ခိုက္သိမ္းသြင္းလာခဲ့တာ။ တကယ္လို႕ က်ဳပ္တို႕ ခ်ီတက္လာတဲ့ သတင္းႀကားရင္ ေသခ်ာေပါက္ တထန္ဘုရင္က သူ႕စစ္တပ္ကို စုစည္းျပီး နယ္စပ္ကေန ဆိးႀကိဳတိုက္မွာပဲ... အခု သူတို႕ ျငိမ္ေနတာက ထူးဆန္းလြန္းလွတယ္... "
" တထန္ဘုရင္လည္း အိုေရာေပါ့.... ထန္လိုခိေနာက္ကို တပ္အမ်ားစု လိုက္သြားရင္ ဥာဏ္ေကာင္းတဲ့ တထန္ဘုရင္က က်ဳပ္တို႕ကို စီးႀကိဳတို္က္ဖို႕ထက္ သံတမန္နဲ႕ ဆိးႀကိဳျပီး ျငိမ္းခ်မ္းေရးကမ္းလွမ္းနုိင္တယ္။ ဒီလိုဆုိလည္း ေကာင္းတာပဲ။ က်ဳပ္တို႕ဘက္က ေသြးေျမမက်ပဲ တထန္ျပည္ကိုရနုိင္တာေပါ့ "
ပိုင္ဒါးက ေပါ့ေပါ့ေလး ေတြးကာ ေျပာေနသည့္ စူးဘိုထုိင္ကို ႀကည့္ကာ စိတ္မရွည္ေတာ့ေပ။
" ခင္ဗ်ား တထန္ျပည္အေႀကာင္းကို မႀကားထားဖူးဘူးထင္တယ္ စူးဘိုထုိင္... သူတို႕ လူမ်ိဳးေတြက မေပ်ာ့ညံ့ႀကဘူး။ ခင္ဗ်ား ရန္သူကို ေလွ်ာ့တြက္လြန္းေနျပီ "
စူးဘိုထို္င္က ပိုင္ဒါးကို မႀကည္မသာျပန္ႀကည့္ကာ ေျပာလိုက္သည္။
" ေလွ်ာ့တြက္တာ မဟုတ္ဘူး။ ေတာင္ပိုင္းသာ အရိုင္းအစိုင္းေတြကို အထင္ကို မႀကီးတာ။ သူတို႕က စစ္တပ္နဲ႕ ျမိဳ႕ျပတိုင္းျပည္ ျဖစ္လာတာ ဘာႀကာေသးလို႕ က်ဳပ္တုိ႕ မဟာနန္ေက်ာင္ျပည္ကို ယွဥ္နုိင္မွာလဲ.... "
ထိုစဥ္ အေရွ႕ဘက္ကို သြားေရာက္ေထာက္လွမ္းသည့္ စစ္သည္ ျပန္ေရာက္လာသည္။
" ေလွ်ာက္တင္ပါတယ္ နယ္စားႀကီးခင္ဗ်ာ... အေရွ႕က ရႊာေတြမွာ ရြာသားအားလံုးက သူတို႕ အိုးအိမ္ကို စြန္႕ခြာေျပးလို႕ ေခြးတေကာင္ ေႀကာင္တျမီးေတာင္ မေတြ႕ရေႀကာင္းပါ။ ရြာကိုေက်ာ္ျပီး လိုက္စစ္ႀကည့္ေပမယ့္ စစ္သည္ေကာ၊ျပည္သူေကာ မေတြ႕ရေႀကာင္းပါ ဘုရား "
ထိုစကားကိုႀကားလိုက္ေတာ့ စူးဘိုထိုင္က မ်က္နွာကုိ ပင့္ကာ ေျပာလိုက္သည္။
" က်ဳပ္မေျပာဘူးလား။ ေတာင္ပိုင္းသာ အရို္င္းအစိုင္းေတြက ေႀကာက္ကုန္ပါျပီဆုိတာ... ဒင္းတို႕ေျပးေတာ့လည္း ေကာင္းတာပါပဲ။ က်ဳပ္တို႕ ခပ္သြက္သြက္ခ်ီတက္ျပီး တထန္ေနျပည္ေတာ္ကို မီးရိႈ႕ဖ်က္စီးပစ္လိုက္ရင္ အရွင္ငယ္ေပးတဲ့ တာဝန္ ျပီးျပီ။ ဒါဆိုရင္ က်ဳပ္တို႕ ေတြ႕တဲ့ ျမိဳ႕ရြာကေန လုယက္ျပီး ျပန္ႀကရံုပဲ.... "
ပိုင္ဒါးက ဘာမွ မေျပာပဲ စစ္တပ္ကိုသာ ေရွ႕ကို ဆက္လက္ခ်ီတက္လာေစသည္။ သူ႕စိတ္ထဲမွာ တထန္က ဒီေလာက္ အားနည္းသြားျပီလားဟု ေတြးကာ မတင္မက်ျဖစ္ေနသည္။ မိမိပဲ အစိုးရိမ္လြန္ေနျပီလား....
ေရွ႕ကို ဆက္လက္ခ်ီတက္လာစဥ္ ေမွာင္လာေတာ့ ေတာတန္းတစ္ခုတြင္ စခန္းခ်ကာ နားႀကသည္။ ထိုစဥ္ စာပို႕သိမ္းဌက္ေရာက္လာျပီး ဝူျပည္ကို သြားကူေပးသည့္ တပ္မဟာ နွစ္ခု နယ္စားႀကီးွဆီက ျပန္စာ ရလာသည္။
" ထန္လိုခိတို႕က အင္အားအလံုးအရင္းနဲ႕ ဝူျပည္နယ္ထဲ ဝင္ေရာက္လာျပီ။ က်ဳပ္တို႕က ဝူျပည္ရဲ႕ နန္းေတာ္တဝိုက္မွာ ပုန္းေအာင္းျပီး ေစာင့္ေနႀကတယ္။ အားလံုးက စီစဥ္ထားတဲ့အတို္င္း ေခ်ာေခ်ာေမြ႕ေမြ႕ ဆက္သြားေနတယ္"
ထိုစာကိုရေတာ့မွ ပိုင္ဒါး စိတ္ခ်သြားျပီး ငယ္သားမ်ားကို ညစာခ်က္ျပဳတ္ေစျပီး မနက္ကို တထန္နန္းေတာ္ကို တိုက္ခိုက္ေခ်မႈန္းရန္ အမိန္႕ေပးလိုက္သည္။
ခပ္လွမ္းလွမ္းေတာင္ကုန္းေတြေပၚမွာ ဝပ္ေနသည့္ ဟီဒယ္က အေျခေနကို ေသခ်ာအကဲခတ္ေနစဥ္ ေဘးက လူရြယ္တစ္ဦးက လွမ္းေျပာလိုက္သည္။
" သူတို႕ ဘာမွ သံသယဝင္မသြားႀကဘူး။ အားလံုး အဆင္ေျပတယ္ "
" ေရတြင္းထဲကို အဆိပ္ခတ္တာ အေျခေန ဘယ္လိုလဲ "
"အကုန္အဆင္ေျပတယ္။ နန္ေက်ာင္တပ္က လံုးဝမရိပ္မိဘူး။ သူတို႕ ခ်က္ျပဳတ္တဲ့ေနရာမွာ ထည့္သံုး လိုက္ျပီ "
" သူတို႕က အဆိပ္ပါ၊မပါ မစစ္ေဆးႀကဘူးလား "
" စစ္တာေပါ့။ ဒါေပမယ့္ ဒါက အဆိပ္မဟုတ္လို႕ ဘယ္လို ေငြအပ္ကိုသံုးသံုးေပၚမွာမဟုတ္ဘူး။ က်ဳပ္တို႕ သတ္မွတ္ထားတဲ့ေနရာက မီးခိုးေငြ႕ထဲက ေဆးပင္ အနံ႕ကို ရႈမိမွာ အဆိပ္အစြမ္းျပျပီး အားလံုးေပ်ာ့ေခြက်ကုန္လိမ့္မယ္ မင္း..ႀကည့္ထားလိုက္....ဒါဆိုရင္ ဒီေကာင္ေတြကုိ ဓါးတခ်က္ဝင့္စရာမလိုပဲ မင္းတို႕ အနို္င္ရလိ့္မ္မယ္ "
" ရွင္တို႕ ဝကၤပါျမိဳင္က အဆိပ္ေတြက ေႀကာက္စရာေကာင္းလွခ်ည္လား "
ဟီဒယ္က တကယ္ပဲ ေရတြင္းထဲက ေရကို ငင္ခတ္ကာ ရြာထဲမွာ က်န္ရစ္ခဲ့သည့္ ႀကက္၊ဝက္၊နြားတို႕ကို သတ္ျဖတ္ကာ ခ်က္ျပဳတ္ေနႀကသည့္ နန္ေက်ာင္တပ္မ နွစ္ခုက လူေတြကို ေစာင့္ႀကည့္ကာ ခ်ိဳဟန္ကို ေျပာလိုက္သည္။
ဟုတ္ပါသည္။ ဟီဒယ္ရဲ႕ေဘးမွာ ဝပ္ကာ အတူ ေစာင့္ႀကည့္ေနသည့္ ေခ်ာေမာသည့္ လူရြယ္က တခ်ိန္က ဟီဒယ္တို႕ကို ဖမ္းဆီးကာ အက်ပ္ကို္င္ခဲ့သည့္ ဝကၤပါျမိဳင္က ခ်ိဳဟန္ျဖစ္သည္။
"ဒါက အကင္းပဲရွိေသးတယ္။ ဖိုးဖိုးထန္ရဲ႕ အဆိပ္ဆိုရင္ ေလထဲကေန အားလံုး သတိလစ္ေအာင္ အဆိပ္ခတ္နို္င္တယ္။ "
" ရွင္.... ဘာစိတ္ကူးေပါက္ျပီး ကြ်န္မတို႕ တထန္ကို လာကူေပးတာလဲ။ ရွင့္ကို ကြ်န္မ ႀကိဳတင္ေျပာတားမယ္ေနာ္။ ရွင္ ကူညီေပးလည္း ကြ်န္မက ရွင့္ကို နည္းနည္းမွ စိတ္မဝင္စားဘူး။ ကြ်န္မရဲ႕ ခင္ပြန္းနဲ႕ မႀကာခင္ လက္ထပ္ေတာ့မွာ... "
ဟီဒယ္က အစကတည္းက ျပတ္သားစြာ ေျပာလိုက္သည္။ ခ်ိဳဟန္က ဘယ္ေလာက္ ေတာ္ကာ ေခ်ာေမာေနပါေစ ... သူမရင္ထဲမွာ အကိုေတာ္ ထန္လိုခိကလြဲျပီး ဘယ္သူ႕ကိုမွ မခ်စ္နုိ္င္ေပ။
ေက်းဇူးက ေက်းဇူး၊ အခ်စ္က အခ်စ္သာျဖစ္သည္။
" ငါ သိပါတယ္။ မင္း စိတ္ခ်လက္ခ်ေနပါ။ က်ဳပ္က ပိုင္ရွင္ ရွိျပီးသား မိန္းကေလးကို မႀကိဳက္တတ္ဘူး။ က်ဳပ္က မ်က္လံုးျဖဴ ဝံပုေလြ ယြမ္ခ်ဴးခန္ရဲ႕ အႀကံကို ဖ်က္ဆီးျပီ းက်ဳပ္တို႕ ဝကၤပါျမိဳင္ကို တို္က္္ခို္က္တဲ့အတြက္ လက္တုန္႕ျပန္ေနတာပါ... "
ခ်ိဳဟန္၏ ေအးစက္ေသာ စကားေႀကာင့္ ဟီဒယ္ စိတ္ခ်သြားခဲ့သည္။
" ဒါဆို ေကာင္းပါျပီ။ ရွင့္ကို ကြ်န္မ စိတ္ခ်လိုက္ပါျပီ "
**********
မနက္မိုးလင္းသည္နွင့္ နန္ေက်ာင္တပ္မႀကီး ၂ ခုကို ဦးေဆာင္ကာ ေန႕လည္တြင္ တထန္ျမိဳ႕ေတာ္ကို ဝန္းရံလာနိုင္ခဲ့သည္။ ဒီကိုလာသည္အထိ တထန္တပ္ေတြက လံုးဝကို စီးႀကိဳတိုက္ခိုက္ျခင္းမရွိပဲ ျမိဳ႕ေတာ္ကိုသာ အခိုင္အမာ ပိတ္ဆို႕ထားကာ ျမိဳ႕ရိုးေပၚမွ ေလာက္လြဲမ်ားကို ျပင္ဆင္ထားႀကသည္ကိုေတြ႕လိုက္ရသည္။ စူးဘိုထိုင္က နွာေခါင္းရံႈ႕ကာ တပ္သားေတြကို အမိန္႕ေပးလိုက္သည္။
" အားလံုး တထန္ျမိဳ႕ေတာ္ကို ဝန္းရံထားႀကစမ္း... ေခြးတေကာင္ေတာင္ လြတ္မသြားေစနဲ႕... "
" မွန္လွပါ။ "
လက္ေအာက္ စစ္သူႀကိးေတြက အမိန္႕ကို ထပ္မံ ဆင့္ကဲေႀကျငာလိုက္ျပီး တပ္သားအားလံုးကို ေႀကြးေႀကာ္သံျဖင့္ ေရွ႕ကို ခ်ီတက္လာေစသည္။ ထိုစဥ္ ေလေဝ့လာျပီး ေလထုထဲမွာ ထူးဆန္းေသာ အေမႊ႕နံ႕ေတြနွင့္ မီးခုိးလံုးေတြ လွိမ့္ကာ စစ္တပ္ဆီကို ဝင္ေရာက္လာခဲ့သည္။
သူတုိ႕တပ္မႀကီးတစ္ခုလံုးက ေလေအာက္ကိုေရာက္ေနျပီး ဟိုးေလအထက္ပိုင္း ေတာင္ကုနး္ေပၚကေန မီးပံုႀကီးေတြ ရိႈႈ႕ကာ မီးခိုင္းမႈိင္းေတြ တို္က္ေနတာကို ေတြ႕ရေတာ့ ပိုင္ဒါးက ရင္ထိတ္သြားခဲ့သည္။
"ေနဦး..ဒါ ဘယ္က မီးခုိးေတြလဲ....အားလံုး သတိထား ႀကစမ္း... ခ်ီတက္ေနတာကို ရပ္.... "
" ခ်ီတက္ေနတာကို ရပ္.. "
ထပ္ဆင့္ေႀကျငာသံေႀကာင့္ စူးဘိုထိုင္ရဲ႕တပ္ေတြ ရပ္တန္႕လိုက္ရလို႕ မေက်မနက္ျဖစ္ေနႀကစဥ္ မီးခုိးေငြ႕ကို ရႈမိျပီး အကုန္ ေခ်ာင္းဆိုးလာခဲ့ႀကသည္။
" အဟြတ္..အဟြတ္... "
" အဟြတ္..အဟြတ္..."
အသက္ 10 ရိႈက္စာခန္႕ႀကာေတာ့ စခန္းထဲမွာ တေယာက္ျပီး တေယာက္ မူးေဝကာ လဲက်ကုန္ေတာ့သည္။
" မီးခိုးက အဆိပ္ပါတယ္.. အားလံုး ပုဝါကိုေရဆြတ္ျပီး မ်က္နွာကို ကာထားႀက။ တပ္ဖြဲ႕တစ္ဖြဲ႕ မီးခိုးစရႈိႈ႕တဲ့ေနရာကို သြားျငိမ္းလိုက္.. က်န္တဲ့တပ္ေတြ တထန္ျပည္ကို ဝိုင္းဖ်က္စီးႀက...အားလံုး တက္..... "
စူးဘိုထို္င္က ေဒါသျဖင့္ အမိန္႕ေပးလိုက္သည္။
" အရွင္...နယ္စားႀကီး... တပ္သားေတြက အဆိပ္သင့္ျပီး အားလံုး မတ္တပ္မရပ္နုိ္င္ႀကေတာ့ဘူး..."
" မေကာင္းေတာ့ဘူး.... ဒီမီးခိုးေငြ႕သက္သက္က အဆိပ္မဟုတ္ဘူး။ ငါ ဒီမီးခိုးေငြ႕ကို ရႈမိေတာ့ ဘယ္လိုမွ မေနဘူး။ အားလံုး ျမိဳ႕ကို မတိုက္ေသးပဲ ခဏေစာင့္ေနႀကစမ္း... ငါေသခ်ာ လိုက္စစ္ေဆးမယ္"
ပိုင္ဒါးက မ်က္နွာမည္းေမွာင္ျပီး ခ်က္ခ်င္း အမိန္႕ထုတ္ျပန္လိုက္သည္။
" တပ္ဖြဲ႕ဝင္ေတြရဲ႕ သံုးပံုတစ္ပံုက အဆိပ္မိျပီး ေပ်ာ့ေခြကုန္ေႀကာင္းပါ အရွင္နယ္စားႀကီး။ သူတို႕ေတြက အရွင္စူးဘိုထိုင္ရဲ႕ တပ္ကျဖစ္ျပီး မေန႕ညက စခန္းခ်တဲ့အခ်ိန္ ပတ္ဝန္းက်င္ရြာက ဌက္ေတြ၊နြားေတြကို သတ္ျပီး ခ်က္ျပဳတ္စားေသာက္ခဲ့သူ ေတြပါ... "
သမားေတာ္က အဆိပ္သင့္ကာ သတိလစ္ေမ့ေမ်ာကုန္သည့္ တပ္သားမ်ားကို စစ္ေဆးျပီး ေျပာခဲ့သည္။
" က်န္တဲ့သူေတြက မေန႕ညက ဘာစားခဲ့လဲ"
" ကြ်န္ေတာ္မ်ိဳးတို႕တပ္က ပါလာတဲ့ အစာေျခာက္ကိုပဲ စားခဲ့ႀကတာပါ... ေရလည္း မေန႕က ထပ္မျဖည့္ပဲ ပါလာတဲ့ ေရဗူးထဲက ေရကိုပဲ ေသာက္ခဲ့ႀကတာပါ အရွင္"
ပိုင္ဒါး၏လက္ေအာက္ စစ္သူႀကီးက ရိုေသစြာ ေလွ်ာက္တင္လိုက္သည္။
" ဒါဆို တထန္ဘက္က တမင္သက္သက္ ေရတြင္းကို ေဆးခတ္ထားႀကျပီး တမင္ခ်က္ျပဳတ္စားေသာက္ျဖစ္ေအာင္ ႀကက္ေတြ၊ ဝက္ေတြ၊ နြားေတြကို ခ်န္ထားခဲ့ႀကတာပဲ...။ ျပီးေတာ့ ဒီမီးခိုးေငြ႕က ေ၇ထဲက ေဆးနဲ႕ ေပါင္းမွ အဆိပ္ျဖစ္သြားတာပဲ... ကံေကာင္းလို႕...ငါ့တပ္က သတိႀကီးႀကေပလို႕... "
စူးဘိုထိုင္က ထိုသတင္းကို ႀကားေတာ့ ခ်က္ခ်င္း ေျပာလိုက္သည္။
" နယ္စားႀကီးပိုင္ဒါး....ဒါ... အရို္င္းစိုင္းေတြက အဆိပ္သံုးျပီး စတိုက္ေနတာေပါ့..ဟုတ္လား...မိုက္ရိုင္းလိုက္ႀကတာ.... က်ဳပ္တို႕ဘက္က အရွင္ငယ္ေပးလိုက္တဲ့ လက္နက္ကုိ ထုတ္သံုးႀကစို႕.... "
" ေနဦး...ဒီ လက္နက္ေတြနဲ႕တိုက္ရင္ တထန္တျမိဳ႕လံုး မီးေလာင္ပ်က္စိးကုန္မယ္။ က်ဳပ္တို႕က စစ္စရိတ္ေႀကေအာင္ တထန္ျပည္က ရတနာေတြကို မသိမ္းယူရေသးဘူး။ ဒီအတိုင္း ဖ်က္စီးလိုက္ရင္ အရွင္ငယ္ က်ဳပ္တို႕ကို အျပစ္ေပးလိမ့္မယ္။ က်ဳပ္တို႕ စစ္သည္ေတာ္ေတြလည္း ခုလို အေဝးႀကီးခ်ီတက္လာတာ သူတို႕လည္း အက်ိဳးရွိဖုိ႕ ျမိဳ႕ထဲကို လုယက္ခြင့္ေပးရဦးမယ္ေလဗ်ာ "
ပိုင္ဒါးက အက်ိဳးသင့္အေႀကာင္းသင့္ေျပာကာ တားျမစ္လိုက္ေတာ့ စူးဘိုထိုင္ ေပါက္ကြဲေတာ့သည္။
" ေတာက္.... က်ဳပ္ ဂရုမစိုက္ဘူး။ က်ဳပ္လူေတြ အလကား အဆိပ္မိလို႕ ေသရမွာလား။ အားလံုးကို တစ္စစီ လုပ္ပစ္ရ မယ္.... "
စူးဘိုထိုင္က သူ႕တပ္က တိ္ုက္ပြဲမစခင္ အထိနာသြားသျဖင့္ ေဒါသူပုန္ထေနျပီး အထူးလက္နက္ကို ထုတ္ကာ သံုးဖုိ႕သာ ေျပာေနေပမယ့္ ပိုင္ဒါးက လက္မခံေပ။
" ဒီအထူးလက္နက္ကို မသံုးရဘူး နယ္စားႀကီး... ခင္ဗ်ား အမိန္႕ကို မနာခံရင္ အရွင္ငယ္ရဲ႕ေရွ႕မွာ က်ဳပ္ ဒီအေႀကာင္းကို တိုင္ႀကားရလိ္မ့္မယ္ "
" ခင္ဗ်ားက က်ဳပ္ကို စိမ္ေခၚတာလား "
စူးဘိုထိုင္က ပိုင္ဒါးကို စူးရဲစြာႀကည့္ကာ ေမးလိုက္သည္။
"စိမ္ေခၚတာ မဟုတ္ဘူး။ က်ဳပ္တို႕က အရွင္ငယ္ရဲ႕အမိန္႕ကို ေအာင္ျမင္ေအာင္ လုပ္ဖို႕တာဝန္ရွိတယ္။ ခင္ဗ်ားရဲ႕ခံစားခ်က္ကို ထိန္းထားစမ္းပါ... "
" ခင္ဗ်ားနဲ႕က်ဳပ္က အဆင့္အတူတူပဲ...က်ဳပ္ကို ဘာလုပ္ပါ၊ ညာလုပ္ပါလို႕ လာေျပာစရာလိုဘူး.... "
စူးဘုိထိုင္က ရဲရဲနီေနသည့္ မ်က္လံုးမ်ားျဖင့္ စိုက္ႀကည့္ကာ ေဒါသတႀကီးျဖင့္ လွည့္ထြက္သြားခဲ့သည္။
" စူးဘိုထိုင္ကို အနီးကပ္ေစာင့္ႀကည့္ထား။ အထူးလက္နက္ေတြကုိ ထုတ္မယ္ဆုိရင္ တားျမစ္ထားျပီး ငါ့ကို ခ်က္ခ်င္း အေႀကာင္းလာႀကားလိုက္... "
"မွန္လွပါ.. "
စူးဘိုထိုင္က ထင္ထားသည့္အတုိင္း အထူးလက္နက္ေတြ သိမ္းထားသည့္ လွည္းနားကို ကပ္သြားသည္နွင့္ ပိုင္ဒါး၏တပ္သားေတြက တားျမစ္ထားေသာေႀကာင့္ ေဒါသေခ်ာင္းေခ်ာင္းထြက္ကာ ပိုင္ဒါးကိုလာေတြ႕ေပမယ့္ ပိုင္ဒါးက အေတြ႕မခံလိုက္ေပ။ ေလာေလာဆယ္မွာ အဆိပ္မိေနသည့္ တပ္သားေတြကို ကုသဖုိ႕ သမားေတာ္ေတြနွင့္ ေဆြးေနြးေနသည္။ ျပီးေတာ့ တထန္ျမိဳ႕ေတာ္ကို ဘယ္လို ကိုင္တြယ္သြားမလဲဆုိတာ လတ္တေလာ ေတြးေနရလို႕ စူးဘိုထိုင္ ျပသနာရွာသည့္အျဖစ္ကို နားမေထာင္အားေသးေပ။
စူးဘိုထိုင္က အစည္းေဝးခန္းမထဲကို မိမိဝင္ခြင့္မရေအာင္ တားျမစ္ထားတာ ခံလိုက္ရေတာ့ တကို္္ယ္လံုးထူပူေနေအာင္ ေဒါသထြက္လို႕ေနသည္။
" အရွင္နယ္စားႀကိီး... ညစာ ျပင္ဆင္ျပီးပါျပီ.... "
" ျပန္ယူသြားႀကစမ္း.... ငါ မစားခ်င္ဘူး "
တပ္သားေလးေတြက ေႀကာက္ေႀကာက္လန္႕လန္႕ျဖင့္ ညစာကို ျပန္သယ္သြားႀကသည္။ ထိုစဥ္ နူတ္ခမ္းေမြးစစနွင့္ အသက္ 40 အရြယ္ခန္႕ လူတစ္ေယာက္က တဲနန္းထဲကို ဝင္လာျပီး စူးဘုိထုိင္ကို အရိုေသေပးကာ ေမးလိုက္သည္။
" အရွင္..... ဘာေတြ စိတ္အလိုမက်ျဖစ္ေနတာပါလဲ... "
" အႀကံေပးႀကိီး... ခင္ဗ်ား အစည္းေဝးမတက္ဘူးလား "
စူးဘိုထိုင္က အႀကံေပးကို ႀကည့္ကာ မႀကည္မလင္ေမး လိုက္သည္။
" ကြ်န္ေတာ္မ်ိဳးႀကီး အခုေလးတင္မွ အစည္းေဝးခန္းမထဲက ထြက္လာတာပါ.... မျပတ္သားတဲ့ စိတ္ထားနဲ႕ ေပးတဲ့အမိန္႕ကို သေဘာမက်လို႕ပါ အရွင္နယ္စားႀကီး "
အႀကံေပး၏စကားေႀကာင့္ စူးဘုိထိုင္၏ မ်က္နွာ နည္းနည္း ႀကည္လာျပိီး စိုက္ႀကည့္ကာ ေမးလိုက္သည္။
" ခင္ဗ်ား ဒီျဖစ္ရပ္နဲ႕ ပတ္သတ္ျပီး ဘယ္လို ေတြးထားမိတာလဲ "
" ကြ်န္ေတာ္မ်ိဳးတို႕ ေျမာက္ပိုင္း နန္ေက်ာင္တပ္သားေတြရဲ႕ လုပ္တတ္တဲ့ အျပဳအမႈနဲ႕ ကြဲျပားျခားနားလို႕ေနပါတယ္။ နန္ေက်ာင္ျပည္ရဲ႕ ဂုဏ္သတင္းကို ကြ်န္ေတာ္မ်ိဳးတို႕ ျပန္အဖတ္မဆည္နုိင္ရင္ ေနျပည္ေတာ္ကိုျပန္ေရာက္တဲ့အခါ အရွင္မင္းႀကီးကို ဘယ္လို မ်က္နွာျပရမယ္ မသိေတာ့ေႀကာင္းပါ အရွင္နယ္စားႀကီး "
" ခင္ဗ်ား နယ္စားႀကိးပိုင္ဒါးကို ဒီအေႀကာင္းကို မတင္ေလွ်ာက္ဘူးလား "
စူးဘုိထုိင္က အႀကံေပးကို ေသြးတိုးစမ္းကာ ေမးလိုက္သည္။ ဒီလူက ပိုင္ဒါးရဲ႕လူမ်ားလား...
" အဲ့ဒီလို တင္ေလွ်ာက္လို႕ ကြ်န္ေတာ္မ်ိဳး လူႀကားထဲ အေငါက္ခံလိုက္ရေႀကာင္းပါ.... အရွင္နယ္စားႀကိီး... အရွင္... ကြ်န္ေတာ္မ်ိဳးတို႕ကို အမိန္႕ေပးေတာ္မူပါ... "
" အႀကံေပးႀကိီးရဲ႕ အေတြးက ဘယ္လိုမ်ိဳးရွိတယ္ဆိုတာ အရင္ေျပာပါဦး "
အႀကံေပးႀကိီးက ဟုိဟုိသည္သည္ တခ်က္စစ္ေဆးႀကည့္ျပီးေနာက္ စူးဘုိထိုင္၏ နားနားကပ္ကာ တီးတိုး တင္ေလွ်ာက္လိုက္သည္။ ထိုအႀကံကို နားေထာင္ျပီး စူးဘိုထို္င္၏ မ်က္နွာက ရႊင္လန္းလာခဲ့သည္။
" မင္း...ဒီလို လုပ္ဖို႕ စိတ္ခ်ရတဲ့လူေတြ ရွိေနလား "
" ရွိပါတယ္ အရွင္...ေလာေလာဆယ္ စစ္တပ္ထဲမွာ နယ္စားႀကိးပိုင္ဒါးရဲ႕ ေတြေဝတဲ့လုပ္ရပ္ကို မေက်နပ္တဲ့ တပ္မႈးႀကီး၊စစ္သူႀကီးေတြ အမ်ားႀကီးရွိေနပါတယ္။ သူတုိ႕က ကြ်န္ေတာ္မ်ိဳးကို လာေျပာေနႀကလို႕ ကြ်န္ေတာ္မ်ိဳး အရွင့္ဆိီကို အရဲစြန္႕ျပီးလာေတြ႕ေႀကာင္းပါ... "
" ေကာင္းျပီ။ ဒါဆို မင္းေျပာတဲ့ အႀကံအတိုင္း လုပ္ႀကမယ္ဆိုတာ ေျပာလိုက္.... က်ဳပ္တို႕ အစီစဥ္ ေအာင္ျမင္သြားရင္ အရွင္ငယ္ေရွ႕မွာ က်ဳပ္တို႕ ခ်ီးျမွင့္ခံရဖို႕ က်ဳပ္ ေျပာျပေပးမယ္ "
" ေက်းဇူးႀကီးမားလွေႀကာင္းပါ အရွင္...."
အႀကံေပးထြက္သြားေတာ့ စူးဘိုထိုင္က ေက်နပ္စြာ ရယ္ေမာျပီး ႀကိမ္းဝါးလိုက္သည္။
" ေခြးမသား... နယ္စားခ်င္းအတူတူ ဒင္းက ငါ့ကို ဒီလုိလုပ္တယ္လား.... ငါ့ အေႀကာင္း သိရေသးတာေပါ့... "
*********-*************
Chapter (40)_ (Z+U)
နယ်စား ၂ ဦးက တပ်မဟာ (6) နဲ့ (7) ကို ဦးဆောင်ပြီး တထန်ပြည်ကို တိုက်ခိုက်သိမ်းပိုက်ရန် ထွက်လာသည်။ တစ်ခါမှ မြောက်ပိုင်းက ဒီလောက်များသည့် အင်အားအလုံးအရင်းဖြင့် တောင်ပိုင်းကို ချီတက် တိုက်ခိုက်သည်ကို မကြုံဖူးသောကြောင့် ပြည်သူတွေက တုန်လှုပ်ချောက်ချားနေကြပေမယ့် တထန်ပြည်၏ လေ့ကျင့်သားဝနေသည့် စစ်သည်တော်များက စစ်သူကြီးဝတ်စုံကို ဝတ်ဆင်ထားသည့် နာမည်ကျော် လျံတိုင်းပြည်၏ အိမ်ရှေ့မင်းသမီး ဟီဒယ်ကို မြင်လိုက်ရစဉ် စိတ်တက်ကြွလာခဲ့သည်။
လောလောဆည် တထန်ပြည်၏ စစ်သေနာပတိချုပ်ဖြစ်သည့် အိမ်ရှေ့စံ ထန်လိုခိ မရှိပေမယ့် ဟီဒယ် မင်းသမီးကို စစ်ဝတ်စုံဖြင့် တွေ့လိုက်ရစဉ် စိတ်အားတက်ကြွကာ တည်ငြိမ်လာကြသည်။
ဟီဒယ်က နန်းရင်ပြင်ရှေ့က စစ်တပ်ကြီးကို ကြည့်ကာ မိန့်ခွန်းပြောကြားခဲ့သည်။
"တထန်ပြည်က စစ်သည်တော် မောင်နှမအပေါင်းတို့.... အခု မြောက်ပိုင်းက အာဏာရူး နန်ကျောင်တပ်တွေက တောင်ပိုင်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ကျွန်ပြုဖို့ လာနေပါပြီ။ ကျွန်မတို့ တောင်ပိုင်းသားတွေက လွတ်လပ်တဲ့ ဘဝမှာ အေးအေးချမ်းချမ်းနေခဲ့ကြတယ်။ အာဏာရူးနေတဲ့ စစ်တပ်က အင်အားကြီးတယ်ဆိုပေမယ့် ကျွန်မတို့က ကိုယ့်တိုင်းပြည်၊ ကိုယ့်လွတ်လပ်မှုကို ကာကွယ်ကြသူတွေဖြစ်လို့ နတ်ကောင်းနတ်မြတ်တွေက ကျွန်မတို့နဲ့အတူ အမြဲလိုက်ပါ စောင့်ရှောက်နေပါတယ်။ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေတဲ့ စစ်သည်တော်တိုင်းကို စစ်နတ်ဘုရားရဲ့ဝိဉာဉ်က ပူးကပ်ပြီး စောင့်ရှောက်ပေးနေတယ်။ ကျွန်မတို့က ကိုယ့်လွတ်လပ်မှု၊ ကိုယ့်တိုင်းပြည်ကို ကာကွယ်ရင်း သေသွားရမယ်ဆိုရင်တောင် ရဲရင့်သူတွေက တစ်ခါပဲ သေကြမယ်။ ကြောက်စိတ်ဝင်လို့ အရှုံးပေးလိုက်ရင် သားစဉ်မြေးဆက် ကျွန်ဖြစ်ပြီး အကြိမ်ကြိမ် သေရလိမ့်မယ်။ ဒါကြောင့် တထန်ရဲ့စစ်သည်တော်တွေအားလုံး ကျွန်မတို့ မိဘ၊ ကျွန်မတို့ ချစ်ခင်သူ၊ ကျွန်မတို့ နောက်မျိုးဆက်ကလေးတွေကို ကာကွယ်ဖို့ ကျူးကျော်လာသူ အာဏာရူးတွေကို တိုက်ထုတ်ကြပါစို့.... "
"ကျူးကျော်လာသူ အာဏာရူးတွေကို တိုက်ထုတ်ကြ "
"ကျူးကျော်လာသူ အာဏာရူးတွေကို တိုက်ထုတ်ကြ "
" ကျူးကျော်လာသူ အာဏာရူးတွေကို တိုက်ထုတ်ကြ "
တထန်ပြည်၏ ဘုရင်မင်းမြတ်နှင့် မိဖုရားခေါင်ကြီးက စစ်သည်တော်တွေကို လှုံ့ဆော်နိုင်သည့် ချွေးမတော်၊ တူမတော်ကို ကြည့်ကာ ဂုဏ်ယူခြင်းဖြင့် ပြုံးနေကြသည်။ လျန်မိဖုရာခေါင်ကြီးလည်း သမီးတော်အတွက် ဂုဏ်ယူလျက်ရှိသည်။
"မယ်တော်။ ဦးရီးတော်၊ အရီးတော်... သမီးတော် စစ်ချီထွက်ပါတော့မယ်...အားလုံး စိတ်အေးချမ်းစွာနဲ့ ကောင်းသတင်းကို စောင့်ပေးတော်မူပါ... "
" ကောင်းပါပြီ... တူမတော်ကို ဦးရီးတော် ယုံကြည်တော်မူတယ်... တိုက်ပွဲနိုင်ပြီးပြန်လာမယ့် တူမတော်ကို ဦးရီးတော်တို့ အားလုံး စောင့်နေပ့ါမယ် "
ဟီဒယ်က ဦးညွတ် အရိုသေပေးကာ စစ်မြင်းကြီးပေါ်တက်ပြီး ရှေ့ဆုံးက ချီတက်လာခဲ့သည်။ စစ်ဗုံသံများ တီးခတ်ကာ စစ်သည်အပေါင်းတို့က ဟီဒယ်နောက်ကို တက်ကြွစွာ လိုက်ပါလာကြသည်။ တထန်ပြည်တစ်ခုလုံးက ပြည်သူတွေက မင်းသမီးနှင့် တိုက်ပွဲကို ထွက်သည့် စစ်သည်တော်များကို အော်ဟစ်ကာ အားပေးလျက်လိုက်ပို့ကြသည်။
မြို့ပြင်ကိုရောက်သည်နှင့် ဟီဒယ်သည် ပထဝီအနေထားအရ တပ်တွေကို ခွဲကာ နေရာချပြီး တိုက်ရမည့် ဗျူဟာကို ခင်းကျင်းပေးခဲ့သည်။ နန်ကျောင်တပ်မဟာ ၂ ခုက သူတို့ထက် အင်အား ၂ ဆ များသည်ဆိုပေမယ့် သူတို့ဆီမှာ နယ်မြေကျွမ်းကျင်ခြင်းဆိုသည့် အားသာချက်အပြင် ကိုယ့်တိုင်းပြည်နှင့် ကိုယ့်ချစ်သူတွေအတွက် တိုက်ခိုက်သည် ဆိုသည့် တိုက်ပွဲဝိဉာဉ်က အားကောင်းနေသည်။
စစ်မြေပြင်မှာ ရင်ဆိုင်တိုက်ခိုက်ကြသည့်အချိန်တွင် စစ်လက်နက်၊ လူအင်အားထက် ကိုယ့်အသက်ကိုပင် မဓါန မထားသည့် တိုက်ခိုက်ရေးဝိဉာဉ်ပူးကပ်နိုင်ဖို့က အရေးကြီးဆုံးဖြစ်သည်။
နယ်စား စူးဘိုထိုင် နှင့် နယ်စား ပိုင်ဒါးက တထန်ပြည်ရဲ့ နယ်နိမိတ်ထဲကို ဝင်ရောက်လာသည့်တိုင် ဆီးကြိုတိုက်ခိုက်မည့် တထန်တပ်များကို မတွေ့သဖြင့် အထင်မြင်သေးစိတ်ဝင်လာသည်။
" တောင်ပိုင်းက အရိုင်းအစိုင်းတွေက ကျုပ်တို့ တပ်မကြီးတွေ ချီလာတာကို သိလို့ ကြောက်ဒူးတုန်ကုန်ပြီ ထင်ပါရဲ့.... "
စူးဘိုထိုင်က ပြောလိုက်သည်။ ပိုင်ဒါးက ခြောက်သွေ့သည့် ပတ်ဝန်းကျင်ကို သေချာစွာ လှည့်ပတ်ကြည့်ကာ မျက်မှောင်ကြုတ်နေသည်။
" ကျုပ်ကြားဖူးတာကတော့ တောင်ပိုင်းတိုင်းပြည်တွေထဲမှာ တထန်ပြည်က တိုက်ရည်ခိုက်ရည်ကောင်းတယ်တဲ့။ သူတို့သတင်းနဲ့ အခု သူတို့လုပ်ရပ်က ကွဲနေသလိုပဲ.... "
" ကြည့်ရတာ ထန်လိခိက ဝူပြည်ကို တိုက်ခိုက်ဖို့သွားတော့ တိုက်ရည်ခိုက်ရည်ကောင်းတဲ့လူအားလုံးကို ခေါ်သွားပြီး ဂျိုကျိုးနားရွက်ပဲ့တွေပဲ နန်းစောင့်ကျန်ရစ်ခဲ့တာ ထင်ပါရဲ့...ဟား...ဟား...ဟား.... တထန်ပြည်ရဲ့ ဘုရင်ကြီးက ကြောက်ဒူးတုန်ပြီး ပြေးနေလောက်ပြီ။ "
စူးဘိုထိုင်က မျက်မြင်အခြေနေကိုပဲ ကြည့်ကာ အူမြူးနေပေမယ့် သတိကြီးသည့် ပိုင်ဒါးက အခြေနေကို သံသယဝင်ကာ အထောက်တော်တစ်ချို့ကို ရှေ့ဘက်နားသို့ သတင်းထောက်လှမ်းစေပြီးတပ်ကို ခဏရပ်နားလိုက်သည်။
" ခင်ဗျားက ဘာကို စိုးရိမ်နေတာလဲ။ ကျုပ်တို့ဆီမှာ သခင်ငယ်ပေးလိုက်တဲ့ အထူးလက်နက်တွေပါနေတာပဲ။ သူတို့က ကျုပ်တို့ကို အလစ်တိုက်ခိုက်ရင်တောင်မှာ အင်အား ဘယ်လောက်မှ ကျန်မနေနိုင်လို့ ကျုပ်တို့လူတွေနဲ့ တထန်ပြည်ကို စိစိညက်ညက်ကြေအောင် ချေပစ်ဖို့ မခက်ပါဘူး။ အထူးလက်နက်တောင် သုံးဖို့လိုရဲ့လားတောင် မသိတော့ဘူး....ဟား...ဟား..ဟား..."
" ထန်လိုခိက ဝူပြည်ကို ထွက်သွားတာ အခြေနေ ဘယ်လိုလဲ... ဝူပြည်က တပ်မဟာတွေကို သတင်းလှမ်းမေး လိုက်စမ်း.... "
ပိုင်ဒါးက ပေါ့ပေါ့ဆဆ လုပ်တတ်ကာ ဘဝင်မြင့်သည့် စူးဘိုထိုင်နှင့် တုပကာ မပြောတော့ပဲ ဝူပြည်ဘက်က တပ်မဟာ နှစ်ခုကို အခြေနေလှမ်းမေးခိုင်းလိုက်သည်။ စာပို့သိမ်းဌက်တွေကိုသုံးလို့ သတင်းစောင့်ရတာ အရမ်းမကြာလောက်ပေ။
စူးဘိုထိုင်က ပိုင်ဒါး၏ ပုံစံကြောင့် နှာမှုတ်လိုက်သည်။ ပိုင်ဒါးကို အကြီးအဖြစ် အရှင်ငယ်က အမိန့်မပေးလိုက်ရင် မိမိက သူ့လုပ်ရပ်ကို သေချာပေါက် ပြသနာရှာပစ်မှာဖြစ်သည်။
" ခင်ဗျားက ဘာကို စိုးရိမ်နေတာလဲ "
စူးဘိုထိုင်က မအောင့်နိုင်သည့်အဆုံးမေးလိုက်သည်။ မိမိနှင့် ပိုင်ဒါး၏သမီးတွေက အရှင်ငယ်ရဲ့မိဖုရားတွေဖြစ်နေတာချင်း အတူတူ အရှင်ငယ်က ပိုင်ဒါးကို ပိုယုံတာက ခံပြင်းစရာကောင်းလှသည်။
အေးလေ..သူ့သမီးက သားတော်လေး မွေးထားပြီး မိမိသမီးက ကလေးမှ မမွေးရသေးတာကိုး...ဒီလောက်တော့ ကွာနေမှာပေါ့.... မိမိသမီးက သားတော်လေးမွေးလာမှ ဒင်းကို ပြန်တုန့်ပြန်ရမည်။ မိမိသမီးက ပိုချောတာဖြစ်လို့ မွေးလာသည့် ကလေးက ပိုချောပိုလှကာ အရှင်ငယ်ရဲ့ အချစ်ကို ခံရမှာသေချာသည်။
" ကျုပ်ကြားဖူးတဲ့ သတင်းတွေအရ တထန်ပြည်က သွေးမကြောင်ဖူးဘူး။ တထန်အိမ်ရှေ့စံမရှိရင်တောင် တထန်ဘုရင်က တောင်ပိုင်းက နာမည်ကျော် စစ်ဘုရင်တစ်ပါးပဲ။ သူက ထန်ပြည်သေးသေးလေးကို ခုလို ကျယ်ပြန့်တဲ့ တထန်ပြည်အဖြစ် ရောက်အောင် ပတ်ဝန်းကျင် မြို့ငယ်များစွာကို တိုက်ခိုက်သိမ်းသွင်းလာခဲ့တာ။ တကယ်လို့ ကျုပ်တို့ ချီတက်လာတဲ့ သတင်းကြားရင် သေချာပေါက် တထန်ဘုရင်က သူ့စစ်တပ်ကို စုစည်းပြီး နယ်စပ်ကနေ ဆိးကြိုတိုက်မှာပဲ... အခု သူတို့ ငြိမ်နေတာက ထူးဆန်းလွန်းလှတယ်... "
" တထန်ဘုရင်လည်း အိုရောပေါ့.... ထန်လိုခိနောက်ကို တပ်အများစု လိုက်သွားရင် ဉာဏ်ကောင်းတဲ့ တထန်ဘုရင်က ကျုပ်တို့ကို စီးကြိုတိုက်ဖို့ထက် သံတမန်နဲ့ ဆိးကြိုပြီး ငြိမ်းချမ်းရေးကမ်းလှမ်းနိုင်တယ်။ ဒီလိုဆိုလည်း ကောင်းတာပဲ။ ကျုပ်တို့ဘက်က သွေးမြေမကျပဲ တထန်ပြည်ကိုရနိုင်တာပေါ့ "
ပိုင်ဒါးက ပေါ့ပေါ့လေး တွေးကာ ပြောနေသည့် စူးဘိုထိုင်ကို ကြည့်ကာ စိတ်မရှည်တော့ပေ။
" ခင်ဗျား တထန်ပြည်အကြောင်းကို မကြားထားဖူးဘူးထင်တယ် စူးဘိုထိုင်... သူတို့ လူမျိုးတွေက မပျော့ညံ့ကြဘူး။ ခင်ဗျား ရန်သူကို လျှော့တွက်လွန်းနေပြီ "
စူးဘိုထိုင်က ပိုင်ဒါးကို မကြည်မသာပြန်ကြည့်ကာ ပြောလိုက်သည်။
" လျှော့တွက်တာ မဟုတ်ဘူး။ တောင်ပိုင်းသာ အရိုင်းအစိုင်းတွေကို အထင်ကို မကြီးတာ။ သူတို့က စစ်တပ်နဲ့ မြို့ပြတိုင်းပြည် ဖြစ်လာတာ ဘာကြာသေးလို့ ကျုပ်တို့ မဟာနန်ကျောင်ပြည်ကို ယှဉ်နိုင်မှာလဲ.... "
ထိုစဉ် အရှေ့ဘက်ကို သွားရောက်ထောက်လှမ်းသည့် စစ်သည် ပြန်ရောက်လာသည်။
" လျှောက်တင်ပါတယ် နယ်စားကြီးခင်ဗျာ... အရှေ့က ရွှာတွေမှာ ရွာသားအားလုံးက သူတို့ အိုးအိမ်ကို စွန့်ခွာပြေးလို့ ခွေးတကောင် ကြောင်တမြီးတောင် မတွေ့ရကြောင်းပါ။ ရွာကိုကျော်ပြီး လိုက်စစ်ကြည့်ပေမယ့် စစ်သည်ကော၊ပြည်သူကော မတွေ့ရကြောင်းပါ ဘုရား "
ထိုစကားကိုကြားလိုက်တော့ စူးဘိုထိုင်က မျက်နှာကို ပင့်ကာ ပြောလိုက်သည်။
" ကျုပ်မပြောဘူးလား။ တောင်ပိုင်းသာ အရိုင်းအစိုင်းတွေက ကြောက်ကုန်ပါပြီဆိုတာ... ဒင်းတို့ပြေးတော့လည်း ကောင်းတာပါပဲ။ ကျုပ်တို့ ခပ်သွက်သွက်ချီတက်ပြီး တထန်နေပြည်တော်ကို မီးရှို့ဖျက်စီးပစ်လိုက်ရင် အရှင်ငယ်ပေးတဲ့ တာဝန် ပြီးပြီ။ ဒါဆိုရင် ကျုပ်တို့ တွေ့တဲ့ မြို့ရွာကနေ လုယက်ပြီး ပြန်ကြရုံပဲ.... "
ပိုင်ဒါးက ဘာမှ မပြောပဲ စစ်တပ်ကိုသာ ရှေ့ကို ဆက်လက်ချီတက်လာစေသည်။ သူ့စိတ်ထဲမှာ တထန်က ဒီလောက် အားနည်းသွားပြီလားဟု တွေးကာ မတင်မကျဖြစ်နေသည်။ မိမိပဲ အစိုးရိမ်လွန်နေပြီလား....
ရှေ့ကို ဆက်လက်ချီတက်လာစဉ် မှောင်လာတော့ တောတန်းတစ်ခုတွင် စခန်းချကာ နားကြသည်။ ထိုစဉ် စာပို့သိမ်းဌက်ရောက်လာပြီး ဝူပြည်ကို သွားကူပေးသည့် တပ်မဟာ နှစ်ခု နယ်စားကြီးှဆီက ပြန်စာ ရလာသည်။
" ထန်လိုခိတို့က အင်အားအလုံးအရင်းနဲ့ ဝူပြည်နယ်ထဲ ဝင်ရောက်လာပြီ။ ကျုပ်တို့က ဝူပြည်ရဲ့ နန်းတော်တဝိုက်မှာ ပုန်းအောင်းပြီး စောင့်နေကြတယ်။ အားလုံးက စီစဉ်ထားတဲ့အတိုင်း ချောချောမွေ့မွေ့ ဆက်သွားနေတယ်"
ထိုစာကိုရတော့မှ ပိုင်ဒါး စိတ်ချသွားပြီး ငယ်သားများကို ညစာချက်ပြုတ်စေပြီး မနက်ကို တထန်နန်းတော်ကို တိုက်ခိုက်ချေမှုန်းရန် အမိန့်ပေးလိုက်သည်။
ခပ်လှမ်းလှမ်းတောင်ကုန်းတွေပေါ်မှာ ဝပ်နေသည့် ဟီဒယ်က အခြေနေကို သေချာအကဲခတ်နေစဉ် ဘေးက လူရွယ်တစ်ဦးက လှမ်းပြောလိုက်သည်။
" သူတို့ ဘာမှ သံသယဝင်မသွားကြဘူး။ အားလုံး အဆင်ပြေတယ် "
" ရေတွင်းထဲကို အဆိပ်ခတ်တာ အခြေနေ ဘယ်လိုလဲ "
"အကုန်အဆင်ပြေတယ်။ နန်ကျောင်တပ်က လုံးဝမရိပ်မိဘူး။ သူတို့ ချက်ပြုတ်တဲ့နေရာမှာ ထည့်သုံး လိုက်ပြီ "
" သူတို့က အဆိပ်ပါ၊မပါ မစစ်ဆေးကြဘူးလား "
" စစ်တာပေါ့။ ဒါပေမယ့် ဒါက အဆိပ်မဟုတ်လို့ ဘယ်လို ငွေအပ်ကိုသုံးသုံးပေါ်မှာမဟုတ်ဘူး။ ကျုပ်တို့ သတ်မှတ်ထားတဲ့နေရာက မီးခိုးငွေ့ထဲက ဆေးပင် အနံ့ကို ရှုမိမှာ အဆိပ်အစွမ်းပြပြီး အားလုံးပျော့ခွေကျကုန်လိမ့်မယ် မင်း..ကြည့်ထားလိုက်....ဒါဆိုရင် ဒီကောင်တွေကို ဓါးတချက်ဝင့်စရာမလိုပဲ မင်းတို့ အနိုင်ရလိ့်မ်မယ် "
" ရှင်တို့ ဝင်္ကပါမြိုင်က အဆိပ်တွေက ကြောက်စရာကောင်းလှချည်လား "
ဟီဒယ်က တကယ်ပဲ ရေတွင်းထဲက ရေကို ငင်ခတ်ကာ ရွာထဲမှာ ကျန်ရစ်ခဲ့သည့် ကြက်၊ဝက်၊နွားတို့ကို သတ်ဖြတ်ကာ ချက်ပြုတ်နေကြသည့် နန်ကျောင်တပ်မ နှစ်ခုက လူတွေကို စောင့်ကြည့်ကာ ချိုဟန်ကို ပြောလိုက်သည်။
ဟုတ်ပါသည်။ ဟီဒယ်ရဲ့ဘေးမှာ ဝပ်ကာ အတူ စောင့်ကြည့်နေသည့် ချောမောသည့် လူရွယ်က တချိန်က ဟီဒယ်တို့ကို ဖမ်းဆီးကာ အကျပ်ကိုင်ခဲ့သည့် ဝင်္ကပါမြိုင်က ချိုဟန်ဖြစ်သည်။
"ဒါက အကင်းပဲရှိသေးတယ်။ ဖိုးဖိုးထန်ရဲ့ အဆိပ်ဆိုရင် လေထဲကနေ အားလုံး သတိလစ်အောင် အဆိပ်ခတ်နိုင်တယ်။ "
" ရှင်.... ဘာစိတ်ကူးပေါက်ပြီး ကျွန်မတို့ တထန်ကို လာကူပေးတာလဲ။ ရှင့်ကို ကျွန်မ ကြိုတင်ပြောတားမယ်နော်။ ရှင် ကူညီပေးလည်း ကျွန်မက ရှင့်ကို နည်းနည်းမှ စိတ်မဝင်စားဘူး။ ကျွန်မရဲ့ ခင်ပွန်းနဲ့ မကြာခင် လက်ထပ်တော့မှာ... "
ဟီဒယ်က အစကတည်းက ပြတ်သားစွာ ပြောလိုက်သည်။ ချိုဟန်က ဘယ်လောက် တော်ကာ ချောမောနေပါစေ ... သူမရင်ထဲမှာ အကိုတော် ထန်လိုခိကလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်ပေ။
ကျေးဇူးက ကျေးဇူး၊ အချစ်က အချစ်သာဖြစ်သည်။
" ငါ သိပါတယ်။ မင်း စိတ်ချလက်ချနေပါ။ ကျုပ်က ပိုင်ရှင် ရှိပြီးသား မိန်းကလေးကို မကြိုက်တတ်ဘူး။ ကျုပ်က မျက်လုံးဖြူ ဝံပုလွေ ယွမ်ချူးခန်ရဲ့ အကြံကို ဖျက်ဆီးပြီ းကျုပ်တို့ ဝင်္ကပါမြိုင်ကို တိုက်ခိုက်တဲ့အတွက် လက်တုန့်ပြန်နေတာပါ... "
ချိုဟန်၏ အေးစက်သော စကားကြောင့် ဟီဒယ် စိတ်ချသွားခဲ့သည်။
" ဒါဆို ကောင်းပါပြီ။ ရှင့်ကို ကျွန်မ စိတ်ချလိုက်ပါပြီ "
**********
မနက်မိုးလင်းသည်နှင့် နန်ကျောင်တပ်မကြီး ၂ ခုကို ဦးဆောင်ကာ နေ့လည်တွင် တထန်မြို့တော်ကို ဝန်းရံလာနိုင်ခဲ့သည်။ ဒီကိုလာသည်အထိ တထန်တပ်တွေက လုံးဝကို စီးကြိုတိုက်ခိုက်ခြင်းမရှိပဲ မြို့တော်ကိုသာ အခိုင်အမာ ပိတ်ဆို့ထားကာ မြို့ရိုးပေါ်မှ လောက်လွဲများကို ပြင်ဆင်ထားကြသည်ကိုတွေ့လိုက်ရသည်။ စူးဘိုထိုင်က နှာခေါင်းရှုံ့ကာ တပ်သားတွေကို အမိန့်ပေးလိုက်သည်။
" အားလုံး တထန်မြို့တော်ကို ဝန်းရံထားကြစမ်း... ခွေးတကောင်တောင် လွတ်မသွားစေနဲ့... "
" မှန်လှပါ။ "
လက်အောက် စစ်သူကြိးတွေက အမိန့်ကို ထပ်မံ ဆင့်ကဲကြေငြာလိုက်ပြီး တပ်သားအားလုံးကို ကြွေးကြော်သံဖြင့် ရှေ့ကို ချီတက်လာစေသည်။ ထိုစဉ် လေဝေ့လာပြီး လေထုထဲမှာ ထူးဆန်းသော အမွှေ့နံ့တွေနှင့် မီးခိုးလုံးတွေ လှိမ့်ကာ စစ်တပ်ဆီကို ဝင်ရောက်လာခဲ့သည်။
သူတို့တပ်မကြီးတစ်ခုလုံးက လေအောက်ကိုရောက်နေပြီး ဟိုးလေအထက်ပိုင်း တောင်ကုန်းပေါ်ကနေ မီးပုံကြီးတွေ ရှိုှု့ကာ မီးခိုင်းမှိုင်းတွေ တိုက်နေတာကို တွေ့ရတော့ ပိုင်ဒါးက ရင်ထိတ်သွားခဲ့သည်။
"နေဦး..ဒါ ဘယ်က မီးခိုးတွေလဲ....အားလုံး သတိထား ကြစမ်း... ချီတက်နေတာကို ရပ်.... "
" ချီတက်နေတာကို ရပ်.. "
ထပ်ဆင့်ကြေငြာသံကြောင့် စူးဘိုထိုင်ရဲ့တပ်တွေ ရပ်တန့်လိုက်ရလို့ မကျေမနက်ဖြစ်နေကြစဉ် မီးခိုးငွေ့ကို ရှုမိပြီး အကုန် ချောင်းဆိုးလာခဲ့ကြသည်။
" အဟွတ်..အဟွတ်... "
" အဟွတ်..အဟွတ်..."
အသက် 10 ရှိုက်စာခန့်ကြာတော့ စခန်းထဲမှာ တယောက်ပြီး တယောက် မူးဝေကာ လဲကျကုန်တော့သည်။
" မီးခိုးက အဆိပ်ပါတယ်.. အားလုံး ပုဝါကိုရေဆွတ်ပြီး မျက်နှာကို ကာထားကြ။ တပ်ဖွဲ့တစ်ဖွဲ့ မီးခိုးစရှိုှု့တဲ့နေရာကို သွားငြိမ်းလိုက်.. ကျန်တဲ့တပ်တွေ တထန်ပြည်ကို ဝိုင်းဖျက်စီးကြ...အားလုံး တက်..... "
စူးဘိုထိုင်က ဒေါသဖြင့် အမိန့်ပေးလိုက်သည်။
" အရှင်...နယ်စားကြီး... တပ်သားတွေက အဆိပ်သင့်ပြီး အားလုံး မတ်တပ်မရပ်နိုင်ကြတော့ဘူး..."
" မကောင်းတော့ဘူး.... ဒီမီးခိုးငွေ့သက်သက်က အဆိပ်မဟုတ်ဘူး။ ငါ ဒီမီးခိုးငွေ့ကို ရှုမိတော့ ဘယ်လိုမှ မနေဘူး။ အားလုံး မြို့ကို မတိုက်သေးပဲ ခဏစောင့်နေကြစမ်း... ငါသေချာ လိုက်စစ်ဆေးမယ်"
ပိုင်ဒါးက မျက်နှာမည်းမှောင်ပြီး ချက်ချင်း အမိန့်ထုတ်ပြန်လိုက်သည်။
" တပ်ဖွဲ့ဝင်တွေရဲ့ သုံးပုံတစ်ပုံက အဆိပ်မိပြီး ပျော့ခွေကုန်ကြောင်းပါ အရှင်နယ်စားကြီး။ သူတို့တွေက အရှင်စူးဘိုထိုင်ရဲ့ တပ်ကဖြစ်ပြီး မနေ့ညက စခန်းချတဲ့အချိန် ပတ်ဝန်းကျင်ရွာက ဌက်တွေ၊နွားတွေကို သတ်ပြီး ချက်ပြုတ်စားသောက်ခဲ့သူ တွေပါ... "
သမားတော်က အဆိပ်သင့်ကာ သတိလစ်မေ့မျောကုန်သည့် တပ်သားများကို စစ်ဆေးပြီး ပြောခဲ့သည်။
" ကျန်တဲ့သူတွေက မနေ့ညက ဘာစားခဲ့လဲ"
" ကျွန်တော်မျိုးတို့တပ်က ပါလာတဲ့ အစာခြောက်ကိုပဲ စားခဲ့ကြတာပါ... ရေလည်း မနေ့က ထပ်မဖြည့်ပဲ ပါလာတဲ့ ရေဗူးထဲက ရေကိုပဲ သောက်ခဲ့ကြတာပါ အရှင်"
ပိုင်ဒါး၏လက်အောက် စစ်သူကြီးက ရိုသေစွာ လျှောက်တင်လိုက်သည်။
" ဒါဆို တထန်ဘက်က တမင်သက်သက် ရေတွင်းကို ဆေးခတ်ထားကြပြီး တမင်ချက်ပြုတ်စားသောက်ဖြစ်အောင် ကြက်တွေ၊ ဝက်တွေ၊ နွားတွေကို ချန်ထားခဲ့ကြတာပဲ...။ ပြီးတော့ ဒီမီးခိုးငွေ့က ရေထဲက ဆေးနဲ့ ပေါင်းမှ အဆိပ်ဖြစ်သွားတာပဲ... ကံကောင်းလို့...ငါ့တပ်က သတိကြီးကြပေလို့... "
စူးဘိုထိုင်က ထိုသတင်းကို ကြားတော့ ချက်ချင်း ပြောလိုက်သည်။
" နယ်စားကြီးပိုင်ဒါး....ဒါ... အရိုင်းစိုင်းတွေက အဆိပ်သုံးပြီး စတိုက်နေတာပေါ့..ဟုတ်လား...မိုက်ရိုင်းလိုက်ကြတာ.... ကျုပ်တို့ဘက်က အရှင်ငယ်ပေးလိုက်တဲ့ လက်နက်ကို ထုတ်သုံးကြစို့.... "
" နေဦး...ဒီ လက်နက်တွေနဲ့တိုက်ရင် တထန်တမြို့လုံး မီးလောင်ပျက်စိးကုန်မယ်။ ကျုပ်တို့က စစ်စရိတ်ကြေအောင် တထန်ပြည်က ရတနာတွေကို မသိမ်းယူရသေးဘူး။ ဒီအတိုင်း ဖျက်စီးလိုက်ရင် အရှင်ငယ် ကျုပ်တို့ကို အပြစ်ပေးလိမ့်မယ်။ ကျုပ်တို့ စစ်သည်တော်တွေလည်း ခုလို အဝေးကြီးချီတက်လာတာ သူတို့လည်း အကျိုးရှိဖို့ မြို့ထဲကို လုယက်ခွင့်ပေးရဦးမယ်လေဗျာ "
ပိုင်ဒါးက အကျိုးသင့်အကြောင်းသင့်ပြောကာ တားမြစ်လိုက်တော့ စူးဘိုထိုင် ပေါက်ကွဲတော့သည်။
" တောက်.... ကျုပ် ဂရုမစိုက်ဘူး။ ကျုပ်လူတွေ အလကား အဆိပ်မိလို့ သေရမှာလား။ အားလုံးကို တစ်စစီ လုပ်ပစ်ရ မယ်.... "
စူးဘိုထိုင်က သူ့တပ်က တိုက်ပွဲမစခင် အထိနာသွားသဖြင့် ဒေါသူပုန်ထနေပြီး အထူးလက်နက်ကို ထုတ်ကာ သုံးဖို့သာ ပြောနေပေမယ့် ပိုင်ဒါးက လက်မခံပေ။
" ဒီအထူးလက်နက်ကို မသုံးရဘူး နယ်စားကြီး... ခင်ဗျား အမိန့်ကို မနာခံရင် အရှင်ငယ်ရဲ့ရှေ့မှာ ကျုပ် ဒီအကြောင်းကို တိုင်ကြားရလိမ့်မယ် "
" ခင်ဗျားက ကျုပ်ကို စိမ်ခေါ်တာလား "
စူးဘိုထိုင်က ပိုင်ဒါးကို စူးရဲစွာကြည့်ကာ မေးလိုက်သည်။
"စိမ်ခေါ်တာ မဟုတ်ဘူး။ ကျုပ်တို့က အရှင်ငယ်ရဲ့အမိန့်ကို အောင်မြင်အောင် လုပ်ဖို့တာဝန်ရှိတယ်။ ခင်ဗျားရဲ့ခံစားချက်ကို ထိန်းထားစမ်းပါ... "
" ခင်ဗျားနဲ့ကျုပ်က အဆင့်အတူတူပဲ...ကျုပ်ကို ဘာလုပ်ပါ၊ ညာလုပ်ပါလို့ လာပြောစရာလိုဘူး.... "
စူးဘိုထိုင်က ရဲရဲနီနေသည့် မျက်လုံးများဖြင့် စိုက်ကြည့်ကာ ဒေါသတကြီးဖြင့် လှည့်ထွက်သွားခဲ့သည်။
" စူးဘိုထိုင်ကို အနီးကပ်စောင့်ကြည့်ထား။ အထူးလက်နက်တွေကို ထုတ်မယ်ဆိုရင် တားမြစ်ထားပြီး ငါ့ကို ချက်ချင်း အကြောင်းလာကြားလိုက်... "
"မှန်လှပါ.. "
စူးဘိုထိုင်က ထင်ထားသည့်အတိုင်း အထူးလက်နက်တွေ သိမ်းထားသည့် လှည်းနားကို ကပ်သွားသည်နှင့် ပိုင်ဒါး၏တပ်သားတွေက တားမြစ်ထားသောကြောင့် ဒေါသချောင်းချောင်းထွက်ကာ ပိုင်ဒါးကိုလာတွေ့ပေမယ့် ပိုင်ဒါးက အတွေ့မခံလိုက်ပေ။ လောလောဆယ်မှာ အဆိပ်မိနေသည့် တပ်သားတွေကို ကုသဖို့ သမားတော်တွေနှင့် ဆွေးနွေးနေသည်။ ပြီးတော့ တထန်မြို့တော်ကို ဘယ်လို ကိုင်တွယ်သွားမလဲဆိုတာ လတ်တလော တွေးနေရလို့ စူးဘိုထိုင် ပြသနာရှာသည့်အဖြစ်ကို နားမထောင်အားသေးပေ။
စူးဘိုထိုင်က အစည်းဝေးခန်းမထဲကို မိမိဝင်ခွင့်မရအောင် တားမြစ်ထားတာ ခံလိုက်ရတော့ တကို်ယ်လုံးထူပူနေအောင် ဒေါသထွက်လို့နေသည်။
" အရှင်နယ်စားကြီး... ညစာ ပြင်ဆင်ပြီးပါပြီ.... "
" ပြန်ယူသွားကြစမ်း.... ငါ မစားချင်ဘူး "
တပ်သားလေးတွေက ကြောက်ကြောက်လန့်လန့်ဖြင့် ညစာကို ပြန်သယ်သွားကြသည်။ ထိုစဉ် နူတ်ခမ်းမွေးစစနှင့် အသက် 40 အရွယ်ခန့် လူတစ်ယောက်က တဲနန်းထဲကို ဝင်လာပြီး စူးဘိုထိုင်ကို အရိုသေပေးကာ မေးလိုက်သည်။
" အရှင်..... ဘာတွေ စိတ်အလိုမကျဖြစ်နေတာပါလဲ... "
" အကြံပေးကြီး... ခင်ဗျား အစည်းဝေးမတက်ဘူးလား "
စူးဘိုထိုင်က အကြံပေးကို ကြည့်ကာ မကြည်မလင်မေး လိုက်သည်။
" ကျွန်တော်မျိုးကြီး အခုလေးတင်မှ အစည်းဝေးခန်းမထဲက ထွက်လာတာပါ.... မပြတ်သားတဲ့ စိတ်ထားနဲ့ ပေးတဲ့အမိန့်ကို သဘောမကျလို့ပါ အရှင်နယ်စားကြီး "
အကြံပေး၏စကားကြောင့် စူးဘိုထိုင်၏ မျက်နှာ နည်းနည်း ကြည်လာပြီး စိုက်ကြည့်ကာ မေးလိုက်သည်။
" ခင်ဗျား ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ဘယ်လို တွေးထားမိတာလဲ "
" ကျွန်တော်မျိုးတို့ မြောက်ပိုင်း နန်ကျောင်တပ်သားတွေရဲ့ လုပ်တတ်တဲ့ အပြုအမှုနဲ့ ကွဲပြားခြားနားလို့နေပါတယ်။ နန်ကျောင်ပြည်ရဲ့ ဂုဏ်သတင်းကို ကျွန်တော်မျိုးတို့ ပြန်အဖတ်မဆည်နိုင်ရင် နေပြည်တော်ကိုပြန်ရောက်တဲ့အခါ အရှင်မင်းကြီးကို ဘယ်လို မျက်နှာပြရမယ် မသိတော့ကြောင်းပါ အရှင်နယ်စားကြီး "
" ခင်ဗျား နယ်စားကြိးပိုင်ဒါးကို ဒီအကြောင်းကို မတင်လျှောက်ဘူးလား "
စူးဘိုထိုင်က အကြံပေးကို သွေးတိုးစမ်းကာ မေးလိုက်သည်။ ဒီလူက ပိုင်ဒါးရဲ့လူများလား...
" အဲ့ဒီလို တင်လျှောက်လို့ ကျွန်တော်မျိုး လူကြားထဲ အငေါက်ခံလိုက်ရကြောင်းပါ.... အရှင်နယ်စားကြီး... အရှင်... ကျွန်တော်မျိုးတို့ကို အမိန့်ပေးတော်မူပါ... "
" အကြံပေးကြီးရဲ့ အတွေးက ဘယ်လိုမျိုးရှိတယ်ဆိုတာ အရင်ပြောပါဦး "
အကြံပေးကြီးက ဟိုဟိုသည်သည် တချက်စစ်ဆေးကြည့်ပြီးနောက် စူးဘိုထိုင်၏ နားနားကပ်ကာ တီးတိုး တင်လျှောက်လိုက်သည်။ ထိုအကြံကို နားထောင်ပြီး စူးဘိုထိုင်၏ မျက်နှာက ရွှင်လန်းလာခဲ့သည်။
" မင်း...ဒီလို လုပ်ဖို့ စိတ်ချရတဲ့လူတွေ ရှိနေလား "
" ရှိပါတယ် အရှင်...လောလောဆယ် စစ်တပ်ထဲမှာ နယ်စားကြိးပိုင်ဒါးရဲ့ တွေဝေတဲ့လုပ်ရပ်ကို မကျေနပ်တဲ့ တပ်မှုးကြီး၊စစ်သူကြီးတွေ အများကြီးရှိနေပါတယ်။ သူတို့က ကျွန်တော်မျိုးကို လာပြောနေကြလို့ ကျွန်တော်မျိုး အရှင့်ဆီကို အရဲစွန့်ပြီးလာတွေ့ကြောင်းပါ... "
" ကောင်းပြီ။ ဒါဆို မင်းပြောတဲ့ အကြံအတိုင်း လုပ်ကြမယ်ဆိုတာ ပြောလိုက်.... ကျုပ်တို့ အစီစဉ် အောင်မြင်သွားရင် အရှင်ငယ်ရှေ့မှာ ကျုပ်တို့ ချီးမြှင့်ခံရဖို့ ကျုပ် ပြောပြပေးမယ် "
" ကျေးဇူးကြီးမားလှကြောင်းပါ အရှင်...."
အကြံပေးထွက်သွားတော့ စူးဘိုထိုင်က ကျေနပ်စွာ ရယ်မောပြီး ကြိမ်းဝါးလိုက်သည်။
" ခွေးမသား... နယ်စားချင်းအတူတူ ဒင်းက ငါ့ကို ဒီလိုလုပ်တယ်လား.... ငါ့ အကြောင်း သိရသေးတာပေါ့... "
*********-*************
YOU ARE READING
စစ္နတ္ဘုရား၏ အခ်စ္ဥယ်ာဥ္ - Season (2)
Historical Fictionစစ္နတ္ဘုရားရဲ႕ အခ်စ္ဥယ်ာဥ္ Season 1+2 တစ္မေအထဲက ေမြးဖြားလာေပမယ့္ ႀကီးျပင္းရသည့္ ပတ္ဝန္းက်င္ေပၚ မူတည္ျပီး ညီအစ္ကိုနွစ္ေယာက္ရဲ႕စိတ္ဓါတ္၊ အေတြးေခၚေတြ ဘယ္ေလာက္ေတာင္ ေျပာင္းလဲသြားမယ္လို႕ သင္တုိ႕ထင္ပါသလဲ။ လူတစ္ခ်ဳိ႕က ကိုယ့္လက္ထဲက အရာထက္ အျခားလူလက္ထဲက အရာ...