စစ္နတ္ဘုရား၏အခ်စ္ဥယ်ာဥ္ Chapter (18) (zawgyi+unicode)
ခ်ိဳစန္းသည္ ယခုလို အရီးေတာ္ေဟာ္သြန္းနွင့္ ေနာင္ေတာ္ ကုလန္ကိုယ္တိုင္ လိုက္လာေတာ့မွ ဆက္လိမ္လည္း ထူးမည္မဟုတ္သည္ကို သိေတာ့ သက္ျပင္းရိႈက္ကာ အမွန္တို္င္း ဝန္ခံလိုက္သည္။
"မွန္ပါတယ္။ ကြ်န္ေတာ္ ခ်ဴလူလူကို ခ်စ္လို႕ အတင္းဖမ္းေခၚလာတာပါ..."
ခ်ိဳစန္း၏စကားကိုႀကားေသာ္ အဖြားေတာ္ နေရာင္းက မ်က္ေမွာင္ကုတ္ကာ ေျပာလိုက္သည္။
"ေျမးေတာ္... မင္းလည္း ဝကၤပါျမိဳင္ရဲ႕သခင္ေလး တစ္ပါးျဖစ္လ်က္နဲ႕ ဘာေႀကာင့္ စည္းကမ္းကို ခ်ိဳးေဖာက္ရတာလဲ။ ႀကည့္ရတာ မင္းရဲ႕ အေဖက သားေတြကို အလိုလိုက္တာ မ်ားေနျပီထင္တယ္။ "
မိမ္ိေႀကာင့္ အေနေအးေသာ ဖခင္ကို အဖြားေတာ္ အျပစ္တင္လိုက္သျဖင့္ ခ်ိဳစန္းခ်က္ခ်င္း ဒူးေထာက္အရိုေသေပးကာ ရဲဝ့ံစြာေျပာလိုက္သည္။
"အဖြားေတာ္...ဒါ ေဖေဖနဲ႕ မဆုိင္ပါဘူး။ ကြ်န္ေတာ္တစ္ေယာက္တည္းလုပ္ထားတဲ့ အျပစ္ပါ။ ကြ်န္ေတာ့္ကို ေပးခ်င္တဲ့အျပစ္ေပးပါ။ ဒါေပမယ့္ ကြ်န္ေတာ့္ကို ခ်ဴလူလူနဲ႕ သေဘာတူေပးပါ။"
ထိုစကားကို ႀကားေသာ္ ခ်ဴလူလူက ဒီေခါင္းမာလွသည့္ ခ်ိဳစန္းကို စိုက္ႀကည့္ကာ မ်က္ေမွာင္ကုတ္မိသည္။ ဒီလူ ဘယ္လို လုပ္ျပီး အဖြားေတာ္၊ အရီးေတာ္နွင့္ ေနာင္ေတာ္ကုလန္ေရွ႕မွာေတာင္ မိမိကို အရွက္ခြဲနုိင္ရတာပါလိမ့္ဟု ေတြးကာ စိတ္ပ်က္ေနမိစဥ္ အဖြားေတာ္ နေရာင္း ေအးစက္စြာေျပာလိုက္သည္။
"ခ်ဴ လူလူက မင္းကို လက္မခံနိုင္ပဲ အဖြားေတာ္ကို သေဘာတူဖို႕ ေျပာရဲေသးတယ္ ဟုတ္လား။ မင္း ဘာမွ ဆက္မေျပာနဲ႕ေတာ့။ သြား... ဘိုးဘြားခန္းမထဲ ၁ လတိတိ အျပင္မထြက္ပဲ ဒူးေထာက္ျပီး အျပစ္ကို ဆင္ျခင္စမ္း..."
နေရာငး္က ေျမးျဖစ္သူ ခ်ိဳစန္းကို အျပစ္ေပးလိုက္ျပီး ခ်ဴလူလူကို ေတာင္းပန္လိုက္သည္။
"ေျမးေလး ခ်ဴလူလူကို အဖြားေတာ္ ေတာင္းပန္ပါတယ္။ အဖြားေတာ္ရဲ႕ ေျမးေလး တဇြတ္ထိုးလုပ္တာကို ခြင့္လႊတ္ေပးဖို႕ အဖြားေတာ္ အနူးညြတ္ေတာင္းပန္ပါတယ.္"
ခ်ဴလူလူသည္ ထူးဆန္းသည့္ ပညာမ်ားကို တဖက္ကမ္းခတ္တတ္ကြ်မ္းသည့္ မဟာျမိဳင္၏ အရွင္သခင္ ကိုယ္တုိင္ ေတာင္းပန္စကားဆိုေနသျဖင့္ ခ်က္ခ်င္း အရိုေသေပးကာ ေျပာလိုက္သည္။
"ရပါတယ္ အဖြားေတာ္။ ခ်ိဳစန္းက ကြ်န္ေတာ့္ ေစာင္းသံကို သေဘာက်လို႕ ဖမး္ေခၚလာတာျဖစ္တဲ့အျပင္ သူလည္း ဘာမွ လြန္က်ဴးထားတာလည္း မရွိတဲ့အတြက္ ကြ်န္ေတာ္ ေနာင္ေတာ္ကုလန္တို႕နဲ႕ ျပန္လိုက္ခြင့္ရရင္ကို ရပါျပီ အဖြားေတာ္"
ခ်ိဳစန္းက ခ်ဳလူလူ၏ စကားေႀကာင့္ မ်က္ဝနး္ထဲ လက္ခနဲျဖစ္သြားသည္။ ခ်ဴလူလူ၏ ေပ်ာ့ေျပာငး္ေသာ စကားမ်ားအရ မိမိကို မုန္းတီးျခင္းမရွိသျဖင့္ ဆက္လက္ ႀကိဳးစားလို႕ရနုိင္ေသးသည္ဟု တြက္ကာ အားတက္သြားခဲ့သည္။
ကုလန္က သူတို႕ စကားစျပတ္သြားသည္အထိ ေစာင့္ကာ အဖြားေတာ္ကို လွည့္ကာ ေမးလိုက္သည္။
"အဖြားေတာ္ ယြမ္ခ်ူးခန္က ဝကၤပါျမိဳင္ကေန ဘာေတြကိုမ်ား အက ူညီေတာင္းသြားတယ္ဆိုတာ ကြ်န္ေတာ္ သိပါရေစ..."
နေရာင္းက ကုလန္ကို စိုက္ႀကည့္ကာ တည္ႀကည္စြာေျပာလိုက္သည္။
"အဖြားေတာ္ဆီကိုေတာ့ လာျပီး နူတ္ဆက္သြားတာကလြဲရင္ ဘာမွ အကူညီမေတာင္းခဲ့ဘူး။ ဒါေပမယ့္ အဖြားေျမးေတြနဲ႕ အေတာ္ေလးကို ခင္မင္သြားႀကတယ္ဆိုေတာ့... သူတို႕ကို ဘာအကူညီေတာင္းတယ္ဆိုတာေတာ့ မသိဘူး။ ခ်ိဳစန္း... ယြမ္ေလးက မင္းတို႕ဆိီက ဘာအကူညီေတာင္းခဲ့သလဲ..."
ခ်ဳိစန္းက ခ်ဴလူလူကို ခ်စ္ရည္ရြႊမ္းသည့္ မ်က္ဝနး္မ်ားျဖင့္ႀကည့္ေနရာကေန အဖြားေတာ္ကို ႀကည့္ကာ အမွန္တုိင္းေျဖလိုက္သည္။
"ကြ်န္ေတာ့္ကို ေက်ာက္ေတာအုပ္ထဲမွာ ခ်ဴလူလူကို ေတြ႕ခ်င္လာခဲ့၊ သူေခၚထားတယ္လို႕ပဲ ေျပာတယ္ အဖြားေတာ္။ ခ်ဴလူလူကို ေတြ႕ေတာ့ သူ႕ကို သေဘာက်ရင္ ေခၚသြားလို႕ရတယ္လို႕ေျပာလို႕ ကြ်န္ေတာ္ တခါတည္းေခၚလာခဲ့တာပဲ။ ကြ်န္ေတာ့္ဆီကေတာ့ အျခား ဘာမွ မေတာင္းဆိုဘူး။"
နေရာင္းက တခ်က္စဥ္းစားက ေျပာလိုက္သည္။
"ခ်ဳလူလူကို ေတြ႕ဖို႕ မင္းကို ေခၚသာ သက္သက္မျဖစ္နုိင္ဘူး။ မင္း ေနာင္ေတာ္ေတြနဲ႕ ဘာေျပာလည္း မင္းသိလား..."
"မသိဘူး အဖြားေတာ္။ ေနာင္ေတာ္ေတြနဲ႕ သူက ပိုတြဲတယ္။ ကြ်န္ေတာ္က သူတို႕ ညီအစ္ကိုႀကား မပါခ်င္လို႕ သိပ္မေပါင္းဘူး။ နွစ္ေယာက္လံုးက ကြ်န္ေတာ့္ ညီအစ္ကိုေတြျဖစ္လို႕ ဘယ္သူ႕ဘက္မွ ပါလို႕မေကာင္းေတာ့ အစကတည္းက သူ႕ကိုအျပတ္ေျပာထားျပီးသား အဖြားေတာ္..."
ကုလန္သည္ ခ်ိဳစန္း၏စကားေႀကာင့္ သူ အမွန္တုိင္းေျပာသည္ကို သိလုိက္သည္။ ဒါေႀကာင့္ ယြမ္ခ်ဴးခန္က က်န္သည့္ ညီအစ္ကိုနွစ္ေယာက္နွင့္ ေပါင္းကာ ဘာဆက္လုပ္ထားသည္ကို သိဖို႕ လိုလာေလျပီ။
"အဖြားေတာ္ က်န္တဲ့ ညီနွစ္ေယာက္နဲ႕ ကြ်န္ေတာ္ ေတြ႕ခြင့္ရနုိင္မလား..."
"သူတို႕က အလုပ္နဲ႕အျပင္ကို သြားေနႀကတယ္ကြဲ႕။ အဖြားေတာ္ သူတုိ႕ကို ခ်က္ခ်င္းျပန္လာခိုင္းလိုက္ပါ့မယ္။ ေျမးႀကီးကုလန္လည္း ဒီမွာေရာက္တုနး္ တစ္ရက္၊နွစ္ရက္ေလာက္ ေစာင့္သြားပါဦးလား။ တကယ္လို႕ သူတို႕က ယြမ္ေလးနဲ႕ တခုခုေပါင္းလုပ္ထားတယ္ဆိုလည္း အဖြားေတာ္က အဆင္ေျပေအာင ္လုိက္ရွင္းေပးပါ့မယ္။ တူမေတာ္ ေဟာ္သြန္းလည္း ေနလို႕ရတယ္ မဟုတ္လား။ တူမေတာ္လည္း ေရာက္တုန္း အဖြားေတာ္က က်န္းမာေရး စစ္ေဆးေပးလိုက္ခ်င္တယ္။ "
ကုလန္လည္း ေရာက္သည့္အတူတူ ၂ ရက္ေလာက္ေစာင့္ရံုနွင့္ ယြမ္ခ်ဴးခန္ကို တားဆီးနုိင္မည္ကို သိသျဖင့္ ေနရန္ သေဘာတူလိုက္သည္။
"ကြ်န္ေတာ္ ေနပါ့မယ္ အဖြားေတာ္။ မယ္မယ္ေရာ..ေနလို႕ရရဲ႕လား."
"မယ္မယ္က ရပါတယ္။ အေထာက္ေတာ္ကို နန္းေတာ္လႊတ္ျပီ းေျပာခုိင္းလိုက္ပါ့မယ္..."
အဖြားေတာ္ နေရာင္းက သေဘာက်စြာျဖင့္ သူတုိ႕ကို နားေနရန္ အေဆာင္စီစဥ္ခုိင္းလိုက္သည္။ ခ်ိဳစန္းက ကုလန္နွင့္ ခ်ဴလူလူကို ေခၚကာ နားေနရန္ အေဆာင္ကို လိုက္ပို႕ေပးလုိက္သည္။
"ေနာင္ေတာ္.... ကြ်န္ေတာ္က ယြမ္ခ်ဴးခန္ကို ကူညီေပးေနတာ မဟုတ္ဘူးေနာ္။ သူ႕ကို တကယ္ သေဘာက်လို႕ အပါေခၚလာရံုေလးပါ။ ခ်ဴလူလူ.. ကိုယ္ မင္းကို တကယ္ခ်စ္တာပါ။ ကုိယ့္ကို လက္ခံေပးဖို႕ ေတာင္းဆိုပါတယ္ "
ခ်ိဳစန္းက ေနာင္ေတာ္ ကုလန္ကို ေတာင္းပန္လိုက္ရင္း ခ်ဴလူလူကိုပါ ဆက္လက္ခြင့္ေတာင္းေနသည္။ ခ်ဴ လူလူက ခ်ိဳစန္းကို မ်က္နွာထားတင္းတင္းျဖင့္ႀကည့္ကာ ေျပာလုိက္သည္။
"ခင္ဗ်ားကို ကြ်န္ေတာ္ သိပ္ေက်နပ္တာ မဟုတ္ဘူးေနာ္။ အဖြားေတာ္ကို အားနာလို႕ရယ္ ေနာင္ေတာ္ကုလန္တုိ႕ မ်က္နွာေႀကာင့္ ဘာမွ မေျပာလိုက္တာ ။ ကြ်န္ေတာ္ သေဘာက်တဲ့လူရွိျပီးသား... ခင္ဗ်ားကို လက္မခံနို္င္ဘူး။"
"ဘယ္သူလဲ.... ဘယ္နုိင္ငံက မင္းသမီးလဲ..."
ခ်ဳိစန္းက ခ်က္ခ်င္း မ်က္နွာထား တင္းတင္ျဖင့္ေမးလိုက္သည္။ ခ်ဴလူလူက သူ႕ကို တမင္ကလိခ်င္ေသာေႀကာင့္ ေျပာလိုက္သည္။
"သူက အရမ္းေတာ္တဲ့သူ၊ အတုိင္းတုိင္းအျပည္ျပည္မွ ေရႊဥာဏ္ရွင္လို႕ နာမည္ႀကီးတဲ့သူ..... ကြ်န္ေတာ့္ ေနာင္ေတာ္ တစ္ေယာက္...."
"မင္းက... တိုလိုအီကို သေဘာက်တာလား။ မင္းလည္ းေယာက်ား္ေလးကို စိတ္ဝင္စားတာပဲလား။ မင္းေျပာေတာ့ ေယာက်ား္ေလး စ ိတ္မဝင္စားဘူးဆို..."
"ဟုတ္တယ္ေလဗ်ာ။ ေယာက်ား္ေလးကို စိတ္ဝင္စားတာ မဟုတ္ဘူး။ ကြ်န္ေတာ့္ ေနာင္ေတာ္ရဲ႕ ဥာဏ္ရည္ကို ေလးစားလို႕ သေဘာက်ရင္း ခ်စ္မိသြားတာဗ်.... ခင္ဗ်ားဆိုရင္ေတာ့ လံုးဝပါပဲ..ကိုယ့္ဖာသာပဲ အျခားလူကို ရွာလိုက္ပါ..."
"တိုလုအီလား... အင္း..."
ခ်ိဳစန္းက လွ်ိဳ႕ဝွက္တတ္သည့္ ဒုတိယ အကိုခ်ိဳနန္ျဖစ္သူ၏ နူတ္မွ တခါက ေျပာသံကို ႀကားဖူးသျဖင့္ မ်က္နွာ တမ်ိဳးေျပာင္းသြားခဲ့သည္။
"အင္း.... တိုလုအီက လုျပည္က မဟုတ္လား။ သူ႕အေႀကာင္းကို ေနာင္ေတာ္ ခ်ိဳနန္ေျပာတာ ႀကားဖူးတယ္။ ေနာင္ေတာ္ ဒီတစ္ခါ သြားတာ သူနဲ႕သြားေတြ႕တာမ်ားလား...."
ခ်ိဳစန္းက တေယာက္တညး္ ရြတ္သလိုလိုေျပာလိုက္သျဖင့္ ကုလန္က ဆတ္ခနဲျဖစ္သြားသည္။
"ခ်ိဳစန္း... မင္းေနာင္ေတာ္ ဘယ္ကို သြားတာလဲ... သူ... တိုလုအီနဲ႕ေတြ႕ဖို႕သြားတယ္ဆိုတာ မင္း ဘာေႀကာင့္ ထင္တာလဲ..."
"ကြ်န္ေတာ္လည္း မေသခ်ာဘူး။ ေနာင္ေတာ္ဆီက ေျပာသံတစ္ခါႀကားဖူးတာရယ္...ခ်ဴလူလူကို သေဘာက်ရင္ ရေအာင္ယူဖို႕ ၊ သူလည္း ကူေျပာေပးမယ္လို႕ တခါေျပာဖူးတယ္။ တုိလုအီက ခ်ူလူလူကို သေဘာက်ေနတယ္လို႕ သူ တစ္ခါက ေျပာဖူးတယ္။ ဟုတ္တယ္။ ဒါေပမယ့္ ခ်ဴလူလူက သေဘာက်တာ မဟုတ္ဘူးလို႕လည္း ေျပာလို႕ ကြ်န္ေတာ္လည္း တခါတည္း အပိုင္ႀကံဖို႕ ဝကၤပါျမိဳင္ကို တခါတည္း ေခၚလာတာပဲ။ ဟိုေန႕မွ ေနာင္ေတာ္ ခ်က္ခ်င္းထြက္သြားလိုက္တာ။ ေနာင္ေတာ္ ကုလန္..တုိလုအီက ေတာင္ပိုင္းမွ မဟုတ္လား..."
"မဟုတ္ဘူး။ သူ ခ်ဴလူလူဆီက သတင္းမႀကားလို႕ နန္ေက်ာင္ကို ထြက္လာခဲ့တာပဲ။ လြန္ခဲ့တဲ့ ငါးရက္ေလာက္ကစျပီး တိုလုအီရဲ႕သတင္းကို မရလို႕ ေနာင္ေတာ္ကိုယ္တို္င္ ေျမာက္ပိုင္းကို လိုက္လာခဲ့ရတာပဲ..."
ကုလန္သည္ ခ်ိဳနန္က တိုလုအီဆီကို သြားေတြ႕တာကို သိလိုက္သည္။ ဘာေႀကာင့္ ေတြ႕သလဲဆိုတာ အစက မသိေပမ ယ့္ အခုအေျခေနမွာေတာ့ ခ်ိဳနန္က တိုလုအီကို သေဘာက်ေနပံုရသည္။ တုိလုအီက ခ်ဴလူလူကို သေဘာက်တာကိုလည္း သိေနပံုရသည္။ ဒါဆို သူက တိုလုအီကို မ်က္ေျခမျပတ္ေစာင့္ႀကည့္ေနတာျဖစ္မည္။ ခ်ိဳစန္းကို ေျမွာက္ေပးကာ ခ်ဴလူလူကို ဖမ္းေစျပီးေနာက္ တုိလုအီကို အသာယာစာပို႕ကာ ေခၚသြားတာျဖစ္မည္။ ယြမ္ခ်ဴးခန္က ခ်ိဳနန္တို႕ကို အသံုးခ်ေနပံုရသည္။ ဒါဆိုလွ်င္ အႀကီးဆံုးတစ္ေယာက္ကိုေကာ...ယြမ္ခ်ဴးခန္ အသံုးမခ်နိုင္ဘူးလား။
"ေနာင္ေတာ္ကုလန္...ေနာင္ေတာ္ တိုလုအီက နန္ေက်ာင္ကို ေရာက္ေနျပီလား... "
"အင္း..ဟုတ္တယ္။ သတင္းကို လံုးဝမရလို႕ ေနာင္ေတာ္ လိုက္လာခဲ့တာ။ မင္းေပ်ာုက္သြားတယ္။ တိုလုအီလိုက္လာေတာ့ သူလည္း ထပ္ေပ်ာက္သြားတယ္။ ျပီးေတာ့ ထန္လိုခိတို႕ အတိုက္ခံရတယ္။ ဟီဒယ္နဲ႕ထန္လိုခိလည္း တစ္ေနရာမွာ အဖမ္းခံေနရတယ္.... ဒီဟာေတြက တိုက္ဆုိင္တာ မျဖစ္နုိင္ဘူး။ တေယာက္ေယာက္က တမင္ကို အကြက္ခ်ထားတဲ့ပံုပဲ။ "
ခ်ဴလူလူသည္ ေနာင္ေတာ္ ကုလန္၏စကားေႀကာင့္ စိုးရိမ္သြားစဥ္ ခ်ိဳစန္းက ဟီဒယ္နာမည္ကို ႀကားသျဖင့္ ယြမ္ခ်ဴးခန္နဲ႕ အႀကီးဆံုးအကိုႀကီးေျပာတဲ့စကားထဲ ဟီဒယ္နာမည္ကို ႀကားဖူးသျဖင့္ ယြမ္ခ်ဴးခန္ လက္ခ်က္ ဆိုတာ ေသခ်ာသြားေလျပီ။
"ေနာင္ေတာ္... ယြမ္ခ်ဴးခန္က ကြ်န္ေတာ္ အကိုနွစ္ေယာက္ကို အပိုင္စည္းရံုးသြားပံုရျပီဗ်...."
ထိုစကားကိုႀကားေသာ္ ကုလန္က မိိမိ ဝကၤပါျမိဳင္ကို ေရာက္ေနတာလည္း ယြမ္ခ်ဴးခန္ ႀကိဳတင္တြက္ဆလုပ္ထားျဖစ္မည္ကို သိလိုက္ကာ ခ်က္ခ်င္း အဖြားေတာ္ရွိရာဆီကို ခ်က္ခ်င္းျပန္လာျပီး မယ္ေတာ္ကို ေတြ႕ကာ မိမိေတာင္ပိုင္းကို ခ်က္ခ်င္းျပန္မွျဖစ္မည္ကို ေျပာကာ ျမင္းကို စိုင္းကာ အျမန္ျပန္လာခဲ့ေတာ့သည္။
"မီရာ... ဘယ္လိုအေႀကာင္းနဲ႕ျဖစ္ျဖစ္ ...မင္း အာနန္ျပည္ထဲက လံုးဝမထြက္နဲ႕..."
စာပို႕သိမ္းဌက္ကို ေစလႊတ္ရင္း ကုလန္ေတာင္ပိုင္းကို အျပင္းနွင္လာခဲ့သည္။ ယြမ္ခ်ဴးခန္က ဒီတစ္ခါ အႀကံႀကီးႀကီးႀကံထားပံုရသည္။ သူ႕ကို ဒီေလာက္ေစာင့္ႀကည့္သည့္ႀကားက ဘယ္လိုလုပ္ျပီး အကြက္ခ်သြားနုိင္သည္ကို ကုလန္နားမလည္ေတာ့ေပ။ ဒီလိုပံုစံဆိုရင္ သူ႕ကို မိိမိ ဆက္လက္ အေလ်ာ့ေပးလို႕ မျဖစ္ေတာ့ေပ။
----------------
စစ်နတ်ဘုရား၏အချစ်ဥယျာဉ် Chapter (18) (zawgyi+unicode)
ချိုစန်းသည် ယခုလို အရီးတော်ဟော်သွန်းနှင့် နောင်တော် ကုလန်ကိုယ်တိုင် လိုက်လာတော့မှ ဆက်လိမ်လည်း ထူးမည်မဟုတ်သည်ကို သိတော့ သက်ပြင်းရှိုက်ကာ အမှန်တိုင်း ဝန်ခံလိုက်သည်။
"မှန်ပါတယ်။ ကျွန်တော် ချူလူလူကို ချစ်လို့ အတင်းဖမ်းခေါ်လာတာပါ..."
ချိုစန်း၏စကားကိုကြားသော် အဖွားတော် နရောင်းက မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။
"မြေးတော်... မင်းလည်း ဝင်္ကပါမြိုင်ရဲ့သခင်လေး တစ်ပါးဖြစ်လျက်နဲ့ ဘာကြောင့် စည်းကမ်းကို ချိုးဖောက်ရတာလဲ။ ကြည့်ရတာ မင်းရဲ့ အဖေက သားတွေကို အလိုလိုက်တာ များနေပြီထင်တယ်။ "
မိမိကြောင့် အနေအေးသော ဖခင်ကို အဖွားတော် အပြစ်တင်လိုက်သဖြင့် ချိုစန်းချက်ချင်း ဒူးထောက်အရိုသေပေးကာ ရဲဝံ့စွာပြောလိုက်သည်။
"အဖွားတော်...ဒါ ဖေဖေနဲ့ မဆိုင်ပါဘူး။ ကျွန်တော်တစ်ယောက်တည်းလုပ်ထားတဲ့ အပြစ်ပါ။ ကျွန်တော့်ကို ပေးချင်တဲ့အပြစ်ပေးပါ။ ဒါပေမယ့် ကျွန်တော့်ကို ချူလူလူနဲ့ သဘောတူပေးပါ။"
ထိုစကားကို ကြားသော် ချူလူလူက ဒီခေါင်းမာလှသည့် ချိုစန်းကို စိုက်ကြည့်ကာ မျက်မှောင်ကုတ်မိသည်။ ဒီလူ ဘယ်လို လုပ်ပြီး အဖွားတော်၊ အရီးတော်နှင့် နောင်တော်ကုလန်ရှေ့မှာတောင် မိမိကို အရှက်ခွဲနိုင်ရတာပါလိမ့်ဟု တွေးကာ စိတ်ပျက်နေမိစဉ် အဖွားတော် နရောင်း အေးစက်စွာပြောလိုက်သည်။
"ချူ လူလူက မင်းကို လက်မခံနိုင်ပဲ အဖွားတော်ကို သဘောတူဖို့ ပြောရဲသေးတယ် ဟုတ်လား။ မင်း ဘာမှ ဆက်မပြောနဲ့တော့။ သွား... ဘိုးဘွားခန်းမထဲ ၁ လတိတိ အပြင်မထွက်ပဲ ဒူးထောက်ပြီး အပြစ်ကို ဆင်ခြင်စမ်း..."
နရောင်းက မြေးဖြစ်သူ ချိုစန်းကို အပြစ်ပေးလိုက်ပြီး ချူလူလူကို တောင်းပန်လိုက်သည်။
"မြေးလေး ချူလူလူကို အဖွားတော် တောင်းပန်ပါတယ်။ အဖွားတော်ရဲ့ မြေးလေး တဇွတ်ထိုးလုပ်တာကို ခွင့်လွှတ်ပေးဖို့ အဖွားတော် အနူးညွတ်တောင်းပန်ပါတယ.်"
ချူလူလူသည် ထူးဆန်းသည့် ပညာများကို တဖက်ကမ်းခတ်တတ်ကျွမ်းသည့် မဟာမြိုင်၏ အရှင်သခင် ကိုယ်တိုင် တောင်းပန်စကားဆိုနေသဖြင့် ချက်ချင်း အရိုသေပေးကာ ပြောလိုက်သည်။
"ရပါတယ် အဖွားတော်။ ချိုစန်းက ကျွန်တော့် စောင်းသံကို သဘောကျလို့ ဖမ်းခေါ်လာတာဖြစ်တဲ့အပြင် သူလည်း ဘာမှ လွန်ကျူးထားတာလည်း မရှိတဲ့အတွက် ကျွန်တော် နောင်တော်ကုလန်တို့နဲ့ ပြန်လိုက်ခွင့်ရရင်ကို ရပါပြီ အဖွားတော်"
ချိုစန်းက ချုလူလူ၏ စကားကြောင့် မျက်ဝန်းထဲ လက်ခနဲဖြစ်သွားသည်။ ချူလူလူ၏ ပျော့ပြောင်းသော စကားများအရ မိမိကို မုန်းတီးခြင်းမရှိသဖြင့် ဆက်လက် ကြိုးစားလို့ရနိုင်သေးသည်ဟု တွက်ကာ အားတက်သွားခဲ့သည်။
ကုလန်က သူတို့ စကားစပြတ်သွားသည်အထိ စောင့်ကာ အဖွားတော်ကို လှည့်ကာ မေးလိုက်သည်။
"အဖွားတော် ယွမ်ချူးခန်က ဝင်္ကပါမြိုင်ကနေ ဘာတွေကိုများ အက ူညီတောင်းသွားတယ်ဆိုတာ ကျွန်တော် သိပါရစေ..."
နရောင်းက ကုလန်ကို စိုက်ကြည့်ကာ တည်ကြည်စွာပြောလိုက်သည်။
"အဖွားတော်ဆီကိုတော့ လာပြီး နူတ်ဆက်သွားတာကလွဲရင် ဘာမှ အကူညီမတောင်းခဲ့ဘူး။ ဒါပေမယ့် အဖွားမြေးတွေနဲ့ အတော်လေးကို ခင်မင်သွားကြတယ်ဆိုတော့... သူတို့ကို ဘာအကူညီတောင်းတယ်ဆိုတာတော့ မသိဘူး။ ချိုစန်း... ယွမ်လေးက မင်းတို့ဆီက ဘာအကူညီတောင်းခဲ့သလဲ..."
ချိုစန်းက ချူလူလူကို ချစ်ရည်ရွှမ်းသည့် မျက်ဝန်းများဖြင့်ကြည့်နေရာကနေ အဖွားတော်ကို ကြည့်ကာ အမှန်တိုင်းဖြေလိုက်သည်။
"ကျွန်တော့်ကို ကျောက်တောအုပ်ထဲမှာ ချူလူလူကို တွေ့ချင်လာခဲ့၊ သူခေါ်ထားတယ်လို့ပဲ ပြောတယ် အဖွားတော်။ ချူလူလူကို တွေ့တော့ သူ့ကို သဘောကျရင် ခေါ်သွားလို့ရတယ်လို့ပြောလို့ ကျွန်တော် တခါတည်းခေါ်လာခဲ့တာပဲ။ ကျွန်တော့်ဆီကတော့ အခြား ဘာမှ မတောင်းဆိုဘူး။"
နရောင်းက တချက်စဉ်းစားက ပြောလိုက်သည်။
"ချုလူလူကို တွေ့ဖို့ မင်းကို ခေါ်သာ သက်သက်မဖြစ်နိုင်ဘူး။ မင်း နောင်တော်တွေနဲ့ ဘာပြောလည်း မင်းသိလား..."
"မသိဘူး အဖွားတော်။ နောင်တော်တွေနဲ့ သူက ပိုတွဲတယ်။ ကျွန်တော်က သူတို့ ညီအစ်ကိုကြား မပါချင်လို့ သိပ်မပေါင်းဘူး။ နှစ်ယောက်လုံးက ကျွန်တော့် ညီအစ်ကိုတွေဖြစ်လို့ ဘယ်သူ့ဘက်မှ ပါလို့မကောင်းတော့ အစကတည်းက သူ့ကိုအပြတ်ပြောထားပြီးသား အဖွားတော်..."
ကုလန်သည် ချိုစန်း၏စကားကြောင့် သူ အမှန်တိုင်းပြောသည်ကို သိလိုက်သည်။ ဒါကြောင့် ယွမ်ချူးခန်က ကျန်သည့် ညီအစ်ကိုနှစ်ယောက်နှင့် ပေါင်းကာ ဘာဆက်လုပ်ထားသည်ကို သိဖို့ လိုလာလေပြီ။
"အဖွားတော် ကျန်တဲ့ ညီနှစ်ယောက်နဲ့ ကျွန်တော် တွေ့ခွင့်ရနိုင်မလား..."
"သူတို့က အလုပ်နဲ့အပြင်ကို သွားနေကြတယ်ကွဲ့။ အဖွားတော် သူတို့ကို ချက်ချင်းပြန်လာခိုင်းလိုက်ပါ့မယ်။ မြေးကြီးကုလန်လည်း ဒီမှာရောက်တုန်း တစ်ရက်၊နှစ်ရက်လောက် စောင့်သွားပါဦးလား။ တကယ်လို့ သူတို့က ယွမ်လေးနဲ့ တခုခုပေါင်းလုပ်ထားတယ်ဆိုလည်း အဖွားတော်က အဆင်ပြေအောင ်လိုက်ရှင်းပေးပါ့မယ်။ တူမတော် ဟော်သွန်းလည်း နေလို့ရတယ် မဟုတ်လား။ တူမတော်လည်း ရောက်တုန်း အဖွားတော်က ကျန်းမာရေး စစ်ဆေးပေးလိုက်ချင်တယ်။ "
ကုလန်လည်း ရောက်သည့်အတူတူ ၂ ရက်လောက်စောင့်ရုံနှင့် ယွမ်ချူးခန်ကို တားဆီးနိုင်မည်ကို သိသဖြင့် နေရန် သဘောတူလိုက်သည်။
"ကျွန်တော် နေပါ့မယ် အဖွားတော်။ မယ်မယ်ရော..နေလို့ရရဲ့လား."
"မယ်မယ်က ရပါတယ်။ အထောက်တော်ကို နန်းတော်လွှတ်ပြီ းပြောခိုင်းလိုက်ပါ့မယ်..."
အဖွားတော် နရောင်းက သဘောကျစွာဖြင့် သူတို့ကို နားနေရန် အဆောင်စီစဉ်ခိုင်းလိုက်သည်။ ချိုစန်းက ကုလန်နှင့် ချူလူလူကို ခေါ်ကာ နားနေရန် အဆောင်ကို လိုက်ပို့ပေးလိုက်သည်။
"နောင်တော်.... ကျွန်တော်က ယွမ်ချူးခန်ကို ကူညီပေးနေတာ မဟုတ်ဘူးနော်။ သူ့ကို တကယ် သဘောကျလို့ အပါခေါ်လာရုံလေးပါ။ ချူလူလူ.. ကိုယ် မင်းကို တကယ်ချစ်တာပါ။ ကိုယ့်ကို လက်ခံပေးဖို့ တောင်းဆိုပါတယ် "
ချိုစန်းက နောင်တော် ကုလန်ကို တောင်းပန်လိုက်ရင်း ချူလူလူကိုပါ ဆက်လက်ခွင့်တောင်းနေသည်။ ချူ လူလူက ချိုစန်းကို မျက်နှာထားတင်းတင်းဖြင့်ကြည့်ကာ ပြောလိုက်သည်။
"ခင်ဗျားကို ကျွန်တော် သိပ်ကျေနပ်တာ မဟုတ်ဘူးနော်။ အဖွားတော်ကို အားနာလို့ရယ် နောင်တော်ကုလန်တို့ မျက်နှာကြောင့် ဘာမှ မပြောလိုက်တာ ။ ကျွန်တော် သဘောကျတဲ့လူရှိပြီးသား... ခင်ဗျားကို လက်မခံနိုင်ဘူး။"
"ဘယ်သူလဲ.... ဘယ်နိုင်ငံက မင်းသမီးလဲ..."
ချိုစန်းက ချက်ချင်း မျက်နှာထား တင်းတင်ဖြင့်မေးလိုက်သည်။ ချူလူလူက သူ့ကို တမင်ကလိချင်သောကြောင့် ပြောလိုက်သည်။
"သူက အရမ်းတော်တဲ့သူ၊ အတိုင်းတိုင်းအပြည်ပြည်မှ ရွှေဉာဏ်ရှင်လို့ နာမည်ကြီးတဲ့သူ..... ကျွန်တော့် နောင်တော် တစ်ယောက်...."
"မင်းက... တိုလိုအီကို သဘောကျတာလား။ မင်းလည် းယောကျာ်းလေးကို စိတ်ဝင်စားတာပဲလား။ မင်းပြောတော့ ယောကျာ်းလေး စ ိတ်မဝင်စားဘူးဆို..."
"ဟုတ်တယ်လေဗျာ။ ယောကျာ်းလေးကို စိတ်ဝင်စားတာ မဟုတ်ဘူး။ ကျွန်တော့် နောင်တော်ရဲ့ ဉာဏ်ရည်ကို လေးစားလို့ သဘောကျရင်း ချစ်မိသွားတာဗျ.... ခင်ဗျားဆိုရင်တော့ လုံးဝပါပဲ..ကိုယ့်ဖာသာပဲ အခြားလူကို ရှာလိုက်ပါ..."
"တိုလုအီလား... အင်း..."
ချိုစန်းက လျှို့ဝှက်တတ်သည့် ဒုတိယ အကိုချိုနန်ဖြစ်သူ၏ နူတ်မှ တခါက ပြောသံကို ကြားဖူးသဖြင့် မျက်နှာ တမျိုးပြောင်းသွားခဲ့သည်။
"အင်း.... တိုလုအီက လုပြည်က မဟုတ်လား။ သူ့အကြောင်းကို နောင်တော် ချိုနန်ပြောတာ ကြားဖူးတယ်။ နောင်တော် ဒီတစ်ခါ သွားတာ သူနဲ့သွားတွေ့တာများလား...."
ချိုစန်းက တယောက်တည်း ရွတ်သလိုလိုပြောလိုက်သဖြင့် ကုလန်က ဆတ်ခနဲဖြစ်သွားသည်။
"ချိုစန်း... မင်းနောင်တော် ဘယ်ကို သွားတာလဲ... သူ... တိုလုအီနဲ့တွေ့ဖို့သွားတယ်ဆိုတာ မင်း ဘာကြောင့် ထင်တာလဲ..."
"ကျွန်တော်လည်း မသေချာဘူး။ နောင်တော်ဆီက ပြောသံတစ်ခါကြားဖူးတာရယ်...ချူလူလူကို သဘောကျရင် ရအောင်ယူဖို့ ၊ သူလည်း ကူပြောပေးမယ်လို့ တခါပြောဖူးတယ်။ တိုလုအီက ချူလူလူကို သဘောကျနေတယ်လို့ သူ တစ်ခါက ပြောဖူးတယ်။ ဟုတ်တယ်။ ဒါပေမယ့် ချူလူလူက သဘောကျတာ မဟုတ်ဘူးလို့လည်း ပြောလို့ ကျွန်တော်လည်း တခါတည်း အပိုင်ကြံဖို့ ဝင်္ကပါမြိုင်ကို တခါတည်း ခေါ်လာတာပဲ။ ဟိုနေ့မှ နောင်တော် ချက်ချင်းထွက်သွားလိုက်တာ။ နောင်တော် ကုလန်..တိုလုအီက တောင်ပိုင်းမှ မဟုတ်လား..."
"မဟုတ်ဘူး။ သူ ချူလူလူဆီက သတင်းမကြားလို့ နန်ကျောင်ကို ထွက်လာခဲ့တာပဲ။ လွန်ခဲ့တဲ့ ငါးရက်လောက်ကစပြီး တိုလုအီရဲ့သတင်းကို မရလို့ နောင်တော်ကိုယ်တိုင် မြောက်ပိုင်းကို လိုက်လာခဲ့ရတာပဲ..."
ကုလန်သည် ချိုနန်က တိုလုအီဆီကို သွားတွေ့တာကို သိလိုက်သည်။ ဘာကြောင့် တွေ့သလဲဆိုတာ အစက မသိပေမ ယ့် အခုအခြေနေမှာတော့ ချိုနန်က တိုလုအီကို သဘောကျနေပုံရသည်။ တိုလုအီက ချူလူလူကို သဘောကျတာကိုလည်း သိနေပုံရသည်။ ဒါဆို သူက တိုလုအီကို မျက်ခြေမပြတ်စောင့်ကြည့်နေတာဖြစ်မည်။ ချိုစန်းကို မြှောက်ပေးကာ ချူလူလူကို ဖမ်းစေပြီးနောက် တိုလုအီကို အသာယာစာပို့ကာ ခေါ်သွားတာဖြစ်မည်။ ယွမ်ချူးခန်က ချိုနန်တို့ကို အသုံးချနေပုံရသည်။ ဒါဆိုလျှင် အကြီးဆုံးတစ်ယောက်ကိုကော...ယွမ်ချူးခန် အသုံးမချနိုင်ဘူးလား။
"နောင်တော်ကုလန်...နောင်တော် တိုလုအီက နန်ကျောင်ကို ရောက်နေပြီလား... "
"အင်း..ဟုတ်တယ်။ သတင်းကို လုံးဝမရလို့ နောင်တော် လိုက်လာခဲ့တာ။ မင်းပျောုက်သွားတယ်။ တိုလုအီလိုက်လာတော့ သူလည်း ထပ်ပျောက်သွားတယ်။ ပြီးတော့ ထန်လိုခိတို့ အတိုက်ခံရတယ်။ ဟီဒယ်နဲ့ထန်လိုခိလည်း တစ်နေရာမှာ အဖမ်းခံနေရတယ်.... ဒီဟာတွေက တိုက်ဆိုင်တာ မဖြစ်နိုင်ဘူး။ တယောက်ယောက်က တမင်ကို အကွက်ချထားတဲ့ပုံပဲ။ "
ချူလူလူသည် နောင်တော် ကုလန်၏စကားကြောင့် စိုးရိမ်သွားစဉ် ချိုစန်းက ဟီဒယ်နာမည်ကို ကြားသဖြင့် ယွမ်ချူးခန်နဲ့ အကြီးဆုံးအကိုကြီးပြောတဲ့စကားထဲ ဟီဒယ်နာမည်ကို ကြားဖူးသဖြင့် ယွမ်ချူးခန် လက်ချက် ဆိုတာ သေချာသွားလေပြီ။
"နောင်တော်... ယွမ်ချူးခန်က ကျွန်တော် အကိုနှစ်ယောက်ကို အပိုင်စည်းရုံးသွားပုံရပြီဗျ...."
ထိုစကားကိုကြားသော် ကုလန်က မိမိ ဝင်္ကပါမြိုင်ကို ရောက်နေတာလည်း ယွမ်ချူးခန် ကြိုတင်တွက်ဆလုပ်ထားဖြစ်မည်ကို သိလိုက်ကာ ချက်ချင်း အဖွားတော်ရှိရာဆီကို ချက်ချင်းပြန်လာပြီး မယ်တော်ကို တွေ့ကာ မိမိတောင်ပိုင်းကို ချက်ချင်းပြန်မှဖြစ်မည်ကို ပြောကာ မြင်းကို စိုင်းကာ အမြန်ပြန်လာခဲ့တော့သည်။
"မီရာ... ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် ...မင်း အာနန်ပြည်ထဲက လုံးဝမထွက်နဲ့..."
စာပို့သိမ်းဌက်ကို စေလွှတ်ရင်း ကုလန်တောင်ပိုင်းကို အပြင်းနှင်လာခဲ့သည်။ ယွမ်ချူးခန်က ဒီတစ်ခါ အကြံကြီးကြီးကြံထားပုံရသည်။ သူ့ကို ဒီလောက်စောင့်ကြည့်သည့်ကြားက ဘယ်လိုလုပ်ပြီး အကွက်ချသွားနိုင်သည်ကို ကုလန်နားမလည်တော့ပေ။ ဒီလိုပုံစံဆိုရင် သူ့ကို မိမိ ဆက်လက် အလျော့ပေးလို့ မဖြစ်တော့ပေ။
----------------
YOU ARE READING
စစ္နတ္ဘုရား၏ အခ်စ္ဥယ်ာဥ္ - Season (2)
Historical Fictionစစ္နတ္ဘုရားရဲ႕ အခ်စ္ဥယ်ာဥ္ Season 1+2 တစ္မေအထဲက ေမြးဖြားလာေပမယ့္ ႀကီးျပင္းရသည့္ ပတ္ဝန္းက်င္ေပၚ မူတည္ျပီး ညီအစ္ကိုနွစ္ေယာက္ရဲ႕စိတ္ဓါတ္၊ အေတြးေခၚေတြ ဘယ္ေလာက္ေတာင္ ေျပာင္းလဲသြားမယ္လို႕ သင္တုိ႕ထင္ပါသလဲ။ လူတစ္ခ်ဳိ႕က ကိုယ့္လက္ထဲက အရာထက္ အျခားလူလက္ထဲက အရာ...