Chapter (22) - ႏွစ္ဆင့္ ေထာင္ေခ်ာက္ထဲ က်ဆင္းျခင္း (Zawgyi+Unicode)
" ေနာင္ေတာ္ ခ်ိဳနန္ေရာက္လာတာ အေတာ္ပဲ။ ကြၽန္ေတာ္ ေမးစရာရွိလို႔ "
ဆူမီရာသည္ ေရေႏြးၾကမ္းကို အသာမႈတ္ေသာက္ေနသည့္ ႐ုပ္ရည္ေခ်ာေမာလြန္းသည့္ ေနာင္ေတာ္ကုလန္၏ဝမ္းကြဲညီ ေနာင္ေတာ္ ခ်ိဳနန္ကို ေငးၾကည့္ရင္း စကားဦးသန္းလိုက္သည္။
ခ်ိဳနန္က အသာၿပဳံးကာ ျပန္ေမးလိုက္သည္။
" ဖိုးဖိုးထန္အေၾကာင္းလား... "
" ေနာင္ေတာ္ ဘယ္လိုသိတာလဲ... "
" မင္းက ေနာင္ေတာ္ရဲ႕လက္က မ်ိဳးႏြယ္စု လက္စြပ္ကို အၾကာႀကီး စိုက္ၾကည့္ေနတယ္ေလ။ ၿပီးေတာ့ မ်က္လုံးထဲ လြမ္းဆြတ္တဲ့ပုံေပၚသြားတယ္။ ဒါေၾကာင့္မင္းေမးမယ့္ ေမးခြန္းက ေနာင္ေတာ္တို႔ မ်ိဳးႏြယ္နဲ႔ပတ္သတ္ရမယ္။ ေနာင္ေတာ္တို႔ မ်ိဳးႏြယ္နဲ႔ပတ္သတ္ၿပီး မင္း ေနာင္ေတာ္ ကုလန္ဆီက ၾကားဖူးစရာဆိုလို႔ ေနာင္ေတာ္တို႔ရဲ႕ ဖိုးဖိုးတစ္ေယာက္ပဲရွိမယ္။ မင္းရဲ႕ဆရာ ဖိုးဖိုးထန္က သက္တန႔္ေရတံခြန္က ထြက္သြားတယ္လို႔ ေနာင္ေတာ္ ၾကားထားတယ္။ ဒါေၾကာင့္ ဖိုးဖိုးထန္ ဝကၤပါၿမိဳင္ကို ျပန္ေရာက္ေနၿပီလားလို႔ မင္းေမးခ်င္တာ မဟုတ္လား "
ဆူမီရာသည္ ေနာင္ေတာ္ ခ်ိဳနန္ကို သရဲေတြ႕သလို စိုက္ၾကည့္ၿပီး ပါးစပ္အေဟာင္းသားပြင့္သြားခဲ့သည္။
" ေနာင္ေတာ္....ေနာင္ေတာ္က ေၾကာက္စရာေကာင္းလိုက္တာ... မသိရင္ အၾကားျမင္ရေနသလိုပဲ"
ခ်ိဳနန္က ၿပဳံး႐ုံၿပဳံးကာ ဆက္ေျပာလိုက္သည္။
" ဖိုးဖိုးထန္က ေနာင္ေတာ္တို႔ဝကၤပါၿမိဳင္ကို ျပန္မလာခဲ့ပါဘူး။ ဖိုးဖိုးက ဖြားဖြားကို စိတ္ဆိုးသြားခဲ့တာ။ ေနာင္ေတာ္လည္း ဖိုးဖိုးကို ေတြ႕ခ်င္လို႔ ဆူမီရာဆီကို လာခဲ့တာ။ အခုေတာ့ ဖိုးဖိုး ဘယ္ေရာက္ေနတယ္ဆိုတာ ဆူမီရာေတာင္ မသိဘူးကိုး... "
ဆူမီရာသည္ ေက်ာ့ရွင္းလွပလြန္းသည့္ ေနာင္ေတာ္ခ်ိဳနန္ကို ေငးၾကည့္ကာ သက္ျပင္းခ်လိုက္မိသည္။
"ဖိုးဖိုးက ဘယ္ကိုထြက္သြားၿပီလဲ မသိေတာ့ပါဘူးဗ်ာ။ ကြၽန္ေတာ္ ဖိုးဖိုးကို သတိရလွၿပီ။ ၿပီးေတာ့ ဖိုးဖိုးကို ေမးစရာလည္းရွိတယ္။ ဒါနဲ႔ ေနာင္ေတာ္ခ်ိဳနန္က ေဆးပညာကို နားလည္သလားဟင္။ အထူးသျဖင့္ အဆိပ္ပညာကို သိသလား။ "
" ေနာင္ေတာ္တို႔က ေဆးပညာကိုပဲ သင္ခဲ့ရတာ။ အဆိပ္ပညာကေတာ့ ဖိုးဖိုးရဲ႕ သီးသန႔္ပညာပဲ။ ဘာျဖစ္လို႔လဲ မီရာ "
" ခ်ဴမိဖုရားႀကီးရဲ႕ အဆိပ္က ကြၽန္ေတာ္ အရွင္းေပ်ာက္ေအာင္ မကုႏိုင္လို႔။ အဲ့ဒါ ေနာင္ေတာ္နဲ႔ ေဆြးေႏြးၾကည့္ခ်င္လို႔.... "
" ဆူမီရာက ဖိုးဖိုးရဲ႕ေဆးပညာကို အေမြဆက္ခံရထားတယ္လို႔ ၾကားတာ။ ညီေတာ္ ကုမရတာရွိေသးလို႔လား "
" ရွိတယ္ေနာင္ေတာ္။ ကြၽန္ေတာ္ မသိေသးတာ အမ်ားႀကီးရွိေသးတယ္။ ဖိုးဖိုးကို ေတြ႕ၿပီး ပညာအမ်ားႀကီး ထပ္သင္ခ်င္ေသးတယ္။ ဒီမွာ ေနာင္ေတာ္။ မွတ္တမ္းထဲမွာ အရီးေတာ္ရဲ႕ ေရာဂါအေျခေနကို ေရးထားတယ္။ ၿပီးေတာ့ ကြၽန္ေတာ္ကုသထားတဲ့ မွတ္တမ္းလည္း အားလုံးေရးထားတယ္။ ေနာင္ေတာ္ တစ္ခ်က္ၾကည့္ေပးပါဦး။ ဘယ္မွာ လိုေနေသးလဲ မသိဘူး။ "
ခ်ိဳနန္သည္ ဆူမီရာ၏ ေဆးဝါးကုသမႈမွတ္တမ္းကိုၾကည့္ကာ ခ်ီးက်ဴးလိုက္မိသည္။ တကယ့္ကို ေစ့စပ္ေသခ်ာစြာ မွတ္တမ္းတင္ထားၿပီး ကုသေရးနည္းလမ္းမ်ားႏွင့္ ကုသစဥ္ေတြ႕ရသည့္ အေျခေန အားလုံးကိုလည္း ရွင္းလင္းစြာေရးသားထားသည္။
" ဆူမီရာက ကုသမႈတိုင္းကို ခုလို မွတ္တမ္းတင္ထားသလား "
" ဟုတ္တယ္ ေနာင္ေတာ္ ကုလန္က ကြၽန္ေတာ့္ကို မွတ္တမ္းတင္းထားခိုင္းတာ။ ေနာင္ဆိုရင္ ကြၽန္ေတာ့္ တပည့္ေလးေတြကို ဒီဟာကို ကူးယူၿပီး ေလ့လာခိုင္းႏိုင္တယ္တဲ့။ "
ခ်ိဳနန္သည္ ေနာင္ေတာ္ကုလန္ကို မျမင္ဖူးေသာ္လည္း အေမွ်ာ္ျမင္ရွိလြန္းသည္ကို လက္ဖ်ားခါသြားမိသည္။ ေနာင္ေတာ္က ေရရွည္အတြက္ကို တြက္ဆကာ အားလုံးကို လုပ္ေဆာင္ထားႏိုင္ေသာေၾကာင့္ အခ်ိန္တိုအတြင္း အင္အားႀကီးႏိုင္ငံ တစ္ခုကို တည္ေထာင္ႏိုင္ျခင္းျဖစ္သည္။
" ေနာင္ေတာ္ ကုလန္က အရမ္းကို ေတာ္တာပဲ။ "
ဆူမီရာသည္ ေနာင္ေတာ္ခ်ိဳနန္ထံမွ ေနာင္ေတာ္ကုလန္ကို ခ်ီးက်ဴးသည့္ စကားကိုၾကားလိုက္ရေတာ့ ၿပဳံးေပ်ာ္သြားခဲ့သည္။
ခ်ိဳနန္သည္ ေဆးကုသမႈမွတ္တမ္းကို ၾကည့္ၿပီးေနာက္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ၿပီးေတာ့ တခ်ိဳ႕အခ်က္ကို စူးစိုက္ၾကည့္ကာ ဆူမီရာကို ျပန္ေမးလိုက္သည္။ ဆူမီရာလည္း ေနာင္ေတာ္ခ်ိဳနန္ေမးသည့္ စကားကို ၾကားေသာ္ ခ်က္ခ်င္း အာ႐ုံစိုက္ကာ မိမိစမ္းသပ္စစ္ေဆးစဥ္က အေျခေနကို ျပန္စဥ္းစားၿပီး သတိႏွင့္ ေသခ်ာေျဖလိုက္သည္။ ေဆးပညာရွင္ႏွစ္ဦး ေခါင္းခ်င္းဆိုင္ကာ တိုင္ပင္ေနပုံကို အေဆာင္ထဲ ဝင္လာသည့္ တိုလုအီက တခ်က္လွမ္းၾကည့္ကာ ေငးသြားမိသည္။
ခ်ိဳနန္သည္ မိမိကို ရေအာင္ယူထားၿပီး ဉာဏ္မ်ားသည္ကို သိထားေပမယ့္ ခုလို ေဆးဝါးပညာကို နက္နက္နဲနဲ သိထားမည္ဟု မထင္ထားေပ။ မိမိသူ႔ကို သိထားသည္က သူက ထိပ္တန္းဝကၤပါပညာရွင္ျဖစ္သည္။ မထင္မွတ္ပဲ ေဆးပညာကိုလည္း နက္နဲစြာနားလည္ပုံရသည္။ ဝကၤပါၿမိဳင္က ေယာက်ာ္းေလးေတြက အဆင္းသာမက အခ်င္းလည္းရွိသည္ကို လက္မခံခ်င္ပဲ လက္ခံလိုက္ရေတာ့သည္။
" ဘာေတြ ေဆြးေႏြးေနၾကတာလဲ...မီရာ "
" ေနာင္ေတာ္ တိုလုအီ။ ေနာင္ေတာ္ ခ်ိဳနန္က တကယ္ေတာ္တာပဲ။ ကြၽန္ေတာ္ သတိမထားမိလိုက္တဲ့အခ်က္ကို ေနာင္ေတာ္က ေထာက္ျပႏိုင္တယ္။ အရီးေတာ္ကို ကုတဲ့ေနရာမွာ ကြၽန္ေတာ္ သတိမထားလိုက္မိတဲ့ အခ်က္ေလးေၾကာင့္ အဆိပ္ကို လုံးလုံးေျပာေအာင္ မေျဖႏိုင္ဘူးျဖစ္ေနခဲ့တာ။ မနက္ျဖန္ အရီးေတာ္ကို ကုသဖို႔ ကြၽန္ေတာ္ သြားမလို႔။ေနာင္ေတာ္ ခ်ိဳနန္ကို ေခၚသြားခ်င္တယ္။ ေနာင္ေတာ္ ခြင့္ျပဳေပးပါ "
တိုလုအီက ခ်ိဳနန္ကို ေအးစက္စက္ၾကည့္ကာ ေျပာလိုက္သည္။
" သူသေဘာတူရင္ ေခၚသြားေပါ့။ ေနာင္ေတာ္က သူ႔ရဲ႕အုပ္ထိန္းသူ မဟုတ္ဘူး။ "
ဆူမီရာက ေနာင္ေတာ္ တိုလုအီ၏ အမူယာကို ၾကည့္ကာ ေနာင္ေတာ္ ခ်ိဳနန္ကို အားနာသြားသည္။
" အာ... ေနာင္ေတာ္တိုလုအီကလည္းဗ်ာ။ ေနာင္ေတာ္ခ်ိဳနန္က ေနာင္ေတာ္ တိုလုအီရဲ႕အိမ္ေထာင္ဘက္ မဟုတ္လားဗ်။ ဒါေၾကာင့္ ကြၽန္ေတာ္ ခြင့္ေတာင္းတာ။ မနက္ျဖန္ ေနာင္ေတာ္ခ်ိဳနန္ကို ကြၽန္ေတာ္ ေခၚသြားၿပီေနာ္။ "
" ဆူမီရာ... "
ဆူမီရာက ရယ္ရယ္ေမာေမာႏွင့္ေနာင္ေတာ္ ခ်ိဳနန္ကို ႏူတ္ဆက္ကာ ေျပာလိုက္သည္။
" ေနာင္ေတာ္ နားပါဦး။ ကြၽန္ေတာ္ ေနာင္ေတာ္ေျပာတဲ့ ေဆးေတြကို သြားျပင္ၿပီး ဦးရီးေတာ္ကို ခရီးစဥ္စီစဥ္ခိုင္းလိုက္ဦးမယ္။ မနက္ျဖန္ ကြၽန္ေတာ္ လာေခၚပါ့မယ္။ ေနာင္ေတာ္ တိုလုအီ...ကြၽန္ေတာ္ မေႏွာက္ယွက္ေတာ့ဘူးေနာ္.. ေကာင္းေကာင္းနားၾကပါ. "
တိုလုအီ ဘာမွမေျပာရေသးခင္ ဆူမီရာက လွစ္ခနဲေျပးထြက္သြားသျဖင့္ တိုလုအီ ႏွာမႈတ္ကာ ခ်ိဳနန္ကို ေအးစက္စက္ၾကည့္ကာ သတိေပးလိုက္သည္။
" ဆူမီရာက ေနာင္ေတာ္ ကုလန္ရဲ႕အခ်စ္ရဆုံးေသာသူ။ သူ႔ကို ေမႊးညႇင္းတပင္ေတာင္ မထိခိုက္ေအာင္ ဂ႐ုစိုက္ပါ။ ယြမ္ခ်ဴးခန္နဲ႔မင္း ဘယ္လို သေဘာတူညီခ်က္လုပ္ထားတယ္ဆိုတာ ငါ မသိေပမယ့္ ဆူမီရာက မင္းထိလို႔ရတဲ့ သူ မဟုတ္ဘူး။ ဒါကို ေသခ်ာမွတ္ထားပါ "
" ေနာင္ေတာ္ကုလန္ရဲ႕ခ်စ္သူကို ကြၽန္ေတာ္ တခုခုလုပ္မယ္လို႔ ေနာင္ေတာ္ တိုလုအီ ဘာေၾကာင့္ထင္ေနတာလဲ။ အရင္က ယြမ္ခ်ဴးခန္နဲ႔ ကြၽန္ေတာ္က ပတ္သတ္မႈရွိခဲ့ေကာင္း ရွိခဲ့ေပမယ့္ အခု ကြၽန္ေတာ္က ေနာင္ေတာ္ တိုလုအီရဲ႕ ၾကင္ယာေတာ္ျဖစ္ေနပါၿပီ။ ေနာင္ေတာ့္ မိတ္ေဆြေတြက ကြၽန္ေတာ့္ မိတ္ေဆြေတြပါပဲ။ စိတ္ခ်ပါ။ ကြၽန္ေတာ္က ကိုယ့္အိမ္ေထာင္ဘက္ကို မ်က္ႏွာပ်က္ေအာင္ မလုပ္ပါဘူး "
တိုလုအီက ခ်ိဳနန္၏ တည္ၾကည္ေသာ စကားေၾကာင့္ ဘာမွ မေျပာေတာ့ပဲ ခုတင္ေပၚလွဲကာ တဖက္ကို လွည့္သြားေတာ့သည္။
ခ်ိဳနန္သည္ ေနာင္ေတာ္ တိုလုအီ၏ ေက်ာျပင္ကို ေငးၾကည့္ကာ အၾကာႀကီးထိုင္ေနၿပီးမွ သူ႔ေဘးတြင္ အသာဝင္လွဲလိုက္သည္။ ခုတင္ထက္တြင္ ေယာက်ာ္းႏွစ္ဦး တိတ္ဆိတ္စြာလွဲရင္း အထီးက်န္သည့္ ညတစ္ညကို ျဖတ္သန္းလာခဲ့သည္။ ေနာင္ေတာ္တိုလုအီက မိမိကို မယုံၾကည္ေပမယ့္ ခ်ိဳနန္ေျပာလိုက္သည့္ စကားအားလုံး အမွန္တရားမ်ားသာျဖစ္သည္ကို ခ်ိဳနန္အသိဆုံးျဖစ္သည္။ ဒါေၾကာင့္ အထူးတလည္ ဘာမွ မေျပာေတာ့ပဲ အနားယူလိုက္သည္။ မိမိအခ်စ္ကို အခ်ိန္ကသာ သက္ေသျပလိမ့္မည္။ ေလာေလာဆည္ မိမိခ်စ္သည့္လူကို ရထားၿပီ။ ေရွ႕ဆက္ ဘယ္လိုအရာေတြပဲ ႀကဳံလာပါေစ။ သူ႔ေဘးတြင္ မိမိ ဆက္လက္ရပ္တည္ေနမွာ ျဖစ္သည္။
ေနာက္တေန႔ မနက္ေစာေစာ ဆူမီရာႏွင့္ ခ်ိဳနန္တို႔ပါသည့္ ရထားလုံးကို အာနန္လက္ေ႐ြးစင္တပ္သားမ်ား ေစာင့္ၾကပ္ကာ အိမ္နီးခ်င္း ခ်ဴတိုင္းျပည္ကို ထြက္လာခဲ့သည္။ ဆူမီရာက ေနာင္ေတာ္ခ်ိဳနန္ကို သိခ်င္တာကို ေမးလိုက္သည္။
" ေနာင္ေတာ္တို႔ ဝကၤပါၿမိဳင္က အကုန္ခုလို ႐ုပ္ေခ်ာၾကတာပဲလားဟင္။ ကြၽန္ေတာ္ ဝကၤပါၿမိဳင္ကို ေရာက္ဖူးခ်င္လိုက္တာ "
ခ်ိဳနန္သည္ ဆူမီရာကို ခပ္ၿပဳံးၿပဳံးၾကည့္ကာ အသာယာေျပာလိုက္သည္။
" ေနာင္ေတာ္ကုလန္နဲ႔ အရီးေတာ္ေဟာ္သြန္းကို ေတြ႕ဖူးတယ္မဟုတ္လား။ ေမာရကစ္အႏြယ္ဝင္ေတြက ခုလို႐ုပ္ရည္မ်ိဳးေတြ ရွိၾကတယ္။ မီရာ လိုက္လည္ခ်င္ရင္ ေနာင္ေတာ္တို႔နဲ႔ အတူလိုက္ခဲ့ေလ။ ေနာင္ေတာ္တို႔က ဖြားဖြားေရွ႕မွာ လက္ထပ္ထားတဲ့အေၾကာင့္ သြားအေၾကာင္းၾကားမလို႔။ "
ဆူမီရာသည္ အခုမွ ေနာင္ေတာ္ကုလန္ေျပာခဲ့သည္ကို သတိရသြားၿပီး မ်က္ႏွာပ်က္သြားခဲ့သည္။
"ဘာျဖစ္လို႔လဲ မီရာ... "
" ေနာင္ေတာ္ ကုလန္က သူျပန္လာေနၿပီ။ ဘယ္မွ မသြားနဲ႔လို႔မွာ ထားခဲ့ တာ။ ကြၽန္ေတာ္က ေနာင္ေတာ္တို႔ႏွစ္ေယာက္ကို ေတြ႕ၿပီး အရမ္းေပ်ာ္ လို႔ေရာ မေန႔က ေနာင္ေတာ္နဲ႔ေဆြးေႏြးၿပီး အရီးေတာ္ကို ကုသလို႔ရတဲ့ နည္း ကိုေတြ႕လို႔ေရာ ေနာင္ေတာ္ ကုလန္ မွာထားတဲ့စကားကို ေမ့ၿပီး ထြက္လာခဲ့မိတယ္။ ေနာင္ေတာ္လာရင္ စိတ္ဆိုးေတာ့မွာပဲ..."
ခ်ိဳနန္က ဆူမီရာ၏စကားကိုၾကားေသာ္ မ်က္ခုံးပင့္သြားခဲ့သည္။
" ေနာင္ေတာ္ ကုလန္က ဘာေၾကာင့္ ခ်က္ခ်င္းျပန္လာမွာလဲ။ "
ဆူမီရာက ေခါင္းကုတ္ကာ သက္ျပင္းရႈိက္ရင္းေျဖလိုက္သည္။ ျဖဴေဖ်ာ့ေသာ မ်က္ႏွာေလးထက္တြင္ စိတ္ရႈပ္သည့္အမူယာေပၚေနသည္။ ၾကည့္ရာ ထက္လည္းထက္ျမက္ၿပီး ခ်စ္စရာေကာင္းလွသည့္ႏွင္းေျမေခြးေလးႏွင့္ တူသည့္ ဆူမီရာ၏ ေခါင္းကို အသာယာပြတ္သပ္ကာ ႏွစ္သိမ့္ေပးလိုက္သည္။
" ေနာင္ေတာ္တို႔မၾကာပါဘူး။ အရီးေတာ္ကို ကုသေပးၿပီး ခ်က္ခ်င္းျပန္ၾကတာေပါ့။ ဒါဆိုရင္ ေနာင္ေတာ္ ကုလန္ျပန္မေရာက္ခင္ ေနာင္ေတာ္တို႔ ျပန္ေရာက္ႏွင့္မွာပဲ။ အရမ္းစိတ္မပူပါနဲ႔။ တကယ္လို႔ အေျခေနေစာင့္ၾကည့္ရမယ္ဆိုရင္ ေနာင္ေတာ္ ေနရစ္ေပးခဲ့ပါ့မယ္။ "
" ေက်းဇူးတင္ပါတယ္ေနာင္ေတာ္။ ေနာင္ေတာ္က တကယ့္ကို စိတ္ရင္းေကာင္းတာပဲ... "
ဆူမီရာက စိတ္သက္သာရာရသြားၿပီး မ်က္ႏွာေလးက တိမ္ကင္းစင္သည့္ လမင္းပမာ ဝင္းသြားေတာ့သည္။ ဆူမီရာ၏မ်က္ႏွာကို စိုက္ၾကည့္ရင္း ေနာင္ေတာ္ ကုလန္ႏွင့္ ယြမ္ခ်ဴးခန္ ဘာေၾကာင့္ အသည္းသန္ လုယက္ေနသည္ကို နားလည္သြားခဲ့သည္။
ဆူမီရာသည္ ႐ုပ္ေခ်ာသည္ထက္ စိတ္ထားေလးက ျဖဴစင္ကာ တဖက္လူကို မခ်စ္ပဲ မေနႏိုင္ေအာင္ကို ဆြဲေဆာင္ႏိုင္လြန္းလွသည္။ မိမိဆိုရင္လည္း ဆူမီရာကို အတူေနတာ ၾကာလွ်င္ ခ်စ္မိမွာေသခ်ာသည္။ ဒီေကာင္ေလးက တကယ့္ကို ထူးျခားေသာ အညႇိဳ႕ဓါတ္ေလးရွိေနသည္။
ခ်ိဳနန္သည္ ဆူမီရာကို ေငးၾကည့္ရင္း ရင္ထဲ ေလးလာခဲ့သည္။ ဒီခရီးကို မိမိတို႔ထြက္လာမိတာ မွန္ေကာ မွန္ရဲ႕လား။ ေနာင္ေတာ္ ကုလန္က ဘာေၾကာင့္ ဆူမီရာကို ဘယ္မွ မသြားရန္ မွာၾကားၿပီး အေလာတႀကီးျပန္လာခဲ့တာလဲ။ ၿပီးေတာ့ မိမိႏွင့္ေတြ႕ၿပီးမွ ဆူမီရာ လိုအပ္ေနသည့္ အခ်က္က သိရွိၿပီး မထင္မွတ္ပဲ ေဆးထပ္ကုရန္ အတူတူ ထြက္လာမိတာ တေယာက္ေယာက္ ဆင္ထားသည့္ အကြက္ပဲလား။
ထိုသို႔ေတြးေနစဥ္ ျမင္းရထားရပ္တန႔္သြားၿပီးေနာက္ အျပင္ဘက္တြင္ တိုက္ခိုက္သံကို ၾကားလိုက္ရၿပီး ခ်ိဳနန္က ဓါးကို ဆြဲကာ ဆူမီရာကို ကာကြယ္လိုက္ေပမယ့္ ရထားလုံးတံခါးပြင့္လာၿပီး သံခ်ပ္ဝတ္ အထူးစစ္သည္ေတာ္မ်ားက ဆူမီရာကို ဆြဲခ်သြားသည္ကို ေတြ႕လိုက္ရသည္။
"ဆူမီရာ... "
ဒါေပမယ့္ ခ်ိဳနန္ လွမ္းဆြဲလိုက္ေပမယ့္ အားယုတ္ကာ ေပ်ာ့က်ၿပီး ရထားလုံးၾကမ္းျပင္ေပၚ ျပဳတ္က်သြားခဲသည္။
" အေက်ာေပ်ာ့ အဆိပ္... ငါ ဘာေၾကာင့္ ဒီအဆိပ္ခတ္လိုက္တာကို မသိခဲ့တာလဲ... "
" ေနာင္ေတာ္... ခ်ိဳနန္... "
ဆူမီရာ၏ စကားသံ ေပ်ာက္သြားၿပီး ေပ်ာ့က်သြားသည္ကို ေတြ႕ေသာ္ ခ်ိဳနန္ စိုးရိမ္သြားၿပီး ျမင္းရထားမွ တြားထြက္ေပမယ့္ ေအာက္ကို ျပဳတ္က်သြားခဲ့သည္။
" ဆူမီရာ..... "
သံခ်ပ္ဝတ္အဖြဲ႕သည္ သတိေမ့ေနသည့္ ဆူမီရာကို ျမင္းေပၚတင္ကာ သရဲအရိပ္ကဲ့သို႔ ခ်က္ခ်င္းအေဝးကို ထြက္ခြာသြားၾကေတာ့သည္။
" ယြမ္...ခ်ဴး....ခန္.... "
ခ်ိဳနန္၏ ေအာ္သံက ေတာတန္းေလးထဲ ဟိန္းသြားေပမယ့္ ဆူမီရာႏွင့္ သံခ်ပ္ဝတ္တပ္ဖြဲ႕က ေလလို ေပ်ာက္ကြယ္သြားႏွင့္ေလၿပီ။
------------------------------------
တိုလုအီသည္ နန္းေတာ္ထဲတြင္က်န္ရစ္ခဲ့ၿပီး လွ်ိဳ႕ဝွက္အေထာက္ေတာ္မ်ားႏွင့္ စကားေျပာေနစဥ္ ေနာင္ေတာ္ ကုလန္က ဆူမီရာထံ စာပို႔လိုက္သည္ကို သိလိုက္သည္။ ဒါေၾကာင့္ဆူမီရာ၏ နန္းေဆာင္ကို လိုက္ရွာေတာ့ ေနာင္ေတာ့္ စာကိုေတြ႕သည္ႏွင့္တခုခုမွားေနသည္ကို သိကာ ခ်က္ခ်င္း လက္ေ႐ြးစင္တပ္ဖြဲ႕ကိုဦးေဆာင္ၿပီး ခ်ဴတိုင္းျပည္သို႔သြားသည့္ လမ္းကို တရၾကမ္းလိုက္ခဲ့ေပမယ့္ သတိလစ္ေနသည့္ အာနန္တပ္သားမ်ားႏွင့္ ခ်ိဳနန္ကိုသာ ေတြ႕လိုက္ရေတာ့သည္။
"ခ်ိဳနန္... ဆူမီရာကို ဘယ္သူ ေခၚသြားတာလဲ... "
" သံခ်ပ္ဝတ္တပ္ဖြဲ႕.... ေျမာက္ဘက္ကို သြား.... ဆူမီရာ... "
ခ်ိဳနန္က စိတ္ကို တင္းထားၿပီး ေနာက္ဆုံး တိုလုအီကို သတင္းေပးလိုက္ႏိုင္ၿပီး သတိလစ္သြားေတာ့သည္။
" ခ်ိဳနန္.... ခ်ိဳနန္... "
ေဆးပညာကြၽမ္းသည့္သူကိုယ္တိုင္ အခုလို အဆိပ္မိကာ သတိလစ္သြားသည္ဆိုသျဖင့္ တိုလုအီ ရင္ထိတ္သြားခဲ့သည္။ သူက ခ်ိဳနန္ကို ခ်က္ခ်င္း အာနန္နန္းတြင္းကို ပို႔ေစၿပီး ေျမာက္ပိုင္းကို ဆက္လိုက္ေပမယ့္ သံခ်ပ္ဝတ္ စစ္တပ္ကို လုံးဝမေတြ႕ပဲ ဆူမီရာက လုံးဝ ေပ်ာက္ကြယ္သြားေတာ့သည္။
" ဆူမီရာ...ဆူမီရာ... မင္း ေထာင္ေခ်ာက္ထဲကို ဘယ္လို ထပ္ေရာက္သြားျပန္ရတာလဲ။ ေနာင္ေတာ္ ကုလန္ရဲ႕စကားကို မင္း ဘာေၾကာင့္ အလြယ္တကူ ေမ့သြားရတာလဲ... "
တိုလုအီက အ႐ူးပမာေရ႐ြတ္ရင္း အာနန္နန္းတြင္းကို စိတ္ေလးပင္စြာျဖင့္ ျပန္လာခဲ့ရေတာ့သည္။
" တိုလုအီ... မင္း ဘာေၾကာင့္ လက္ေ႐ြးစင္တပ္နဲ႔ နန္းျပင္ကို ထြက္သြားရတာလဲ။ ဆူမီရာ ဘယ္မွာလဲ... "
မထင္မွတ္ပဲ ေနာင္ေတာ္ကုလန္ကို နန္းၿမိဳ႕႐ိုးအျပင္ဘက္တြင္ ေတြ႕လိုက္ရၿပီး ထိုေမးခြန္းကို ေမးခံလိုက္ရသျဖင့္ တိုလုအီ ငိုခ်င္စိတ္ပင္ ေပါက္သြားခဲ့သည္။ ေနာင္ေတာ္ကုလန္၏ မ်က္ႏွာက ေအးစက္ကာ လူသတ္ခ်င္ရိပ္တို႔လႊမ္းလို႔ေနသည္။
" ေနာင္ေတာ္..ကုလန္... ဆူမီရာကို ယြမ္ခ်ဴးခန္ ဖမ္းသြားျပန္ၿပီ "
" ဒါ ဘယ္လိုျဖစ္တာလဲ။ "
ကုလန္သည္ တုိလုအီ ရွင္းျပသည္ကိုနားေထာင္ျပီးေနာက္ မ်က္ဝန္းတစ္စံုက နက္ေမွာင္ကာ လူသတ္လိုရိပ္က ေဘးပတ္ဝနး္က်င္ကို လႊမ္းျခံဳသြားသျဖင့္ တုိလုအီ ေနာက္ကို အလိုလုိ ေျခတလွမ္းဆုတ္လိုက္မိသည္။
" ခ်ိဳနန္ ဘယ္မွာလဲ... သူ တခုခု ေသခ်ာေပါက္ သိထားရမယ္ "
ေနာင္ေတာ္ကုလန္၏စကားကိုႀကားေသာ္ တုိလုအီ၏ ရင္ထဲ ေအးခနဲျဖစ္သြားသည္။ ခ်ိဳနန္သာ အခုျဖစ္ရပ္ထဲ ပူးေပါင္းပါဝင္သည္ဆိုလွ်င္ .... တိုလုအီ၏ေက်ာရိုးထဲ စိမ့္တက္လာျပီးေနာင္ေတာ့္ကို အလိုလို ေတာင္းပန္လိုက္မိသည္။
" ေနာင္ေတာ္... ခ်ိဳနန္ အဆိပ္မိထားတယ္။ "
ကုလန္က တုိလုအီ၏ ေလသံကိုနားေထာင္ျပီးေနာက္ ေအးစက္စြာေမးလိုက္သည္။
" မင္း သူ႕အတြက္ စိုးရိမ္ေနတာလား တုိလုအီ "
" မဟုတ္ပါဘူး ကြ်န္ေတာ္ ေျပာျပရံုပါ။ ျပီးေတာ့ ခ်ိဳနန္က အသံုးခ်ခံလိုက္ရတယ္လို႕ ကြ်န္ေတာ္ ထင္တယ္ ေနာင္ေတာ္... "
တုိလုအီသည္ သတိမထားလိုက္မိခင္ ေနာင္ေတာ္ ကုလန္၏ေဒါသေႀကာင့္ ခ်ိုနန္ မေသမရွင္ျဖစ္မည့္ေဘးကို အလုိလုိ ကာကြယ္လိုက္မိသည္။
"သူ ဒီအျဖစ္ပ်က္ထဲ မပါရင္ ဘာမွ မျဖစ္ေစရဘူး တိုလုအီ။ မဟုတ္ရင္ေတာ့.... "
ကုလန္က ဘာမွဆက္မေျပာေတာ့ပဲ လွည့္ထြက္သြားေတာ့သည္။ တိုလုအီသည္ ထိုအခါမွ နဖူးမွ ေခြ်းမ်ားစီးက်ေနသည္ကို သတိထားမိျပီး ေနာင္ေတာ့္ေနာက္ကို အေျပးလႊားလိုက္ခဲ့မိသည္။
" သားေတာ္... မီရာကို ျပန္ေတြ႕ရဲ႕လား "
" မေတြ႕ေသးပါဘူး ခမည္းေတာ္ဘုရား။ ဒါေပမယ့္ သူတုိ႕ တပ္ကာ သိပ္ေဝးေဝးေရာက္ဦးမွာ မဟုတ္ဘူး။ သူတို႕ တည္ေနရာကို ေသခ်ာသိဖို႕ ကြ်န္ေတာ္ ခ်ိဳနန္နဲ႕စကားေျပာစရာရွိလို႕ သားေတာ္ကို ခြင့္ျပဳပါ.. ခမည္းေတာ္ဘုရား "
ေယစုကိုင္းသည္ ခ်ိဳနန္ကို သားေတာ္စစ္ေမးမည္ကို သိသျဖင့္ သတိေပးလုိက္သည္။
" ခ်ိဳနန္က မင္းရဲ႕ညီဝမ္းကြဲေတာ္တယ္ ဆုိတာ မေမ့နဲ႕ဦး။ "
" သားေတာ္ မေမ့ပါဘူး ခမည္းေတ္ာဘုရား.. "
ကုလန္တစ္ေယာက္တည္း ခ်ိဳနန္ရွိသည့္ အခန္းထဲ ဝင္သြားျပီး တံခါးကို ပိတ္လိုက္သည္။
ေယစုကိုင္းနွင့္တိုလုအီတုိ႕က ပိတ္သြားသည့္ တံခါးအျပင္ဘက္တြင္ စိတ္ပူစြာ ရပ္က်န္ရစ္ခဲ့သည္။
================================
Chapter (22) - နှစ်ဆင့် ထောင်ချောက်ထဲ ကျဆင်းခြင်း (Zawgyi+Unicode)
" နောင်တော် ချိုနန်ရောက်လာတာ အတော်ပဲ။ ကျွန်တော် မေးစရာရှိလို့ "
ဆူမီရာသည် ရေနွေးကြမ်းကို အသာမှုတ်သောက်နေသည့် ရုပ်ရည်ချောမောလွန်းသည့် နောင်တော်ကုလန်၏ဝမ်းကွဲညီ နောင်တော် ချိုနန်ကို ငေးကြည့်ရင်း စကားဦးသန်းလိုက်သည်။
ချိုနန်က အသာပြုံးကာ ပြန်မေးလိုက်သည်။
" ဖိုးဖိုးထန်အကြောင်းလား... "
" နောင်တော် ဘယ်လိုသိတာလဲ... "
" မင်းက နောင်တော်ရဲ့လက်က မျိုးနွယ်စု လက်စွပ်ကို အကြာကြီး စိုက်ကြည့်နေတယ်လေ။ ပြီးတော့ မျက်လုံးထဲ လွမ်းဆွတ်တဲ့ပုံပေါ်သွားတယ်။ ဒါကြောင့်မင်းမေးမယ့် မေးခွန်းက နောင်တော်တို့ မျိုးနွယ်နဲ့ပတ်သတ်ရမယ်။ နောင်တော်တို့ မျိုးနွယ်နဲ့ပတ်သတ်ပြီး မင်း နောင်တော် ကုလန်ဆီက ကြားဖူးစရာဆိုလို့ နောင်တော်တို့ရဲ့ ဖိုးဖိုးတစ်ယောက်ပဲရှိမယ်။ မင်းရဲ့ဆရာ ဖိုးဖိုးထန်က သက်တန့်ရေတံခွန်က ထွက်သွားတယ်လို့ နောင်တော် ကြားထားတယ်။ ဒါကြောင့် ဖိုးဖိုးထန် ဝင်္ကပါမြိုင်ကို ပြန်ရောက်နေပြီလားလို့ မင်းမေးချင်တာ မဟုတ်လား "
ဆူမီရာသည် နောင်တော် ချိုနန်ကို သရဲတွေ့သလို စိုက်ကြည့်ပြီး ပါးစပ်အဟောင်းသားပွင့်သွားခဲ့သည်။
" နောင်တော်....နောင်တော်က ကြောက်စရာကောင်းလိုက်တာ... မသိရင် အကြားမြင်ရနေသလိုပဲ"
ချိုနန်က ပြုံးရုံပြုံးကာ ဆက်ပြောလိုက်သည်။
" ဖိုးဖိုးထန်က နောင်တော်တို့ဝင်္ကပါမြိုင်ကို ပြန်မလာခဲ့ပါဘူး။ ဖိုးဖိုးက ဖွားဖွားကို စိတ်ဆိုးသွားခဲ့တာ။ နောင်တော်လည်း ဖိုးဖိုးကို တွေ့ချင်လို့ ဆူမီရာဆီကို လာခဲ့တာ။ အခုတော့ ဖိုးဖိုး ဘယ်ရောက်နေတယ်ဆိုတာ ဆူမီရာတောင် မသိဘူးကိုး... "
ဆူမီရာသည် ကျော့ရှင်းလှပလွန်းသည့် နောင်တော်ချိုနန်ကို ငေးကြည့်ကာ သက်ပြင်းချလိုက်မိသည်။
"ဖိုးဖိုးက ဘယ်ကိုထွက်သွားပြီလဲ မသိတော့ပါဘူးဗျာ။ ကျွန်တော် ဖိုးဖိုးကို သတိရလှပြီ။ ပြီးတော့ ဖိုးဖိုးကို မေးစရာလည်းရှိတယ်။ ဒါနဲ့ နောင်တော်ချိုနန်က ဆေးပညာကို နားလည်သလားဟင်။ အထူးသဖြင့် အဆိပ်ပညာကို သိသလား။ "
" နောင်တော်တို့က ဆေးပညာကိုပဲ သင်ခဲ့ရတာ။ အဆိပ်ပညာကတော့ ဖိုးဖိုးရဲ့ သီးသန့်ပညာပဲ။ ဘာဖြစ်လို့လဲ မီရာ "
" ချူမိဖုရားကြီးရဲ့ အဆိပ်က ကျွန်တော် အရှင်းပျောက်အောင် မကုနိုင်လို့။ အဲ့ဒါ နောင်တော်နဲ့ ဆွေးနွေးကြည့်ချင်လို့.... "
" ဆူမီရာက ဖိုးဖိုးရဲ့ဆေးပညာကို အမွေဆက်ခံရထားတယ်လို့ ကြားတာ။ ညီတော် ကုမရတာရှိသေးလို့လား "
" ရှိတယ်နောင်တော်။ ကျွန်တော် မသိသေးတာ အများကြီးရှိသေးတယ်။ ဖိုးဖိုးကို တွေ့ပြီး ပညာအများကြီး ထပ်သင်ချင်သေးတယ်။ ဒီမှာ နောင်တော်။ မှတ်တမ်းထဲမှာ အရီးတော်ရဲ့ ရောဂါအခြေနေကို ရေးထားတယ်။ ပြီးတော့ ကျွန်တော်ကုသထားတဲ့ မှတ်တမ်းလည်း အားလုံးရေးထားတယ်။ နောင်တော် တစ်ချက်ကြည့်ပေးပါဦး။ ဘယ်မှာ လိုနေသေးလဲ မသိဘူး။ "
ချိုနန်သည် ဆူမီရာ၏ ဆေးဝါးကုသမှုမှတ်တမ်းကိုကြည့်ကာ ချီးကျူးလိုက်မိသည်။ တကယ့်ကို စေ့စပ်သေချာစွာ မှတ်တမ်းတင်ထားပြီး ကုသရေးနည်းလမ်းများနှင့် ကုသစဉ်တွေ့ရသည့် အခြေနေ အားလုံးကိုလည်း ရှင်းလင်းစွာရေးသားထားသည်။
" ဆူမီရာက ကုသမှုတိုင်းကို ခုလို မှတ်တမ်းတင်ထားသလား "
" ဟုတ်တယ် နောင်တော် ကုလန်က ကျွန်တော့်ကို မှတ်တမ်းတင်းထားခိုင်းတာ။ နောင်ဆိုရင် ကျွန်တော့် တပည့်လေးတွေကို ဒီဟာကို ကူးယူပြီး လေ့လာခိုင်းနိုင်တယ်တဲ့။ "
ချိုနန်သည် နောင်တော်ကုလန်ကို မမြင်ဖူးသော်လည်း အမျှော်မြင်ရှိလွန်းသည်ကို လက်ဖျားခါသွားမိသည်။ နောင်တော်က ရေရှည်အတွက်ကို တွက်ဆကာ အားလုံးကို လုပ်ဆောင်ထားနိုင်သောကြောင့် အချိန်တိုအတွင်း အင်အားကြီးနိုင်ငံ တစ်ခုကို တည်ထောင်နိုင်ခြင်းဖြစ်သည်။
" နောင်တော် ကုလန်က အရမ်းကို တော်တာပဲ။ "
ဆူမီရာသည် နောင်တော်ချိုနန်ထံမှ နောင်တော်ကုလန်ကို ချီးကျူးသည့် စကားကိုကြားလိုက်ရတော့ ပြုံးပျော်သွားခဲ့သည်။
ချိုနန်သည် ဆေးကုသမှုမှတ်တမ်းကို ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ ပြီးတော့ တချို့အချက်ကို စူးစိုက်ကြည့်ကာ ဆူမီရာကို ပြန်မေးလိုက်သည်။ ဆူမီရာလည်း နောင်တော်ချိုနန်မေးသည့် စကားကို ကြားသော် ချက်ချင်း အာရုံစိုက်ကာ မိမိစမ်းသပ်စစ်ဆေးစဉ်က အခြေနေကို ပြန်စဉ်းစားပြီး သတိနှင့် သေချာဖြေလိုက်သည်။ ဆေးပညာရှင်နှစ်ဦး ခေါင်းချင်းဆိုင်ကာ တိုင်ပင်နေပုံကို အဆောင်ထဲ ဝင်လာသည့် တိုလုအီက တချက်လှမ်းကြည့်ကာ ငေးသွားမိသည်။
ချိုနန်သည် မိမိကို ရအောင်ယူထားပြီး ဉာဏ်များသည်ကို သိထားပေမယ့် ခုလို ဆေးဝါးပညာကို နက်နက်နဲနဲ သိထားမည်ဟု မထင်ထားပေ။ မိမိသူ့ကို သိထားသည်က သူက ထိပ်တန်းဝင်္ကပါပညာရှင်ဖြစ်သည်။ မထင်မှတ်ပဲ ဆေးပညာကိုလည်း နက်နဲစွာနားလည်ပုံရသည်။ ဝင်္ကပါမြိုင်က ယောကျာ်းလေးတွေက အဆင်းသာမက အချင်းလည်းရှိသည်ကို လက်မခံချင်ပဲ လက်ခံလိုက်ရတော့သည်။
" ဘာတွေ ဆွေးနွေးနေကြတာလဲ...မီရာ "
" နောင်တော် တိုလုအီ။ နောင်တော် ချိုနန်က တကယ်တော်တာပဲ။ ကျွန်တော် သတိမထားမိလိုက်တဲ့အချက်ကို နောင်တော်က ထောက်ပြနိုင်တယ်။ အရီးတော်ကို ကုတဲ့နေရာမှာ ကျွန်တော် သတိမထားလိုက်မိတဲ့ အချက်လေးကြောင့် အဆိပ်ကို လုံးလုံးပြောအောင် မဖြေနိုင်ဘူးဖြစ်နေခဲ့တာ။ မနက်ဖြန် အရီးတော်ကို ကုသဖို့ ကျွန်တော် သွားမလို့။နောင်တော် ချိုနန်ကို ခေါ်သွားချင်တယ်။ နောင်တော် ခွင့်ပြုပေးပါ "
တိုလုအီက ချိုနန်ကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။
" သူသဘောတူရင် ခေါ်သွားပေါ့။ နောင်တော်က သူ့ရဲ့အုပ်ထိန်းသူ မဟုတ်ဘူး။ "
ဆူမီရာက နောင်တော် တိုလုအီ၏ အမူယာကို ကြည့်ကာ နောင်တော် ချိုနန်ကို အားနာသွားသည်။
" အာ... နောင်တော်တိုလုအီကလည်းဗျာ။ နောင်တော်ချိုနန်က နောင်တော် တိုလုအီရဲ့အိမ်ထောင်ဘက် မဟုတ်လားဗျ။ ဒါကြောင့် ကျွန်တော် ခွင့်တောင်းတာ။ မနက်ဖြန် နောင်တော်ချိုနန်ကို ကျွန်တော် ခေါ်သွားပြီနော်။ "
" ဆူမီရာ... "
ဆူမီရာက ရယ်ရယ်မောမောနှင့်နောင်တော် ချိုနန်ကို နူတ်ဆက်ကာ ပြောလိုက်သည်။
" နောင်တော် နားပါဦး။ ကျွန်တော် နောင်တော်ပြောတဲ့ ဆေးတွေကို သွားပြင်ပြီး ဦးရီးတော်ကို ခရီးစဉ်စီစဉ်ခိုင်းလိုက်ဦးမယ်။ မနက်ဖြန် ကျွန်တော် လာခေါ်ပါ့မယ်။ နောင်တော် တိုလုအီ...ကျွန်တော် မနှောက်ယှက်တော့ဘူးနော်.. ကောင်းကောင်းနားကြပါ. "
တိုလုအီ ဘာမှမပြောရသေးခင် ဆူမီရာက လှစ်ခနဲပြေးထွက်သွားသဖြင့် တိုလုအီ နှာမှုတ်ကာ ချိုနန်ကို အေးစက်စက်ကြည့်ကာ သတိပေးလိုက်သည်။
" ဆူမီရာက နောင်တော် ကုလန်ရဲ့အချစ်ရဆုံးသောသူ။ သူ့ကို မွှေးညှင်းတပင်တောင် မထိခိုက်အောင် ဂရုစိုက်ပါ။ ယွမ်ချူးခန်နဲ့မင်း ဘယ်လို သဘောတူညီချက်လုပ်ထားတယ်ဆိုတာ ငါ မသိပေမယ့် ဆူမီရာက မင်းထိလို့ရတဲ့ သူ မဟုတ်ဘူး။ ဒါကို သေချာမှတ်ထားပါ "
" နောင်တော်ကုလန်ရဲ့ချစ်သူကို ကျွန်တော် တခုခုလုပ်မယ်လို့ နောင်တော် တိုလုအီ ဘာကြောင့်ထင်နေတာလဲ။ အရင်က ယွမ်ချူးခန်နဲ့ ကျွန်တော်က ပတ်သတ်မှုရှိခဲ့ကောင်း ရှိခဲ့ပေမယ့် အခု ကျွန်တော်က နောင်တော် တိုလုအီရဲ့ ကြင်ယာတော်ဖြစ်နေပါပြီ။ နောင်တော့် မိတ်ဆွေတွေက ကျွန်တော့် မိတ်ဆွေတွေပါပဲ။ စိတ်ချပါ။ ကျွန်တော်က ကိုယ့်အိမ်ထောင်ဘက်ကို မျက်နှာပျက်အောင် မလုပ်ပါဘူး "
တိုလုအီက ချိုနန်၏ တည်ကြည်သော စကားကြောင့် ဘာမှ မပြောတော့ပဲ ခုတင်ပေါ်လှဲကာ တဖက်ကို လှည့်သွားတော့သည်။
ချိုနန်သည် နောင်တော် တိုလုအီ၏ ကျောပြင်ကို ငေးကြည့်ကာ အကြာကြီးထိုင်နေပြီးမှ သူ့ဘေးတွင် အသာဝင်လှဲလိုက်သည်။ ခုတင်ထက်တွင် ယောကျာ်းနှစ်ဦး တိတ်ဆိတ်စွာလှဲရင်း အထီးကျန်သည့် ညတစ်ညကို ဖြတ်သန်းလာခဲ့သည်။ နောင်တော်တိုလုအီက မိမိကို မယုံကြည်ပေမယ့် ချိုနန်ပြောလိုက်သည့် စကားအားလုံး အမှန်တရားများသာဖြစ်သည်ကို ချိုနန်အသိဆုံးဖြစ်သည်။ ဒါကြောင့် အထူးတလည် ဘာမှ မပြောတော့ပဲ အနားယူလိုက်သည်။ မိမိအချစ်ကို အချိန်ကသာ သက်သေပြလိမ့်မည်။ လောလောဆည် မိမိချစ်သည့်လူကို ရထားပြီ။ ရှေ့ဆက် ဘယ်လိုအရာတွေပဲ ကြုံလာပါစေ။ သူ့ဘေးတွင် မိမိ ဆက်လက်ရပ်တည်နေမှာ ဖြစ်သည်။
နောက်တနေ့ မနက်စောစော ဆူမီရာနှင့် ချိုနန်တို့ပါသည့် ရထားလုံးကို အာနန်လက်ရွေးစင်တပ်သားများ စောင့်ကြပ်ကာ အိမ်နီးချင်း ချူတိုင်းပြည်ကို ထွက်လာခဲ့သည်။ ဆူမီရာက နောင်တော်ချိုနန်ကို သိချင်တာကို မေးလိုက်သည်။
" နောင်တော်တို့ ဝင်္ကပါမြိုင်က အကုန်ခုလို ရုပ်ချောကြတာပဲလားဟင်။ ကျွန်တော် ဝင်္ကပါမြိုင်ကို ရောက်ဖူးချင်လိုက်တာ "
ချိုနန်သည် ဆူမီရာကို ခပ်ပြုံးပြုံးကြည့်ကာ အသာယာပြောလိုက်သည်။
" နောင်တော်ကုလန်နဲ့ အရီးတော်ဟော်သွန်းကို တွေ့ဖူးတယ်မဟုတ်လား။ မောရကစ်အနွယ်ဝင်တွေက ခုလိုရုပ်ရည်မျိုးတွေ ရှိကြတယ်။ မီရာ လိုက်လည်ချင်ရင် နောင်တော်တို့နဲ့ အတူလိုက်ခဲ့လေ။ နောင်တော်တို့က ဖွားဖွားရှေ့မှာ လက်ထပ်ထားတဲ့အကြောင့် သွားအကြောင်းကြားမလို့။ "
ဆူမီရာသည် အခုမှ နောင်တော်ကုလန်ပြောခဲ့သည်ကို သတိရသွားပြီး မျက်နှာပျက်သွားခဲ့သည်။
"ဘာဖြစ်လို့လဲ မီရာ... "
" နောင်တော် ကုလန်က သူပြန်လာနေပြီ။ ဘယ်မှ မသွားနဲ့လို့မှာ ထားခဲ့ တာ။ ကျွန်တော်က နောင်တော်တို့နှစ်ယောက်ကို တွေ့ပြီး အရမ်းပျော် လို့ရော မနေ့က နောင်တော်နဲ့ဆွေးနွေးပြီး အရီးတော်ကို ကုသလို့ရတဲ့ နည်း ကိုတွေ့လို့ရော နောင်တော် ကုလန် မှာထားတဲ့စကားကို မေ့ပြီး ထွက်လာခဲ့မိတယ်။ နောင်တော်လာရင် စိတ်ဆိုးတော့မှာပဲ..."
ချိုနန်က ဆူမီရာ၏စကားကိုကြားသော် မျက်ခုံးပင့်သွားခဲ့သည်။
" နောင်တော် ကုလန်က ဘာကြောင့် ချက်ချင်းပြန်လာမှာလဲ။ "
ဆူမီရာက ခေါင်းကုတ်ကာ သက်ပြင်းရှိုက်ရင်းဖြေလိုက်သည်။ ဖြူဖျော့သော မျက်နှာလေးထက်တွင် စိတ်ရှုပ်သည့်အမူယာပေါ်နေသည်။ ကြည့်ရာ ထက်လည်းထက်မြက်ပြီး ချစ်စရာကောင်းလှသည့်နှင်းမြေခွေးလေးနှင့် တူသည့် ဆူမီရာ၏ ခေါင်းကို အသာယာပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်သည်။
" နောင်တော်တို့မကြာပါဘူး။ အရီးတော်ကို ကုသပေးပြီး ချက်ချင်းပြန်ကြတာပေါ့။ ဒါဆိုရင် နောင်တော် ကုလန်ပြန်မရောက်ခင် နောင်တော်တို့ ပြန်ရောက်နှင့်မှာပဲ။ အရမ်းစိတ်မပူပါနဲ့။ တကယ်လို့ အခြေနေစောင့်ကြည့်ရမယ်ဆိုရင် နောင်တော် နေရစ်ပေးခဲ့ပါ့မယ်။ "
" ကျေးဇူးတင်ပါတယ်နောင်တော်။ နောင်တော်က တကယ့်ကို စိတ်ရင်းကောင်းတာပဲ... "
ဆူမီရာက စိတ်သက်သာရာရသွားပြီး မျက်နှာလေးက တိမ်ကင်းစင်သည့် လမင်းပမာ ဝင်းသွားတော့သည်။ ဆူမီရာ၏မျက်နှာကို စိုက်ကြည့်ရင်း နောင်တော် ကုလန်နှင့် ယွမ်ချူးခန် ဘာကြောင့် အသည်းသန် လုယက်နေသည်ကို နားလည်သွားခဲ့သည်။
ဆူမီရာသည် ရုပ်ချောသည်ထက် စိတ်ထားလေးက ဖြူစင်ကာ တဖက်လူကို မချစ်ပဲ မနေနိုင်အောင်ကို ဆွဲဆောင်နိုင်လွန်းလှသည်။ မိမိဆိုရင်လည်း ဆူမီရာကို အတူနေတာ ကြာလျှင် ချစ်မိမှာသေချာသည်။ ဒီကောင်လေးက တကယ့်ကို ထူးခြားသော အညှို့ဓါတ်လေးရှိနေသည်။
ချိုနန်သည် ဆူမီရာကို ငေးကြည့်ရင်း ရင်ထဲ လေးလာခဲ့သည်။ ဒီခရီးကို မိမိတို့ထွက်လာမိတာ မှန်ကော မှန်ရဲ့လား။ နောင်တော် ကုလန်က ဘာကြောင့် ဆူမီရာကို ဘယ်မှ မသွားရန် မှာကြားပြီး အလောတကြီးပြန်လာခဲ့တာလဲ။ ပြီးတော့ မိမိနှင့်တွေ့ပြီးမှ ဆူမီရာ လိုအပ်နေသည့် အချက်က သိရှိပြီး မထင်မှတ်ပဲ ဆေးထပ်ကုရန် အတူတူ ထွက်လာမိတာ တယောက်ယောက် ဆင်ထားသည့် အကွက်ပဲလား။
ထိုသို့တွေးနေစဉ် မြင်းရထားရပ်တန့်သွားပြီးနောက် အပြင်ဘက်တွင် တိုက်ခိုက်သံကို ကြားလိုက်ရပြီး ချိုနန်က ဓါးကို ဆွဲကာ ဆူမီရာကို ကာကွယ်လိုက်ပေမယ့် ရထားလုံးတံခါးပွင့်လာပြီး သံချပ်ဝတ် အထူးစစ်သည်တော်များက ဆူမီရာကို ဆွဲချသွားသည်ကို တွေ့လိုက်ရသည်။
"ဆူမီရာ... "
ဒါပေမယ့် ချိုနန် လှမ်းဆွဲလိုက်ပေမယ့် အားယုတ်ကာ ပျော့ကျပြီး ရထားလုံးကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲသည်။
" အကျောပျော့ အဆိပ်... ငါ ဘာကြောင့် ဒီအဆိပ်ခတ်လိုက်တာကို မသိခဲ့တာလဲ... "
" နောင်တော်... ချိုနန်... "
ဆူမီရာ၏ စကားသံ ပျောက်သွားပြီး ပျော့ကျသွားသည်ကို တွေ့သော် ချိုနန် စိုးရိမ်သွားပြီး မြင်းရထားမှ တွားထွက်ပေမယ့် အောက်ကို ပြုတ်ကျသွားခဲ့သည်။
" ဆူမီရာ..... "
သံချပ်ဝတ်အဖွဲ့သည် သတိမေ့နေသည့် ဆူမီရာကို မြင်းပေါ်တင်ကာ သရဲအရိပ်ကဲ့သို့ ချက်ချင်းအဝေးကို ထွက်ခွာသွားကြတော့သည်။
" ယွမ်...ချူး....ခန်.... "
ချိုနန်၏ အော်သံက တောတန်းလေးထဲ ဟိန်းသွားပေမယ့် ဆူမီရာနှင့် သံချပ်ဝတ်တပ်ဖွဲ့က လေလို ပျောက်ကွယ်သွားနှင့်လေပြီ။
------------------------------------
တိုလုအီသည် နန်းတော်ထဲတွင်ကျန်ရစ်ခဲ့ပြီး လျှို့ဝှက်အထောက်တော်များနှင့် စကားပြောနေစဉ် နောင်တော် ကုလန်က ဆူမီရာထံ စာပို့လိုက်သည်ကို သိလိုက်သည်။ ဒါကြောင့်ဆူမီရာ၏ နန်းဆောင်ကို လိုက်ရှာတော့ နောင်တော့် စာကိုတွေ့သည်နှင့်တခုခုမှားနေသည်ကို သိကာ ချက်ချင်း လက်ရွေးစင်တပ်ဖွဲ့ကိုဦးဆောင်ပြီး ချူတိုင်းပြည်သို့သွားသည့် လမ်းကို တရကြမ်းလိုက်ခဲ့ပေမယ့် သတိလစ်နေသည့် အာနန်တပ်သားများနှင့် ချိုနန်ကိုသာ တွေ့လိုက်ရတော့သည်။
"ချိုနန်... ဆူမီရာကို ဘယ်သူ ခေါ်သွားတာလဲ... "
" သံချပ်ဝတ်တပ်ဖွဲ့.... မြောက်ဘက်ကို သွား.... ဆူမီရာ... "
ချိုနန်က စိတ်ကို တင်းထားပြီး နောက်ဆုံး တိုလုအီကို သတင်းပေးလိုက်နိုင်ပြီး သတိလစ်သွားတော့သည်။
" ချိုနန်.... ချိုနန်... "
ဆေးပညာကျွမ်းသည့်သူကိုယ်တိုင် အခုလို အဆိပ်မိကာ သတိလစ်သွားသည်ဆိုသဖြင့် တိုလုအီ ရင်ထိတ်သွားခဲ့သည်။ သူက ချိုနန်ကို ချက်ချင်း အာနန်နန်းတွင်းကို ပို့စေပြီး မြောက်ပိုင်းကို ဆက်လိုက်ပေမယ့် သံချပ်ဝတ် စစ်တပ်ကို လုံးဝမတွေ့ပဲ ဆူမီရာက လုံးဝ ပျောက်ကွယ်သွားတော့သည်။
" ဆူမီရာ...ဆူမီရာ... မင်း ထောင်ချောက်ထဲကို ဘယ်လို ထပ်ရောက်သွားပြန်ရတာလဲ။ နောင်တော် ကုလန်ရဲ့စကားကို မင်း ဘာကြောင့် အလွယ်တကူ မေ့သွားရတာလဲ... "
တိုလုအီက အရူးပမာရေရွတ်ရင်း အာနန်နန်းတွင်းကို စိတ်လေးပင်စွာဖြင့် ပြန်လာခဲ့ရတော့သည်။
" တိုလုအီ... မင်း ဘာကြောင့် လက်ရွေးစင်တပ်နဲ့ နန်းပြင်ကို ထွက်သွားရတာလဲ။ ဆူမီရာ ဘယ်မှာလဲ... "
မထင်မှတ်ပဲ နောင်တော်ကုလန်ကို နန်းမြို့ရိုးအပြင်ဘက်တွင် တွေ့လိုက်ရပြီး ထိုမေးခွန်းကို မေးခံလိုက်ရသဖြင့် တိုလုအီ ငိုချင်စိတ်ပင် ပေါက်သွားခဲ့သည်။ နောင်တော်ကုလန်၏ မျက်နှာက အေးစက်ကာ လူသတ်ချင်ရိပ်တို့လွှမ်းလို့နေသည်။
" နောင်တော်..ကုလန်... ဆူမီရာကို ယွမ်ချူးခန် ဖမ်းသွားပြန်ပြီ "
" ဒါ ဘယ်လိုဖြစ်တာလဲ။ "
ကုလန်သည် တိုလုအီ ရှင်းပြသည်ကိုနားထောင်ပြီးနောက် မျက်ဝန်းတစ်စုံက နက်မှောင်ကာ လူသတ်လိုရိပ်က ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသဖြင့် တိုလုအီ နောက်ကို အလိုလို ခြေတလှမ်းဆုတ်လိုက်မိသည်။
" ချိုနန် ဘယ်မှာလဲ... သူ တခုခု သေချာပေါက် သိထားရမယ် "
နောင်တော်ကုလန်၏စကားကိုကြားသော် တိုလုအီ၏ ရင်ထဲ အေးခနဲဖြစ်သွားသည်။ ချိုနန်သာ အခုဖြစ်ရပ်ထဲ ပူးပေါင်းပါဝင်သည်ဆိုလျှင် .... တိုလုအီ၏ကျောရိုးထဲ စိမ့်တက်လာပြီးနောင်တော့်ကို အလိုလို တောင်းပန်လိုက်မိသည်။
" နောင်တော်... ချိုနန် အဆိပ်မိထားတယ်။ "
ကုလန်က တိုလုအီ၏ လေသံကိုနားထောင်ပြီးနောက် အေးစက်စွာမေးလိုက်သည်။
" မင်း သူ့အတွက် စိုးရိမ်နေတာလား တိုလုအီ "
" မဟုတ်ပါဘူး ကျွန်တော် ပြောပြရုံပါ။ ပြီးတော့ ချိုနန်က အသုံးချခံလိုက်ရတယ်လို့ ကျွန်တော် ထင်တယ် နောင်တော်... "
တိုလုအီသည် သတိမထားလိုက်မိခင် နောင်တော် ကုလန်၏ဒေါသကြောင့် ချိုနန် မသေမရှင်ဖြစ်မည့်ဘေးကို အလိုလို ကာကွယ်လိုက်မိသည်။
"သူ ဒီအဖြစ်ပျက်ထဲ မပါရင် ဘာမှ မဖြစ်စေရဘူး တိုလုအီ။ မဟုတ်ရင်တော့.... "
ကုလန်က ဘာမှဆက်မပြောတော့ပဲ လှည့်ထွက်သွားတော့သည်။ တိုလုအီသည် ထိုအခါမှ နဖူးမှ ချွေးများစီးကျနေသည်ကို သတိထားမိပြီး နောင်တော့်နောက်ကို အပြေးလွှားလိုက်ခဲ့မိသည်။
" သားတော်... မီရာကို ပြန်တွေ့ရဲ့လား "
" မတွေ့သေးပါဘူး ခမည်းတော်ဘုရား။ ဒါပေမယ့် သူတို့ တပ်ကာ သိပ်ဝေးဝေးရောက်ဦးမှာ မဟုတ်ဘူး။ သူတို့ တည်နေရာကို သေချာသိဖို့ ကျွန်တော် ချိုနန်နဲ့စကားပြောစရာရှိလို့ သားတော်ကို ခွင့်ပြုပါ.. ခမည်းတော်ဘုရား "
ယေစုကိုင်းသည် ချိုနန်ကို သားတော်စစ်မေးမည်ကို သိသဖြင့် သတိပေးလိုက်သည်။
" ချိုနန်က မင်းရဲ့ညီဝမ်းကွဲတော်တယ် ဆိုတာ မမေ့နဲ့ဦး။ "
" သားတော် မမေ့ပါဘူး ခမည်းတေ်ာဘုရား.. "
ကုလန်တစ်ယောက်တည်း ချိုနန်ရှိသည့် အခန်းထဲ ဝင်သွားပြီး တံခါးကို ပိတ်လိုက်သည်။
ယေစုကိုင်းနှင့်တိုလုအီတို့က ပိတ်သွားသည့် တံခါးအပြင်ဘက်တွင် စိတ်ပူစွာ ရပ်ကျန်ရစ်ခဲ့သည်။
================================
BẠN ĐANG ĐỌC
စစ္နတ္ဘုရား၏ အခ်စ္ဥယ်ာဥ္ - Season (2)
Tiểu thuyết Lịch sửစစ္နတ္ဘုရားရဲ႕ အခ်စ္ဥယ်ာဥ္ Season 1+2 တစ္မေအထဲက ေမြးဖြားလာေပမယ့္ ႀကီးျပင္းရသည့္ ပတ္ဝန္းက်င္ေပၚ မူတည္ျပီး ညီအစ္ကိုနွစ္ေယာက္ရဲ႕စိတ္ဓါတ္၊ အေတြးေခၚေတြ ဘယ္ေလာက္ေတာင္ ေျပာင္းလဲသြားမယ္လို႕ သင္တုိ႕ထင္ပါသလဲ။ လူတစ္ခ်ဳိ႕က ကိုယ့္လက္ထဲက အရာထက္ အျခားလူလက္ထဲက အရာ...