Season 2 _ Chapter (43) _ ဇာတ်သိမ်း
"နောင်တော်..နောင်တော်... "
" မီရာ... မြေးလေး... "
ဆူမီရာက သတိရလာသည်နှင့် အမြန်လူးလဲထကာ ခေါ်လိုက်သဖြင့် ဖိုးဖိုးထန်က အမြန် ဖိထားလိုက်သည်။
" ဖိုးဖိုး..နောင်တော်...သူ... သူ..ပြန်လာပြီလား "
" လောလောဆယ် အာနန်တပ်တွေက ကုလန်ကို မြေလှန်ရှာနေကြပြီ။ စိတ်အေးအေးထားပါ... ကုလန်က ဒီအတိုင်း အလွယ်တကူ ပျောက်ကွယ်သွားမယ့် လူမျိုးမဟုတ်ဘူး။ ငါ့မြေးက စိတ်ခိုင်မာရမယ်။ ကုလန်ကို ငါ့မြေး ယုံကြည်တယ် မဟုတ်လား "
ဖိုးဖိုးထန်က သံယောဇဉ်ကြီးလွန်းသည့် ကလေးကို နှစ်သိမ့်လိုက်သည်။
" ကျွန်တော် ယုံကြည်တယ် ဖိုးဖိုး။ နောင်တော်က ဘယ်တော့မှ ကတိမဖျက်တတ်တဲ့သူပဲ... "
" ဟုတ်တယ်။ ကဲ...ထ... ပြီးရင် ဖိုးဖိုးတို့ လုပ်စရာအများကြီးရှိသေးတယ်။ တောင်ပိုင်းက အဆိပ်မိနေတဲ့သူတွေကို ကုသပေးရဦးမယ်... "
" ဟုတ်ကဲ့ပါ..ဖိုးဖိုး... "
ဆူမီရာသည် သားတော် ပျောက်ဆုံးနေသည့်အတွက် ပူဆွေးနေသည့် ယေစုကိုင်း ဦးရီးတော်ကို နှစ်သိမ့်ကာ ဖရိုဖရဲဖြစ်နေသည့် တောင်ပိုင်းနယ်မှ ပြသနာများကို ဖြေရှင်းရာတွင် ကူညီပေးနေသည်။ အာနန်နှင့် နန်ကျောင်တပ်များ တိုက်ပွဲဖြစ်သည့် နောက်ပိုင်း စစ်သုံ့ပန်းများကို စီရင်ခြင်း၊ ပျက်စီးသွားသည့် နေရာကို ပြန်လည်ထူထောင်ခြင်း၊ ချူပြည်၊ ဝူပြည်၊ ငွေတောင်ပြည်တို့ကို ဆက်သွယ်ပြီး ပြည်သူများ၏ နေအိမ်နှင့် လုံခြုံရေးကို စီမံရခြင်း၊ အဆိပ်သင့်သည့် ဒေသများတွင် ဖိုးဖိုးနှင့်အတူ ဆေးအဖွဲ့ကို ဦးစီးကာ ကုသမှုများကိုလုပ်ရသည်။
အချိန်က တရက်ပြီးတရက် ကုန်ဆုံးခဲ့သည်။ အလုပ်ရှုပ်နေချိန်မှာ မသိသာပေမယ့် ညရောက်လျှင် ဆူမီရာအတွက် ငရဲကျသလို ခံစားနေရသည်။ နောင်တော့်ကို ယုံတာက သတ်သတ်၊ နောင်တော့်ကို ပူပန်တာက သတ်သတ် မဟုတ်လား။ နောက်ဆုံး ချူပြည်ကို ရောက်ပြီး ချူလူလူကို ကူညီကာ အရီးတော်ကို အပြီးသတ်ဆေးကုပေးလိုက်သည်။ ချူတိုင်းပြည်လည်း အာနန်ပြည်နှင့် ခိုင်မြဲသည့် မဟာမိတ်ပြုထားကာ မီးလောင်သွားသည့် နန်းတော်ကို ပြန်လည်တည်ဆောင်နေလေပြီ။
ချူလူလူက ညှိုးနွမ်းနေသည့် သူငယ်ချင်းကို ကြည့်ကာ မေးလိုက်သည်။
" ဆူမီရာ... နောင်တော်ရဲ့သတင်းကို ရသေးလား... "
" မရသေးဘူး ချူလူလူ... "
" နောင်တော်တိုလုအီနဲ့နောင်တော်ကုလန်တို့က သေချာပေါက် တကွက်တော့ ချန်ထားမှာပါ။ သူက ယွမ်ချူးခန်ရဲ့ ထောင်ချောက်ထဲ လုံးဝ ဝင်မှာမဟုတ်ဘူး "
" ယွမ်ချူးခန်က ဒီလို အသေခံထောင်ချောက်ဆင်ထားမယ်လို့ ငါ မထင်ထားခဲ့ဘူး... ငါ... ချူးခန်ကို လျှော့တွက်လိုက်မိတယ်.. အစကတည်းက နောင်တော့် စကားကို နားထောင်ခဲ့ပြီး သူ့ကို ပြတ်ပြတ်သားသားဆက်ဆံခဲ့ရင် နောင်တော်လည်း အခုလို ဖြစ်မှာ မဟုတ်ဘူး။ အားလုံး..ငါ့ကြောင့်... ငါ ပျော့ညံ့လို့... "
" မဟုတ်ပါဘူးကွာ... ဘယ်လိုလူမှ ယွမ်ချူးခန်လို့ ရက်စက်မှာ မဟုတ်ဘူးလေကွာ။ သူတို့က ညီအကိုဆိုတော့ ဒီလို ဖြစ်မယ် ဘယ်ထင်မှာလဲ။ ငါ့နောင်တော်ကို ငါ က မထင်ခဲ့သလိုပေါ့ "
ချူလူလူက နှစ်သိမ့်ပေးရင်းပြောလိုက်သည်။ ထိုစဉ် ချိုစန်းက လေပွေလေးလို ဝင်လာပြီး ဝမ်းသာအားရပြောလိုက်သည်။
" နောင်တော်ချိုနန်ဆီက စာရောက်လာတယ်... အခု သူတို့ အာနန်ပြည်ကို လာနေပြီတဲ့... နောင်တော်ချိုနန်နဲ့အတူ နောင်တော်ကုလန်နဲ့ နောင်တော် တိုလုအီတို့လည်း အတူပါလာတယ်တဲ့.. "
" ဘာ... ဒါ..တကယ်လား... ဒါ ဘယ်လိုဖြစ်တာလဲ.. နောင်တော် ချိုနန်က ရုမာသီနဲ့လိုက်သွားပြီး ပင်လယ်ပြင်တိုက်ပွဲကို ဆင်နွဲနေတယ် မဟုတ်လား "
" ပင်လယ်ပြင်ကိုထွက်ခါနီး နောင်တော် တိုလုအီတို့ကို စိတ်မချလို့ ပြန်လှည့်သွားခဲ့တယ်တဲ့။ နောင်တော်ချိုနန်က ရုပ်ဖျက်ပြီး နောင်တော်ကုလန်တို့နဲ့အတူ ယွမ်ချူးခန်ရဲ့ထောင်ချောက်ထဲကို လိုက်ဝင်သွားခဲ့တာတဲ့ကွ... "
" သူတို့ ဘယ်လို ပြန်လွတ်လာတာလဲ... "
ချူလူလူက အံ့သြတကြီးမေးလိုက်သည်။ ဆူမီရာက နောင်တော်တို့ အားလုံး ပြန်လာပြီဆိုသည့် စကားကို ကြားကတည်းက ဝမ်းသာလုံးဆို့ကာ မျက်ရည်များစီးကျကာ ကျောက်ရုပ်လိုဖြစ်နေခဲ့သည်။
" ကိုယ်တို့ ဝင်္ကပါမြိုင်မှာ ပေါက်ကွဲမှုကို ခံနိုင်ရည်ရှိတဲ့ အကာကွယ် တစ်ခုရှိတယ်။ နောင်တော် ချိုနန်က ဒီအကာကွယ်ကို အသုံးချတဲ့နေရာမှာ အရမ်းကျွမ်းကျင်တဲ့အပြင် သူကိုယ်တိုင် ဒီလို အကာကွယ်ပစ္စည်းကို ပြုလုပ်နိုင်တဲ့ လက်မှု ပညာရှင်ပဲ။ နောင်တော်က အဲ့ဒီအကာကွယ်နဲ့ နောင်တော်နှစ်ယောက်ကိုယ်ပေါ် ခြုံလွှမ်းပေးလိုက်လို့ သူတို့ ပေါက်ကွဲမှုက လွတ်သွားခဲ့တယ်လို့ပြောတယ်။ ဒါပေမယ့် ပေါက်ကွဲမှု အရှိန်ကြောင့် သူတို့ အောက်ကို ပြိုကျပြီး ပိတ်မိနေရင်း မြေအောက်လမ်းကြောင်းတစ်ခုကို တွေ့လို့ အဲ့ဒီကနေ ထွက်ခဲ့လို့ ရှာဖွေရေးအဖွဲ့နဲ့လွဲသွားခဲ့တာတဲ့။ "
" ကောင်းလိုက်တာ.. မီရာ..မင်း အာနန်ပြည်ကို အမြန်ပြန်တော့။ ငါ ဒီမှာ လုပ်စရာရှိတာ လုပ်ပြီးမှ လိုက်ခဲ့မယ်.. သွားတော့.. "
ချူလူလူက သူငယ်ချင်းလေးကို အမြန် တိုက်တွန်းလိုက်သည်။ ဆူမီရာက ချက်ချင်းပြင် မြင်းပေါ်ပြေးတက်ကာ အာနန်ပြည်ကို ခရီးပြင်းနှင်သွားခဲ့လို့ ချူလူလူက ရယ်မောကာ ကျန်နေရစ်ခဲ့သည်။
" နောင်တော် ကုလန်သာ တခုခုဖြစ်ရင် မီရာ ရူးသွားလိမ့်မယ်...တော်သေးတယ်။ နောင်တော်ချိုနန်ရှိနေလို့... "
" အင်း...ကိုယ့်နောင်တော်က သူ့ချစ်လင်ကြီးရှိတဲ့နေရာကနေ ခွာနေပါဦးမယ်။ သူက ယွမ်ချူးခန် ရူးကြောင်ကြောင် လုပ်နိုင်တယ်ဆိုတာ ခန့်မှန်းမိလို့ အမြန်လိုက်သွားတာပဲ။ "
ချိုစန်း၏စကားကြောင့် ချူလူလူက သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။
" နောင်တော်ချိုနန်က နောင်တော်တိုလုအီကို အရမ်းချစ်တာပဲ.. နောင်တော် တိုလုအီ ကံကောင်းပါတယ်။ "
" ကိုယ်တို့ဝင်္ကပါမြိုင်က လူတွေက သူတို့ချစ်သူကို အသက်ပေးချစ်တတ်ပါတယ်ဆို.. ကိုယ် မပြောဘူးလား။ မင်းလည်း ကံကောင်းပါတယ်။ကိုယ့်အချစ်ကို ရထားတယ်လေ...ကိုယ်တို့ လက်ထပ်ကြတော့မလား.. မင်းရဲ့တိုင်းပြည်ကို ကိုယ် အသက်ပေးကာကွယ်ပေးပါ့မယ် "
ချူလူလူက ချိုစန်းကြောင့် ရယ်လည်းရယ်ချင်သွားကာ လက်သီးနှင့်ထိုးကာ ပြောလိုက်သည်။
" ခင်ဗျား ပေါက်ကရ မပြောစမ်းပါနဲ့...ခင်ဗျားကို ကျွန်တော်က ဘာကြောင့်လက်ထပ်ရမှာလဲ.. လုံးဝပဲ... "
" ဒါဆိုရင် ဒီလိုလုပ်လေ။ မင်းက ကျုပ်ကို ကြင်ယာတော်အဖြစ် တော်ကောက်လိုက်ပေါ့... အဲ့ဒါဆိုလည်း ကျုပ်က အနစ်နာခံပြီးလက်ခံပေးပါ့မယ် "
" တော်စမ်းပါဗျာ။ ပေါက်ကရတွေ မပြောစမ်းပါနဲ့။ ကျွန်တော့် တိုင်းပြည် မအေးချမ်းမချင်း ကြင်ယာတော် မြှောက်ဖို့မစဉ်းစားသေးဘူး "
" ကောင်းပြီ..ကောင်းပြီ။ တိုင်းပြည်အေးချမ်းတဲ့အထိ ကျုပ်စောင့်ပေးပါ့မယ်...မင်း အနားမှာ နေရရင် ကျေနပ်ပြီ..ကဲ..ကဲ... နန်းတော်ဆောက်တဲ့နေရာမှာ လျှို့ဝှက် ထောက်ချောက်တွေ ထည့်ဖို့ သွားလုပ်လိုက်ဦးမယ်... "
ချူလူလူက ခပ်တည်တည်ပြောကာထွက်သွားသည့် ချိုစန်းကို ကြည့်ရင်း နူတ်ခမ်းမှ အမှတ်တမဲ့ပြုံးနေမိသည်။ ဒီလူရွယ်က ရုပ်ချောသလို အရည်ချင်းရှိသည့်အပြင် အရမ်းကို နှစ်လိုဖွယ်ကောင်းသည်ကို ချူလူလူ မငြင်းနိုင်ပေ။ အခုဆိုရင် ချူနန်းတော်ကို ပြန်လည်တည်ဆောက်ရာတွင် ချိုစန်းက ကူညီပေးနေလို့ ရန်သူကို ပြန်လည်တိုက်ခိုက်နိုင်သည့် သတ်ဖြတ်ခြင်း ထောင်ချောက်တွေကို ထည့်သွင်းထားနိုင်လေပြီ။
ချိုစန်းက တကယ်တော်တဲ့လူပဲ...ဝင်္ကပါမြိုင်က အတိအလင်းပေါ်လာပြီဆိုတော့ နောက်ပိုင်းမှာ သူ့ကို လိုချင်တဲ့လူ ဘယ်လောက်တောင် များမယ်ဆိုတာ ဘုရားမှ သိမယ်...
ချူလူလူ တစ်ယောက်စဉ်းစားရင်း သက်ပြင်းရှိုက်လိုက်မိသည်။ ချိုစန်းကို သူများ ရယူသွားခဲ့လျှင် သူ ခံနိုင်ရည်ရှိပါ့မလား။ ချိုစန်းက အခုဆိုရင် သူ့အရိပ်လိုကပ်နေတာ အကျင့်တစ်ခုလိုဖြစ်နေပြီ မဟုတ်လား။
*****-*
" နောင်တော်... "
" မီရာ.... "
ဆူမီရာသည် နန်းတော်ထဲကို ရောက်သည်နှင့် လူအုပ်ကြားတွင် ရပ်နေသည့် နောင်တော့်ကို တွေ့သည်နှင့် အသံကုန်အော်ဟစ်ကာ အပြေးလေး သွားလိုက်ပြီး ရင်ဖွင့်ကြိုနေသည့် နောင်တော့် ရင်ခွင်ထဲကို ပစ်ဝင်လိုက်တော့သည်။
" နောင်တော်..နောင်တော်... "
ဆူမီရာသည် နောင်တော့်လည်တိုင်မှာ မျက်နှာအပ်လိုက်ပြီး နောင်တော့် အနံ့၊ နောင်တော့် အထိတွေ့ကို ရှုရှိုက်လိုက်မိမှ ဒါက အိပ်မက်မဟုတ်ဘူးဆိုတာ အတည်ပြုနိုင်ပြီး အရူးလေးလို တဖွဖွရွတ်နေမိသည်။
" နောင်တော် ပြန်ရောက်လာပြီနော်.. မီရာလေး... မငိုနဲ့တော့.. နောင်တော် ဘာမှ မဖြစ်ပါဘူး "
ဒါပေမယ့် ရင်ထဲက မချိမဆန့် မြိုသိပ်ထားသည့် သောကတွေက အခုမှ မျက်ရည်အဖြစ် ယိုးစီးကျလာပြီး အငိုမတိတ်နိုင်တော့ပေ။
" သားတော်... မီရာလေးကို အေးအေးဆေးဆေး နှစ်သိမ့်လိုက်ပါဦး။ မီရာက သားတော် ပြန်မလာမချင်း တင်းထား၇တာ... သူ့ခမျာ... အပူရုပ်ကို ဟန်လုပ်နေပြီး ဆက်တိုက် အလုပ်လုပ်နေခဲ့ရတာ... "
အာနန်မင်းကြီး ယေစုကိုင်းက ရယ်မောကာ သားတော်ကုလန်ကို ပြောလိုက်သည်။ ကုလန်က ထိုအခါမှ ဆူမီရာကို ပွေ့ချီလျက်နှင့် သူတို့ အဆောင်ကို ပြန်လာခဲ့သည်။ ဆူမီရာက နောင်တော်၏လည်ပင်းကို လက်နှင့်တင်းတင်းဖက်ကာ အဆက်မပြတ် ရှိုက်ငိုနေခဲ့သည်။
" ရှုး... မီရာလေး.. ကိုယ့်ကို ကြည့်ပါဦး... "
" နောင်...နောင်တော်... "
" ဟုတ်တယ်... ကိုယ် ပြန်လာခဲ့ပြီ။ အခုကစပြီး မီရာ့ကို နောင်တော် ဘယ်တော့မှ မခွဲတော့ဘူး။ ကိုယ် မီရာ့ကို လက်ထပ်ချင်ပြီ။ နောက်ရက် လက်ထပ်ပွဲကို လုပ်ကြမယ် "
" အင်း..ကျွန်တော်လည်း နောင်တော့် စကားတိုင်းကို မြေဝယ်မကျ နားထောင်တော့မယ်။ "
ဆူမီရာက ရှိုက်ငင်သံလေးနှင့် အမြန်ပြောလိုက်သည်။ ကုလန်က သဘောကျစွာရယ်မောကာ သူ့အသက်ဘူးလေး ဆူမီရာ၏ မျက်ရည်ကို အနမ်းဖြင့် သုတ်ပေးကာ မြတ်နိုးစွာဖြင့် အထပ်ထပ်နမ်းရင်း အဝတ်တွေကို အမြန်ချွတ်လိုက်သည်။
" မီရာ...ကိုယ် လိုချင်နေပြီ "
"အင်း...ကျွန်တော်ရောပ ဲ... လိုချင်တယ်.. နောင်တော့်ကို လိုချင်တယ်။ ကျွန်တော့်ကို ချစ်ပေးပါ။ အများကြီး ချစ်ပေးပါ... "
နောင်တော်ကုလန် အသက်ရှင်နေသည်ကို ဆူမီရာ အခုထိ မယုံနိုင်သေးပါ။ ဒါသေချာပေါက် အတည်ပြုရမည်။ နောင်တော့်ကို သူ့ကိုယ်ထဲ ဝင်ခိုင်းပြီးမှ ဒါက လူစစ်စစ်ဆိုတာ ယုံနိုင်မည်။
ကုလန်က ဆူမီရာဘက်က အခုလောက် လှိုက်လှဲသည်ကို မကြုံဖူးသဖြင့် သဘောကျစွာရယ်မောကာ ဖြူစင်ဝင်းမွတ်သည့် အသားအရေလေးကို သူ့အပိုင်အဖြစ် တံဆိပ်ခတ်ကာ ကောင်လေးရဲ့ ခြေအစံကို ချဲကားလိုက်ပြီး ဆီမွှေးဖြင့် ပျားရည်တွင်းဝကို လိမ်းသုတ်ပေးလိုက်သလို သူ့အသားချောင်းကြီးကိုလည်း ဆီဖြင့်သုတ်လိမ်းလိုက်သည်။
ဆူမီရာသည် နောင်တော် လုပ်ကိုင်သည်ကို မျက်တောင်မခတ်ကြည့်နေမိသည်။ နောင်တော့်အ သားချောင်းကြီးကို တွေ့တော့ သူ့ရင်ခုန်သံမြန်လာခဲ့သည်။ ဒါပေမယ့် ဒီဟာက သူပိုင်သည့်အရာ..သူ့ကိုယ်ထဲကို ဝင်လာမည့် အသားချောင်းဆိုတာ သိတော့ မျက်စိမလွှဲနိင်အောင်ပင်။ နောင်တော်က ရုပ်ချောသလို နောင်တော့် အသားချောင်းက အရမ်းကို ခန့်ညားလှသည်။ တုတ်လည်းတုတ်၊ ရှည်လည်းရှည်ပြီး လူရှိန်လောက်အောင်လည်း ထွားကျိုင်းလှသည်။
ယခင်က သူက မီရာရဲ့ကိုယ်ထဲကို ဝင်တိုင်း မီရာက ရှက်သွေးဖြင့် မျက်လုံးကို မှိတ်ထားလေ့ရှိရာမှ အခုတော့ သူ့အသားချောင်းကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေတာ မြင်တော့ ကုလန်က ရယ်ဟဟဖြင့် မေးလိုက်သည်။
" ကြောက်နေလား... "
" ဟင့်အင်း..ကျွန်တော်ချစ်တဲ့ အမျိုးုသားပိုင်တဲ့ အသားချောင်းကို သေချာမှတ်မိအောင် ကြည့်ထားချင်လို့။ နောင်တော် ရုပ်ချောသလို နောင်တော့်ညီလေးလည်း အရမ်းခန့်ညားလို့ သဘောကျနေတာ "
" အရမ်းစကားတတ်တဲ့ ကလေးပဲ... ကိုယ် မင်းရဲ့အပေါက်လေးကို အရင်ဖြေလျော့ပေးမယ်... "
ကုလန်က အတူမနေဖြစ်တာ နှစ်လကျော်ကြာသွားလို့ ဆူမီရာ၏အပေါက်လေး ကျဉ်းသွားသည်ကို သိလို့ လက်ချောင်းဖြင့် အရင်ဖြေလျော့ပေးလိုက်သည်။
" အာ့...အင်း...နောင်တော်... "
ဆူမီရာက နောင်တော်၏ လက်ချောင်းများတိုးဝင်လာတော့ သာယာမှုဖြင့်ညည်းညူမိသည်။ နောင်တော်က သူ့အဓိက နေရာလေးကို လက်နှင့် ဖိပွတ်လိုက်တော့ ဆူမီရာ၏ အသားချောင်းလေးလည်းမတ်လာခဲ့သည်။ လက်ချောင်း သုံးချောင်းအထိ တွင်းချဲ့ပေးပြီးမှ ကုလန်လည်း မအောင့်နိုင်တော့ပဲ ဆူမီရာ၏ ကိုယ်ထဲကို သူ့အသားချောင်းဖြင့် ဖြည်းညှင်းစွာ ထိုးထည့်ပေးလိုက်သည်။
ဆူမီရာက ကျေနပ်စွာဖြင့် ပင့်သက်ရှိုက်လိုက်မိသည်။
" နောင်တော့်ဟာက အရမ်းကြီးတာပဲ... ကျွန်တော့်ကိုယ်ထဲ ပြည့်ကျပ်လို့နေပြီ "
" မကြိုက်ဘူးလား.. မီရာလေး "
" ကြိုက်တယ်။ လုပ်တော့ နောင်တော်။ ကျွန်တော် ခံနိုင်ရည်ရှိပါပြီ။ ကျွန်တော့်ကို ကြမ်းကြမ်းလေးချစ်ပေးပါ။ နောင်တော်က ကျွန်တော့်နားမှာ ရှိနေတယ်ဆိုတာ သေချာသွားအောင် ချစ်ပေးပါတော့ "
ကုလန်က နဂိုကမှ ကြမ်းချင်သည့် စိတ်ကို ထိန်းထားရာမှ ဆူမီရာ၏စကားကြောင့် စိတ်ကိုလွှတ်ကာ မီရာလေးကို သိုင်းပွေ့ကာ အသားချောင်းကို အဝင်ထွက် လှုပ်ရှားတော့သည်။
" နောင်တော်.. အာ့..နောင်တော်... ချစ်တယ်.. အရမ်း..ချစ်..တယ် "
ဆူမီရာက နောင်တော်၏ပူပြင်းမာကျောသည့် အသားချောင်းက သူ့ကိုယ်ထဲ ဆက်တိုက် ဝင်ထွက်နေသည့်အခါမှ တကယ်ပဲ အိပ်မက်မဟုတ်ဘူးဆိုတာ သေချာသွားပြီး လှိုက်တက်လာသည့် စိတ်ခံစားချက်ဖြင့် နောင်တော့်ကို ချစ်ကြောင့် ဖွင့်ဟပြောလိုက်သည်။
" ကိုယ်လည်း မင်းကို အသက်ထက် ပိုချစ်တယ် မီရာ.... "
အာနန်အိမ်ရှေ့စံ၏ အိပ်ဆောင်ထဲတွင် နှစ်ဦးသားရေကုန်ရေခမ်း ချစ်တင်းနှောသည့်အသံတို့က အပြင်ထိလွှင့်ပျံလာပြီး အခြွေရံများနှင့် အပါးတော်မြဲကုန်ကုန်းတို့က အမြန် ပြေးထွက်ကုန်ကြသည်။
**-****
ဉာဏ်ကြီးရှင် တိုလုအီသည် အာနန်ဘုရင်ယေစုကိုင်းတို့နှင့် လုပ်စရာကို အကုန် တိုင်ပင်ပြီးမှ သူ့နန်းဆောင်ကို လာခဲ့သည်။
" နောင်တော် ပြန်လာပြီလား... "
" ချိုနန်..မင်း ဘာကြောင့် အိပ်ယာထဲ မလှဲနေတာလဲ... ဒဏ်ရာက အခုမှ သက်သာစကိုကွာ... "
" ကျွန်တော် သက်သာလာပါပြီ။ ဖိုးဖိုးထန်က အစောပိုင်းက လာကြည့်ပြီး ဆေးပေးသွားပါတယ် "
" တော်သေးတာပေါ့.. ဒါနဲ့ ဖိုးဖိုးက ဘာပြောသွားသေးလဲ... "
" ဖွားဖွားက ဖိုးဖိုးကို ပြန်ခေါ်နေတဲ့အကြောင်း ပြောလိုက်လို့ အခု ဖွားဖွားတို့ရှိတဲ့နေရာကို ထွက်သွားပြီ "
" ကောင်းလိုက်တာ။ နောက်ဆုံးတော့ မင်းရဲ့ ဖိုးဖိုးနဲ့ ဖွားဖွားလည်း အတူ ပြန်ဆုံရတော့မှာပေါ့ "
" အင်း..ဟုတ်တယ် "
ချိုနန်က ပြုံးကာပြန်ဖြေခဲ့သည်။ တိုလုအီသည် ဖြူဖျော့နေသည့် ချိုနန်ကို ငေးကြည့်ရင်း ညင်သာစွာ ခေါ်လိုက်သည်။
" ချိုနန်... ကိုယ် တောင်းပန်ပါတယ် "
ချိုနန်က သူ့ကို ကြည့်ကာ ကြည်လင်စွာဖြင့် ပြောလိုက်သည်။
" ဘာကြောင့် တောင်းပန်နေတာလဲ ။ နောင်တော်က ဘာမှ မလုပ်မထားဘူးလေ "
တိုလုအီက သူ့ကို အသက်စွန့်ကာ ကယ်တင်ပေးသည့် လူချောလေး ချိုနန်၏လက်ကို အသာယာဆုပ်ကိုင်ကာ ခွင့်တောင်းလိုက်သည်။
" ကျုပ်ကို နောက်ထပ် အခွင့်ရေးပေးနိုင်မလား ချိုနန်.. ကျုပ်.. မင်းအပေါ်ကို ခင်ပွန်းကောင်းပီသပြီး မင်းကို ပြန်ပေးဆပ်ပါရစေ "
" နောင်တော် ပြန်ပေးဆပ်စရာမလိုပါဘူး။ ကျွန်တော် ဒဏ်ရာရသွားတာက ကျွန်တော့် စိတ်နဲ့ ကျွန်တော် လာခဲ့လို့ဖြစ်တာပါ။ နောင်တော့်အပြစ်မရှိပါဘူး။ နောင်တော့်ဘေးမှာ ကျွန်တော် နေခွင့်ရပြီး အကူညီပေးခွင့်ရရင် ကျေနပ်ပါပြီ။ နောင်တော် ကြင်ယာတော်ထပ်မြှောက်လည်း ဘာမှ မဖြစ်ပါဘူး။ ကျွန်တော် နားလည်ပါတယ် "
" ဟင့်အင်း..မင်းက ကျုပ်ရဲ့ ကြင်ယာတော်ပဲ။ မင်းအပြင် ကျုပ်.. ဘယ်သူ့ကိုမှ ကြင်ယာ၊ ကိုယ်လုပ်တော် ထပ်ထားမှာ မဟုတ်ဘူး။ ကျုပ်ရဲ့ တစ်ဦးတည်းသော ဇနီးသည်က မင်း တစ်ယောက်ပဲ "
ထိုစကားကို ကြားလိုက်ရတော့ ချိုနန်၏မျက်ဝန်းထဲမှာ မျက်ရည်စီးကျလာပြီး တိုလုအီ၏ရှေ့တွင် ဒူးထောက်လိုက်သဖြင့် တိုလုအီက အမြန် ထူမပေးလိုက်သည်။
" မင်း... မလုပ်နဲ့လေ... ကောင်းကောင်းပြောပါ "
" ကျေးဇူးတင်ပါတယ် နောင်တော် တိုလုအီ... ကျွန်တော့် အသက်နဲ့ဝိဉာဉ်က နောင်တော့်ကို ပေးအပ်ထားပြီးဖြစ်လို့ နောင်တော့် အမိန့်ကို ကျွန်တော် တစ်သက်လုံး နာခံသွားမှာပါ... "
" ဒီလိုမပြောနဲ့.. မင်းနဲ့ကျုပ်က လင်မယားတွေ၊ မင်းဖြစ်ချင်တာ၊ မင်းမကြိုက်တာကိုလည်း ကျုပ်ကို ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်..ဟုတ်ပြီလား "
" ဟုတ်ကဲ့.. "
" ချိုနန်...မင်းရဲ့အချစ်ကို ရတာ ကျုပ် တကယ်ကံကောင်းတာပဲ... အခုကစပြီး ကျုပ် ရင်ထဲ မင်းတစ်ယောက်တည်းပဲ ရှိစေရမယ်.. "
" နောင်တော်...နောင်တော်.. "
ထိုစကားက ခံစားချက်ကို မြိုသိပ်အောင့်အီးနိုင်လွန်းသည့် ချိုနန်ကို မျက်ရည်စီးကျလာစေတော့သည်။ တိုလုအီက ချိုနန်ကို ရင်ခွင်ထဲ ပွေ့ဖက်ကာ ကျောလေးကို အသာပုတ်ပေးနေမိသည်။
*-**
ဟီဒယ်သည် အကိုတော်တို့ ပြန်လာမည့် လမ်းကို လည်ပင်းညောင်ရေအိုးဖြစ်အောင် စောင့်မျှော်နေသည်။ မကြာခင် အောင်လံတလူလူလွင့်ထူထားသည့် တပ်မကြီးနှင့်အတူ ရှေ့ဆုံးမှ မဟူရာရောင်မြင်းနက်ကြီးကို စီးကာဦးဆောင်လာသည့် ချစ်လင်ကို တွေ့လိုက်သဖြင့် အပြေးလေး ဆီးကြိုလိုက်မိသည်။
"ညီမ "
" အကို....အကို... "
ဟီဒယ်က အကိုတော်၏ မြင်းနှင့် တူယှဉ်စီးကာ လက်ချင်းတွဲကာ ရွှမ်းရွှမ်းစားစားကြည့်ကာ ခေါ်လိုက်မိသည်။
" အကိုပြန်လာဖို့ ညီမစောင့်နေတာ... အောင်ပွဲတွေနဲ့ ပြန်လာလို့ အရမ်းဂုဏ်ယူမိတယ်"
" ညီမလည်း တထန်ပြည်ကို ကာကွယ်ပေးထားလို့ အကိုက အရမ်း ဂုဏ်ယူနေမိတာ... "
နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက်ပြုံးကြည့်ကာ ကြည်နူးစွာရယ်မောလိုက်ကြသည်။
" လက်ထပ်ကြစို့..... မင်္ဂလာပွဲကြီးကို ဆင်နွဲပြီး လက်ထပ်ကြမယ်.... "
" ဟုတ်ကဲ့... "
ဟီဒယ်က ချစ်လင်၏ စကားကို အပြုံးနှင့် ဖြေလိုက်သည်။ ဟီဒယ် အပျိုပေါက်ဘဝကတည်းက ချစ်ခဲ့ရသည့် အကိုတော်ကို နောက်ဆုံးတော့ ပိုင်ဆိုင်ရပေတော့မည်။
အကိုတော်က အရင်က ကိုယ်လုပ်တော် ဘယ်လောက်ရှိခဲ့ပါစေ။ သူ တကယ်ချစ်တာ မိမိဆိုတာကို သေချာသိသွားလေပြီ။ လက်ထပ်မည်။ အကိုတော်ရဲ့ရင်သွေးတွေကိုမွေးပေးပြီး တိုင်းပြည်အကျိုးကို အတူသယ်ပိုးကြမည်။
အမှောင်ဖုံးသည့် နေ့ရက်တို့ ကုန်ဆုံးလို့ အလင်းတို့ဖြာခဲ့လေပြီ။ မကြာခင် တောင်ပိုင်းတခွင်လည်း အေးချမ်းခြင်း၊ ချစ်ခြင်းတရားတို့ဖြင့် ပျော်စရာတွေ ပေါများလာတော့မည်ဟု ဟီဒယ်ယုံကြည်မိသည်။
ဝူပြည်က တထန်ပြည်လက်အောက်ကို ကျဆင်းသွားပြီး မီဒယ်နှင့် မွေးလာသည့် သမီးတော်လေးက ဟီဒယ်၏ စောင့်ရှောက်မှုအောက်တွင် အေးချမ်းစွာ နေထိုင်နေရလေပြီ။
*-***
ဝင်္ကပါမြိုင်သည် သက်တန့်ရေတံခွန်နားက ဖိုးဖိုးထန်၏ နေရာတွင် အခြေချကြပြီး ငွေတောင်ပြည်၏ အဓိက အကာကွယ်အင်အားစုတစ်ခုဖြစ်လာခဲ့ပြီး အတိုင်းတိုင်းအပြည်ပြည်က ရှိန်ရသည့် တိုင်းပြည်လေးတစ်ခုဖြစ်လာခဲ့သည်။ အကြီးဆုံးသား ချိုဟန်ကို ငွေတော်ပြည့်ရှင်မင်းက တူမတော်နှင့် လက်ဆက်ပေးဖို့ ဖိုးဖိုးထန်တို့ကို တောင်းဆိုခဲ့ပြီး မကြာခင် ချိုဟန်နှင့် ငွေတောင်ပြည့်ရှင်မင်း၏ တူမတော်နှင့် လက်ထပ်ပွဲလည်း ကြီးကျယ်စွာ ကျင်းပခဲ့ကြသည်။
တိုလုအီက အိမ်ရှေ့စံနေရာကို ပြန်လည်ပေးအပ်သည်ကို လက်မခံပဲ အာနန်ပြည်၏ အဓိက လက်ရုံးအဖြစ် ဆက်လက်နေထိုင်ကာ ချိုနန် လုပ်ချင်သည့်အလုပ်၊ သွားချင်သည့်နေရာကို လိုက်လံပို့ဆောင်ပေးကာ ဘဝကို အေးချမ်းစွာဖြတ်သန်းခဲ့လေတော့သည်။
ချူလူလူက နောက်ဆုံး ချူတိုင်းပြည်၏ အိမ်ရှေ့စံရာထူးကို ဆက်ခံလိုက်ပြီး ချိုစန်း၏ ပိုးပန်းမှုကို လက်ခံကာ နှစ်ယောက်သား ဘယ်သွားသွားတပူးပူးရှိလို့နေသည်။ ချိုစန်းကို ကြင်ယာတော်အဖြစ် လက်မခံသေးပေမယ့် လူတိုင်းက ချိုစန်းက ချုအိမ်ရှေ့စံမင်းသား၏ ကြင်ယာလောင်းအဖြစ် မှတ်ယူထားကြသည်။
ကုလန်နှင့် ဆူမီရာတို့လည်း လက်ထပ်ပြီးနောက် ခမည်းတော် ယေစုကိုင်းကို ခွင့်တောင်းကာ မြောက်ပိုင်း နှင်းဖုံးနေသည့် တောင်တစ်ခုဆီကို ခရီးဆက်လာကြသည်။ မြင့်မားသော တောင်ထပ်ကို ခက်ခဲစွာတက်ခဲ့ပြီးနောက် အောက်က စိမ်းစိုနေသည့် တောင်ချိုင့်ဝှမ်းလေးတစ်ခုကို တွေ့လိုက်ရလို့ ဆူမီရာ အံံ့သြသွားခဲ့သည်။ ထိုနေရာတွင် သီးပင်စားပင်များနှင့် အတူ လှပသည့် ပန်းများ၊ ဆေးဖက်ဝင်အပင်များရှိနေရုံသာမက မက်မွန်ပန်းတို့ပွင့်နေသည့် မက်မွန်တောကိုလည်း တွေ့လိုက်ရသည်။
" ဒီနေရာက အရမ်းလှတာပဲ။ နတ်ပြည်နဲ့ တူလိုက်တာ...... "
"အင်း... မယ်မယ် နေတဲ့နေရာလေ "
ကုလန်၏စကားကြောင့် ဆူမီရာ အံ့သြသွားခဲ့သည်။
" အရီးတော်က ဘာကြောင့် အာနန်ကို မလိုက်ခဲ့တာလဲ "
" မယ်မယ်က ယွမ်ချူးခန်ကို စောင့်ရှောက်ဖို့နဲ့ ခန်ဘုရင်ကို ပေးခဲ့တဲ့ ကတိကြောင့် ဒီမှာပဲ နေခဲ့တယ်။ ခန်ဘုရင်ကတော့ ဒီမှာပဲ အသက်ကုန်သွားခဲ့တယ်။ ဒီမှာပဲ ခန်ဘုရင်ကို မြှုပ်ထားခဲ့တယ်။ ကိုယ် ဘယ်လောက် တောင်းပန်ပါစေ ..မယ်မယ်က ပြန်မလိုက်ခဲ့ဘူး "
ကုလန်က ပြုံးကာ ဖြေလိုက်သည်။ ဆူမီရာက ကုလန်ကို စိုက်ကြည့်ကာ မယုံကြည့်နိုင်စွာဖြင့် မေးလိုက်သည်။
"ဦးရီးတော်.. အဲ့.. ခမည်းတော်လည်း ဒါကို သိသလား"
"သိတယ်။ ခမည်းတော်က မယ်မယ့်ဆုံးဖြတ်ချက်ကို လေးစားလို့ လက်ခံတဲ့တယ်။ သူက ပြောတယ်။ အတူနေရသည် ဖြစ်စေ၊ မနေရသည်ဖြစ်စေ မယ်မယ်က သူ့ရဲ့ ချစ်ဇနီးပါပဲတဲ့။ မယ်မယ် စိတ်ချမ်းသာအောင် လုပ်ပေးခွင့်ရလို့ ခမည်းတော်လည်း ကျေနပ်နေတယ်။ အခု ဒီက အခြွေရံနဲ့ လူတွေ အားလုံးက အာနန်က လူတွေပဲလေ။ ဒီနေရာကို ဝင်္ကပါမြိုင်က ထောင်ချောက်တွေ ၊ ဝင်္ကပါတွေ ဆင်ပေးထားလို့ အရမ်းကို လုံခြုံပါတယ်။ "
" ယွမ်ချူးခန် အသက်ရှင်နေသေးတာလား "
" ရှင်တယ်ဆိုရုံလေးပဲ... သူက အဆိပ်ငွေ့တွေကြောင့် အသိစိတ်ပျောက်သွားခဲ့ပြီ။ ကိုယ် သူ့ကို ကယ်ပြီးချိန် မယ်မယ်က တောင်းဆိုလို့ ဒီကို ပို့ပေးခဲ့ရတယ် "
သူတို့က တောင်ချိုင့်ဝှမ်းလေးအောက်ကို ဆင်းလာစဉ် ရိုးရှင်းပေမယ့် လှပသည့် စံအိမ်ထဲက အရီးတော်ဟော်သွန်း ထွက်လာသည်ကို တွေ့လိုက်ရသည်။
" မီရာ...သားလေး.. သားလေးကို မယ်မယ် မျှော်နေခဲ့တာ။ နောက်ဆုံးတော့ မီရာကို မယ်မယ့် သားလေးအဖြစ် ရခဲ့ပြီ "
" မယ်..မယ်မယ်... "
ဆူမီရာက ရှက်ရှက်နှင့်ခေါ်ကာ အရီးတော် ဟော်သွန်းကို ဖက်လိုက်သည်။ အရီးတော်၏ မျက်နှာက အေးချမ်းကာ ဖြစ်သမျှကို အကုန်လက်ခံလိုက်ပုံရသည်။
" မယ်မယ်..ကျန်းမာရေးကောင်းရဲ့လား.. ဘယ်လိုနေသေးလဲ "
" ဦးရီးတော် ထန်လုံကိုယ်တိုင် မယ်မယ့်ကို ကုသပေးပြီး ဆေးဖော်ပေးခဲ့တယ်။အ ခု မယ်မယ် အရမ်းကို ပေါ့ပါးပြီး နေကောင်းပါတယ်ကွယ်။ လာကြ....မယ်မယ်..သားတော်တို့အတွက် ဟင်းတွေချက်ထားတယ်။ စားလိုက်ရအောင်... "
သူတို့ မယ်မယ်နှင့်အတူ လိုက်လာခဲ့စဉ် တပင်လုံး ဝေနေအောင်ပွင့်သည့် မက်မုံပင်အောက်က ခုံတွင် ထိုင်နေသည့် လူငယ်တစ်ယောက်ကို မြင်လိုက်ရလို့ ဆူမီရာ ခြေလှမ်းတုန့်သွားခဲ့သည်။
" သွားလေ... သူ့ကို သွားတွေ့ချင်တွေ့ပါ "
ကုလန်က အလိုက်တသိ ခွင့်ပြုလိုက်သဖြင့် ဆူမီရာက မက်ပင်ပင်အောက်က ယွမ်ချူးခန်နားကို ချည်းကပ်လာခဲ့သည်။
" ချူးခန် "
ဒါပေမယ့် ယွမ်ချူးခန်က လှည့်မကြည့်ခဲ့ပေ။ ဟိုးအဝေးတစ်နေရာကို ငေးမောနေခဲ့သဖြင့် ဆူမီရာက သူ့ရှေ့တည့်တည့်ကို ဝင်ရပ်ကာ သူ့မျက်လုံးအိမ်ကို ကြည့်လိုက်ပေမယ့် အကြည့်တို့က ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည်။
" မှတ်ဉာဏ်ပျက်စီးခြင်း "
ယွမ်ချူးခန်က ပြင်းထန်သည့် အဆိပ်ဒဏ်အပြင် စိတ်ထိခိုက်မှုကြောင့် သူ့မှတ်ဉာဏ်အကုန်ပျက်စီးသွားကာ သူ့ စိတ်ကူးယဉ်လောကထဲမှာပဲ နေထိုင်နေရတော့သည်။
" ချုးခန်...ငါ.. မီရာပါ... "
ဒါပေမယ့် ယွမ်ချူးခန်က မတုန့်ပြန်ခဲ့ပေ။
" မင်း အခုလို ဖြစ်နေတာကို မြင်ရတာ ငါ စိတ်မကောင်းပါဘူး။ ဒါပေမယ့် မင်း အသက်ရှင်လျက်ရှိပြီး မင်း မယ်မယ်နဲ့ အတူ နေနေရတာကို မြင်တော့ မင်းကိုယ်စားဝမ်းသာမိပါတယ်။ မင်းရဲ့မယ်မယ်က မင်းကို ဘယ်တော့မှ ပစ်မသွားခဲ့ပါဘူး ချူးခန်။ "
ဆူမီရာက သက်ပြင်းရှိုက်ကာ ယွမ်ချူးခန်၏လက်ကို အသာယာဖျစ်ညစ်ကာ ပြောလိုက်သည်။
" အရင်က မင်းကို ငါ စိတ်ဆိုးခဲ့တယ်။ မုန်းခဲ့တယ်။ ဒါပေမယ့် ငါ အခု မင်းကို ခွင့်လွှတ်လိုက်ပါပြီ။ မင်း လုပ်ခဲ့တဲ့ အကောင်းမှုဒဏ်ကို မင်း ခံနေရပြီပဲ။ ငါ မင်းကို ထပ်မမုန်းတော့ပါဘူး..ချူးခန်..မင်းက ငါ့ရဲ့ သူငယ်ချင်းပါ... မင်း အေးအေးချမ်းချမ်း နေရစ်ခဲ့ပါတော့... ငါ မင်းကို ခွင့်လွှတ်လိုက်ပါပြီ "
ဆူမီရာက သူ့ကို ပြောကာ တချိန်က သူ ပေးထားခဲ့သည့် ကျောက်စိမ်းပြားလေးကို ထုတ်ကာ ယွမ်ချူးခန်လက်ထဲကို ထည့်ပေးလိုက်ပြီး ပြောလိုက်သည်။
" ဒါ ..မင်း ငါ့ကို လက်ဆောင်ပေးခဲ့တဲ့ ကျောက်စိမ်းပြားလေး။ မင်းကို ငါ ပြန်ပေးခဲ့မယ်။ မင်းလိုချင်တဲ့အချစ်ကို မပေးနိုင်ပေမယ့် သူငယ်ချင်း အချစ်ကိုတော့ ငါ ပေးနိုင်ပါတယ် ချူးခန်... နောက်ပိုင်း မင်းကို ငါ မကြာမကြာ လာကြည့်ပါ့မယ်... "
ဆူမီရာက ကျောက်စိမ်းပြားလေးကို ပေးပြီး လှည့်ထွက်လာခဲ့စဉ် ယွမ်ချူးခန်၏ မျက်ဝန်းထောင့်မှ မျက်ရည်တစ်စက် ကျသွားခဲ့သည်ကို သတိမထားလို်က်မိပေ။
ယွမ်ချူးခန်က ကျောက်စိမ်းပြားလေးကိုလက်မနှုှင့် အသာယာပွတ်နေပေမယ့် သူ့မျက်နှာက ပြောင်းလဲမသွားခဲ့ပေ။
ပြီးပါပြီ။
အချိန်အကြာကြီး စောင့်ပေးပြီး ဖတ်ပေးနေတဲ့ စစ်နတ်ဘုရားရဲ့အချစ်ဥယျာဉ်ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင့် ဒီနေရာကနေ အလေးအနက်ပြောလိုက်ပါရစေ။
စာဖတ်သူတွေရဲ့ အားပေးမှု စိတ်ဓါတ်ခွန်အားနဲ့ နောင်လည်း ပင်ကိုယ်ရေး ဇာတ်လမ်းကောင်းလေးကို ဆက်လက်ဖန်တီးသွားပါ့မယ်။
May King
****-****
YOU ARE READING
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် - Season (2)
Historical Fictionစစ်နတ်ဘုရားရဲ့ အချစ်ဥယျာဉ် Season 1+2 တစ်မအေထဲက မွေးဖွားလာပေမယ့် ကြီးပြင်းရသည့် ပတ်ဝန်းကျင်ပေါ် မူတည်ပြီး ညီအစ်ကိုနှစ်ယောက်ရဲ့စိတ်ဓါတ်၊ အတွေးခေါ်တွေ ဘယ်လောက်တောင် ပြောင်းလဲသွားမယ်လို့ သင်တို့ထင်ပါသလဲ။ လူတစ်ချို့က ကိုယ့်လက်ထဲက အရာထက် အခြားလူလက်ထဲက အရာ...